[5]

2.3K 397 32
                                    

( Unicode )

" သူက ဘယ်သူလဲဟင် "

ချိန်းထားတဲ့ကော်ဖီဆိုင်လေးမှာ ပိုင်နှင့်အတူ မျက်နှာချင်းဆိုင်ထိုင်ရင်းကနေ ပိုင်က ခပ်လှမ်းလှမ်းမှာထိုင်နေတဲ့ ချန်းယောလ်ကိုမသိ မသာ လက်ညိုးထိုးပြရင်းမေး၏။

" ခုနကတည်းက တချိန်လုံးဒီဖက်ကိုပဲစိုက်ကြည့်နေတာ ... ဘတ်ခ်ဟျွန်းရဲ့အသိများလား "

ဘတ်ခ်ဟျွန်းသွားစိကာရယ်ပြရင်း ဘတ်ခ်ဟျွန်းတို့ဝိုင်းကို သည်းကြီးမည်းကြီးလှမ်းကြည့်နေတဲ့ ချန်းယောလ်ကိုမျက်လုံးပြူးပြမိသည်။

" သူ့ကိုအာရုံမစိုက်ပါနဲ့ .. ကျွန်တော်တို့အလုပ်ကိစ္စအကြောင်းပဲပြောကြတာပေါ့ "

ပိုင်က ဘတ်ခ်ဟျွန်းကိုတာဝန်ပေးထားတဲ့ Brand ရဲ့ Digital Marketing မှာတွဲဖက်လုပ်ကိုင်ပေးမည့်သူဖြစ်သည်။ စီနီယာလည်းဖြစ်တာမို့ သူဌေးက သူ့လူယုံတော်ပိုင်နှင့်အ တူ ဘတ်ခ်ဟျွန်းကိုအလုပ်တူတူတွဲလုပ်စေဖို့ စိတ်ဆန္ဒပြင်းပြနေတာရယ်၊ Brand အတွက် ဘတ်ခ်ဟျွန်းတစ်ယောက်တည်း Ideas မ ထုတ်နိုင်လောက်ဘူးထင်တာရယ်ကြောင့် သူဌေးပြောတဲ့အတိုင်း ဘတ်ခ်ဟျွန်းလိုက်နာမိသည်။

တဖက်ဝိုင်းကို မျက်ခြေမပြတ်အကဲခတ်နေရင်း ချန်းယောလ်လက်ထဲက ခရော့စွန်းမုန့်လေးကို အားဖြင့်ညစ်ဆုတ်နေမိသည်။

ရုံးမသွားကြဘဲ ကော်ဖီဆိုင်မှာ သီးသန့်ချိန်းတွေ့ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ စားသောက်နေကြဖို့လိုလို့လား။ ပြီးတော့ ကော်ဖီဆိုင်ကလည်း ပူဖောင်းတွေနဲ့အလှဆင်ထားပြီးချန်းယောလ်တွေ့ဖူးသမျှထဲမှာတော့ ကဗျာဆန်ပြီး ချစ်သူရည်းစားဒိတ်တဲ့ကော်ဖီဆိုင်လိုပဲ၊ တခမ်းတနားဆန်လွန်းသည်။

ထိုသို့သောနေရာမျိုးမှာမှ ရွေးခြယ်ထားတဲ့ ဝိုင်းကလည်း ချစ်သူရည်းစားအတွက်အထူးစီမံပြုလုပ်ပေးထားတဲ့ စပယ်ရှယ်လစ်ဝိုင်းမှာ မှ နှစ်ယောက်သား တသီးတသန့်ထဲရှိနေပြန် သည်။

" အေး .. မင်းပြဿနာရှာလို့ကတော့ ငါမင်းကို တကယ်အဆက်အသွယ်ဖြတ်မှာ " ဆိုတဲ့ ဘတ်ခ်ဟျွန်းရဲ့ တသွေးတသံတမိန့်ကြောင့် ချန်းယောလ်မှာ ကိုယ့်ရှေ့သားကောင်ရောက်နေသော်လည်း ဘုရင့်အမိန့်မပယ်ရှားနိုင်သူမို့သည်းခံရင်းသာ စောင့်ကြည့်နေရသည်။

After We Broke Up [ COMPLEDED ]Where stories live. Discover now