[4]

2.3K 415 46
                                    

( Unicode )

" လုပ်ပါခင်ဗျားရာ "

ချန်းယောလ်ဖုန်းကိုပခုံးနှင့်ညှပ်ပြီးလက်က လည်း စာအုပ်တွေကိုအချိန်ဇယားအတိုင်းလွယ်အိတ်ထဲသို့အတင်းထိုးထည့်နေ၏။

" မရဘူးဆို မရဘူး "

တဖက်လူ၏ပြန်ဖြေသံကလည်း ပြတ်သားလွန်းလှသည်။

​ချန်းယောလ်မှာလည်း ရည်းစားဟောင်းကို မနက်စာအတူစားဖို့ဖုန်းအခါတစ်ရာလောက် ခေါ်ပြီး ခခယယတောင်းဆိုနေရတဲ့အဖြစ်။

" ပတ်ခ်ချန်းယောလ် .. မင်းကိုငါဘာပြော ထားလဲ၊ အချိန်ပေးထားတဲ့အတောအတွင်းမင်းမျက်နှာကိုငါမတွေ့ချင်ဘူးလို့ပြောထားတယ်လေ .. ရူးသလိုလိုပေါသလိုလိုလာမလုပ်နဲ့ .. "

" ရူးလည်းမရူးဘူး၊ ပေါလည်းမပေါဘူး၊ ခင် ဗျားနဲ့ မနက်စာအတူတူစားချင်ရုံလေးပဲရှိတာ .. ကျွန်တော့်ကိုမသနားဘူးလားဗျာ "

" အပိုတွေပြောမနေနဲ့ .. မင်းဆက်တဲ့ဖုန်းကိုလည်းကိုင်ချင်တာမဟုတ်ဘူး၊ ဒါနောက်ဆုံး အနေနဲ့လို့တွေးပြီးကိုင်လိုက်တာ အကောင်းမှတ်မနေနဲ့ "

စောစောစီးစီး စိတ်ညစ်စရာတွေတော့ချန်းယောလ်ခေါင်းထဲတန်းစီပြီးဝင်လာခဲ့ပြီ။ ပြောချင်ရာပြောပြီးဖုန်းချသွားတာကြောင့်နောက်တစ်ကြိမ်ပြန်ခေါ်လည်း ကိုင်တော့မှာမဟုတ် ဘူးဆိုတာ ချန်းယောလ်သိသလို။

အခန့်မသင့်ရင် ဖုန်းနံပါတ်ကအစ Block ခံထိတာမျိုး အထိပါပြဿနာကြီးမားသွားနိုင် သည်။

ဘတ်ခ်ဟျွန်းနှင့် မနက်စာအတူတူမစားရတော့ဘူးဆိုတဲ့ ဝမ်းနည်းစိတ်နဲ့ ချန်းယောလ် လွယ်အိတ်ကိုပခုံးတစ်ဖက်မှာဘေးတစောင်းလွယ်ပြီး အောက်ထပ်သို့စိတ်မပါ၊လက်မပါဖြင့်ဆင်းလာ၏။

" ချန်းယောလ်က အစောကြီးထလို့ပါလား၊ မနက်စာတော့ Ready ပဲ၊ စားသွားမလား "

လှေကားရင်းမှာ ဖုန်စုပ်စက်တလုံးဖြင့်အလုပ်ရူပ်နေသော အသက်ခပ်လတ်လတ်အရွယ် အစ်မတစ်ယောက်၊ သူမက မကြာခင်ချန်းယောလ်တို့၏ မိထွေးအရာအပ်နှင်းခံရမည့်သူ။

ချန်းယောလ်တို့အပေါ်စိတ်ရင်းစေတနာကောင်းမွန်တယ်ဆိုပေမယ့် ဆုံးပါးသွားလေပြီးသော မေမေ့နေရာမှာ ဘယ်လိုမှအစားထိုးလို့မရတာကြောင့် ထိုအစ်မနှင့်တွေ့တိုင်းချန်းယောလ် အရောတဝင်မနေဘဲ ခပ်တန်းတန်းသာ ပြောဆိုဆက်ဆံဖြစ်သည်။

After We Broke Up [ COMPLEDED ]Where stories live. Discover now