အခန်း (၃၉) သဘာဝပဲ မဟုတ်လား

1.2K 128 1
                                    

ငါ့တပည့်လေးက ငါ့ကို ကြိတ်ချစ် နေတယ်

အပိုင်း (၃၉) သဘာဝပဲ မဟုတ်လား

        ဖီးနစ် စားသောက်ဆိုင် အတွင်းမှ ထွက်လာသည်အထိ လူအများက သူတို့နှစ်ဦးကို ငေးကြည့်နေကြဆဲပင်။ လူအချို့က တီးတိုးပြောဆိုနေကြပြီး အချို့ကတော့ မဝံ့မရဲအကြည့်တို့ဖြင့် ငေးမောနေကြသေး၏။ သူတို့နှစ်ဦးကတော့ ဖြစ်ပျက်ခဲ့သည့် အရာရာတိုင်းက သူတို့နှင့်ပင် မဆိုင်သကဲ့သို့ အားလုံးကို လျစ်လျူရှု့ကာ လက်ချင်းချိတ်၍ ဖြည်းညင်းစွာ လျှောက်သွား ကြလေသည်။ နေကုန်သည်အထိ သူတော်စင် နယ်မြေအတွင်း လည်ပတ်ပြီးနောက်မှ သူတို့နှစ်ဦးက ရှန့်ရှောင်းကျောင်းတော် ရှိရာသို့ ပြန်လာကြသည်။ ကျောင်းတော်ကြီးသည် ယခုအခါ၌ ပြန်လည် ပြင်ဆင်ပြီးချိန် ဖြစ်သည်။

         ပြင်ဆင်မွမ်းမံထားသည့် ကျောင်းတော်အသစ်ကြီးသည် ယခင် ကျောင်းတော်ထက်ပင် ပို၍ ခမ်းနားလှသည်။ ကျောင်းတော်၏ အရံ အတားသည်လည်း ယခင်ကထက် မြင့်မားလွန်းပြီး အကာအကွယ် အစီအရင်ပင်လျှင် နဝမမြောက် အစီအရင်ပညာရပ်ဖြင့် ပြုလုပ်ထားသည်။ နဝမမြောက် အစီအရင်၏ တန်ဖိုးသည် အဆင့်(၁) နိုင်ငံ တစ်ခုကိုပင် ဝယ်ယူနိုင်ပြီး ထိပ်တန်းအဆင့် တိုက်ကြီးများ၌သာ ထိုကဲ့သို့သော အစီအရင်ကို တပ်ဆင်နိုင်ကြ၏။ သို့သော်လည်း ယခုတော့ ကျောင်းအုပ်ရန်ရှောင်းက ထိုမျှကြီးကျယ်သည့် အစီအရင်ကို အကုန်အကျခံကာ တပ်ဆင်ထားသည်။

" ကြီးမြတ်သော အကြီးအကဲနဲ့ ခန်းမသခင်ဇောင်ကို နှုတ်ဆက်ပါတယ်၊ ကျောင်းအုပ်က စောင့်နေပါတယ် "

" သိပြီ သွားတော့... "

" ဟုတ်ကဲ့ ​နှုတ်ဆက်ခဲ့ပါတယ် ကြီးမြတ်သော ဆရာသခင် ကျိူး "

             ကျိုးသွမ့်ယွီ၏ လက်ဝှေ့ယမ်းခြင်း၏ နောက်တွင် ကျောင်းတော်သား ငယ်ကလေးက နှုတ်ဆက်ကာ ထွက်ခွာသွားသည်။ ထို့နောက်တွင် သူတို့နှစ်ဦးက ကျောင်းအုပ် ရန်ရှောင်းရှိရာသို့ သွားလိုက်ကြသည်။

" ဆရာတူအစ်ကိုကို နှုတ်ဆက်ပါတယ် "

" ရန်ရှောင်း ကိစ္စ တစ်စုံတရာ ရှိလို့လား ဘာလိုအရေးကြီးတဲ့ အကြောင်းအရာကြောင့် ငါ့ကိုတောင် စောင့်ဆိုင်းနေရတာလဲ "

ငါ့တပည့်လေးက ငါ့ကို ကြိတ်ချစ်နေတယ် (Complete-BL)Where stories live. Discover now