[1]

5.3K 477 67
                                    

( Unicode )

" ကမ်းပေ့ "

" ဒီည အမူးသောက်ကွာ "

ခွက်တိုက်သံအဆုံးမှာတော့ ခွက်ထဲအပြည့်နီးပါးထည့်ထားတဲ့ ဆိုဂျူတွေကိုတဂျိုက်တည်းမော့သောက်လိုက်တဲ့ ဘတ်ခ်ဟျွန်းကိုအားလုံးက တအံ့တသြကြည့်လို့။

" ဘတ်ခ်ဟျွန်း .. မင်းအဆင်ပြေရဲ့လား "

" ပြေပါတယ်လို့ပြောပြီး မလိမ်ချင်ဘူး "

လောလောလတ်လတ် အသည်းကွဲထားရသူမို့ ဘတ်ခ်ဟျွန်းစိတ်ထဲမှာ ဝမ်းနည်းမှုတွေ၊အ ထီးကျန်ဆန်မှုတွေ၊ သောကရောက်နေမှုတွေ ဘယ်လောက်တောင်များပြားနေလိုက်မလဲ။

ကိုယ်ချစ်ရတဲ့သူတစ်ယောက်လုံးက ကိုယ့်ကို ပစ်ပစ်ခါခါတွေပြောပြီး နောက်တစ်ယောက် တွဲထားတဲ့အပေါ် ဘတ်ခ်ဟျွန်း ဘယ်လိုဖြေသိမ့်ရမလဲ။

​စကားလေးတစ်ခွန်းပြောပြီး လူကိုထားရစ်ခဲ့တာ လွယ်လိုက်တာ။ ဘာတဲ့။

" အချိန်တခုပေးတဲ့ "

ပေးခဲ့ပါတယ်။ အချိန်တွေပေးခဲ့တယ်။ လွတ် လပ်ပါစေတော့ဆိုပြီး ဘတ်ခ်ဟျွန်းမှာ နှစ်လ လောက် သူ့ကိုအေးအေးဆေးဆေးပေးနေခဲ့တာ၊ လွမ်းတိုင်း ဘတ်ခ်ဟျွန်းတစ်ယောက် တည်းအရူးကြီးလို စာတွေပို့နေခဲ့မိတာလေ။

သူများပြောမှသိရတယ်၊ နောက်တစ်ယောက်ရနေပြီတဲ့။

ဘတ်ခ်ဟျွန်းကပဲ သူနောက်တစ်ယောက်ရှာဖို့အချိန်ပေးလိုက်သလိုပဲ။

ဘတ်ခ်ဟျွန်းမှာတော့ လမ်းခွဲပြီးသည်ထိတိုင် မသက်ဆိုင်တော့တဲ့ လူတယောက်အပေါ်နား လည်ပေးဖို့ကြိုးစားနေမိတုန်းပဲ။

ပြန်လာလေမလားဆိုတဲ့စိတ်နဲ့ပေါ့။

ဒဏ်ရာတွေတောင် ကျက်သေးတာမဟုတ်ဘူး။

" ငါတို့ ဂိမ်းကစားရအောင် "

သူငယ်ချင်းလေးယောက် နှစ်သစ်ကိုကြိုဆိုဖို့ ဝိုင်းဖွဲ့ပြီးသောက်စားနေကြခြင်းဖြစ်သည်။

" True or Dare !! ဘယ်လိုလဲ "

" ချကွာ "

စားပွဲခုံ၏ အလယ်မှာ ပုလင်းခွံအလွတ်ကိုတင်ရင်း လှည့်လိုက်သည်။ ဦးစွာမဲပေါက် သွားတဲ့သူကတော့ တေးဂျွန်းပေါ့။

After We Broke Up [ COMPLEDED ]Where stories live. Discover now