[ Ending ]

3.4K 377 32
                                    

( Unicode )

ချက်ချင်းဆိုသလိုပဲ ရရာတက္ကစီငှါးပြီးချန်းယောလ်နောက်ကိုပြေးလိုက်မိသော ဘတ်ခ်ဟျွန်းအနေနဲ့ ဂါဘရီရယ်ကိုနှုတ်ဆက်စကား ဆိုဖို့တောင်သတိမရလေတော့ပေ။

ချန်းယောလ်၏တိုက်ခန်းလိပ်စာရှိရာသို့ကား ဆရာကိုခပ်သွက်သွက်မောင်းခိုင်းပြီး ဘတ်ခ် ဟျွန်းတစ်ယောက် အထင်လွဲမှုပေါ်ဖြေရှင်းရန် စိတ်ဆန္ဒတွေပြင်းထန်နေခဲ့သည်။

တိုက်ခန်းရှေ့ရောက်သည်နှင့် ချန်းယောလ်ပြောဖူးတဲ့ လျှို့ဝှက်နံပါတ်အတိုင်းဖိနှိုပ်ရင်း အထဲသို့ ဒုန်းဆိုင်းပြေးဝင်ခဲ့သည်။စီးထားတဲ့ဖိနပ်ကိုဖြစ်သလိုချွတ်ပစ်ရင်းဦးဆုံးဝင်သွားမိတဲ့နေရာကတော့ အိပ်ခန်းဆီသို့ဖြစ်သည်။

" မောင် "

ခုတင်ပေါ်ငူငူငိုင်ငိုင်လေးထိုင်နေတဲ့ချန်း ယောလ်က ဘတ်ခ်ဟျွန်းဖက်သို့တဖြည်း ဖြည်းလှည့်ကြည့်လာ၏။ နီစွေးမတတ်ဖြစ် နေသော မျက်ဝန်းသားတွေကြောင့် ဘတ်ခ် ဟျွန်းလက်ထဲကရုံးအိတ်လေး ကြမ်းပြင်ပေါ် သို့ဒေါက်ခနဲလွှတ်ချမိသွား၏။

" မောင် ငိုနေတယ် "

ချန်းယောလ်အနားပြေးသွားရင်း ပခုံးကိုအား ကိုးတကြီးဖက်တွယ်လိုက်တဲ့အရှိန်ကြောင့် ချန်းယောလ်ခန္ဓာကိုယ်ပါ ယိမ်းယိုင်သွားပြီး မွေ့ရာပေါ် နောက်ပြန်လက်ထောက်ထားရသ လို တဖက်ကလည်း ဘတ်ခ်ဟျွန်းခါးသွယ် သွယ်လေးကိုထိန်းပေးထားရသည်။

" မောင် .. ငါ့ကိုအထင်မလွဲပါနဲ့၊ ငါနဲ့သူကဘာမှမဟုတ်ဘူး၊ မောင် ငါရှင်းပြပါ့မယ် "

" မောင် ဘာပြောနေလို့လဲ "

ဘတ်ခ်ဟျွန်းအသံက စိုးရိမ်စိတ်တွေများပြီး အလျင်စလိုဖြစ်နေပေမယ့် ချန်းယောလ်က တော့ ဒေါသထွက်ခြင်းမရှိ၊တည်ငြိမ်နေသော လေသံဖြင့် အေးဆေးစွာပြော၏။

" မောင် .. ငါ့ကိုစိတ်ဆိုးနေတယ်ဆိုလည်းဆိုးတယ်ပြောပါ၊ မောင် ဘာမှမဖြစ်သလို ဖုံးကွယ်နေဖို့မလိုပါဘူး "

ခန္ဓာကိုယ်ချင်းခွါယူရင်း ပြည့်ပြည့်ဖောင်း ဖောင်းမျက်နှာလေးကို ဘတ်ခ်ဟျွန်းလက်နှစ် ဖက်နှင့် အုပ်ကိုင်ကာ မျက်ဝန်းချင်းဆုံစည်း မိ၏။ ချန်းယောလ်နှုတ်ဖျားကထုတ်မပြော ပေမယ့် သူ့ရင်ထဲဘယ်လောက်ထိနာကျင်နေ ရမလဲဆိုတာ ဘတ်ခ်ဟျွန်းကောင်းကောင်း ကြီးသိသည်။

After We Broke Up [ COMPLEDED ]Where stories live. Discover now