[7]

2.3K 388 29
                                    

( Unicode )

ဘတ်ခ်ဟျွန်းမှန်အပြင်ဖက်ကနေအထဲသို့မ  ကြာခဏလှမ်းကြည့်နေမိသည်။အရေးပေါ် အခန်းထဲဆေးသွင်းနေရသော ဖခင်ဖြစ်သူ၏ နံဘေးမှာ မေမေရှိနေပေးသည်။

လူနာစောင့်တစ်ဦးတစ်ယောက်ထက်ပိုပြီးဝင်ခွင့်မရတာကြောင့် ဘတ်ခ်ဟျွန်းက အပြင်မှာစောင့်နေရသည်။

မနေ့ညက ပိုင်နဲ့ညစာစားပြီးအပြန်ဖေဖေရော ဂါဖောက်လို့ ညတွင်းချင်းဆေးရုံတက်ရမယ်ဆိုတဲ့စကားကြောင့် ဘတ်ခ်ဟျွန်းမှာအလော တကြီးဖြင့် ဘူချွန်းသွားမဲ့ကားကြုံရှာရင်းပြန်ခဲ့ရသည်။

ဖေဖေ့ရောဂါအခြေအနေစိုးရိမ်ရတယ်ဆိုတဲ့ ဇောကြောင့် မည်သူ့က်ိုမှဖုန်းဆက်အကူအညီ တောင်းဖို့ သတိမရလေတော့။ ကားကိစ္စအ တွက် ပိုင့်ကိုပြောလျှင်သေချာပေါက်ကူညီမှာဖြစ်သော်လည်း အားနာတဲ့စိတ်ကြောင့်ဘတ်ခ်ဟျွန်းမပြောပြဖြစ်ခဲ့။

" ညီ ... မင်းတခုခုစားတော့လေ၊ မနက်တည်းက ဘာမှမစားရသေးဘူးမလား "

အစ်ကိုကြီးက အိမ်ကနေချက်ပြုတ်လာသောထမင်းဘူးများဖြင့် ဘတ်ခ်ဟျွန်းနားသို့ရောက်လာ၏။ အဖေ့ကိုစိုးရိမ်ပူပန်ဇောနဲ့ဆာလို့ ဆာမှန်းတောင်မသိလေတော့။ စားချင်စိတ်မရှိသလို အတွေးထဲမှာလည်း ဖေဖေနေ ကောင်းပါစေတော့ဟုသာ တဖွဖွဆုတောင်းနေမိသည်။

" သွားစားလိုက်ပါ၊ ဒီမှာ ဟင်းတွေမကြိုက်မှာစိုးလို့ ငါမင်းအတွက်ကြက်ဥကြော်လာပေးတယ် "

" အစ်ကိုကြီးကရော မစားဘူးလား "

" ပြီးမှ စားမယ်၊ အခုမေမေနဲ့လူချိန်းမလို့၊သွား ... အပြင်မှာမေမေနဲ့အတူသွားစား "

ဘတ်ခ်ဟျွန်းလက်ခံလိုက်ရသည်။ ဖေဖေ့ကိုပြုစုဖို့ ဘတ်ခ်ဟျွန်းကျန်းမာနေမှဖြစ်မည်လေ။ ထို့ကြောင့် အစ်ကိုကြီးပေးတဲ့ထမင်း ဘူးလေးကိုယူပြီး အရေးပေါ်အဆောင်အပြင်ဖက်ကိုထွက်လိုက်သည်။

ပြည်သူပိုင်ဆေးရုံဖြစ်တာကြောင့် အပြင်ဖက်မှာ လူတွေများလွန်းလို့ထိုင်စရာနေရာတောင်မရှိ။ နေ့လယ်စာစားချိန်နဲ့နီးကပ်နေတာမို့ အားလုံးလိုလိုက အပြင်ဖက်ကအုတ်ခုံလေးတွေမှာ နေရာဦးထားပြီးသားဖြစ်နေသည်။

After We Broke Up [ COMPLEDED ]Where stories live. Discover now