[6]

2.2K 405 55
                                    

( Unicode )

တပတ်။ တပတ်ရှိသွားပြီ။ ကော်ဖီဆိုင်မှာတွေ့ပြီးတဲ့နေ့ကစလို့ ချန်းယောလ်ကိုအရိပ် အယောင်လေးတောင် မမြင်တွေ့ရတော့တာ ခုနစ်ရက်မြောက်နေ့ဖြစ်၏။

အဆက်အသွယ်တချက်မလုပ်သလို ဘတ်ခ်ဟျွန်းရှေ့ကိုပင် ယောင်လို့တောင်ပေါ်မလာခဲ့တော့ပါ။

တဖက်ကကြည့်ရင် ရင်ထဲဟာတာတာနဲ့တစုံတခုလိုအပ်နေသလို တဖက်ကကြည့်ပြန်ရင်လည်း ဘတ်ခ်ဟျွန်းမှာအနှောက်အယှက်ကင်းကင်းဖြင့် မိမိအလုပ်ကိုကောင်းမွန်စွာလုပ်ကိုင်နိုင်ခဲ့သည်။

နှစ်လနီးပါးပြတ်တောက်သွားတဲ့ဆက်ဆံရေး တခုကနေ ဘတ်ခ်ဟျွန်းရှေ့မှောက်သို့ဗြုန်းစား ကြီးပြန်ပေါ်လာပြီး ထပ်မံပျောက်ကွယ် သွားတဲ့ ချန်းယောလ်အပေါ်ထွေထွေထူးထူး ခံစားမနေချင်တော့ပေမဲ့ ချစ်နေသေးတဲ့နှလုံး သားတစုံက ဘတ်ခ်ဟျွန်းထံ တအုံ့နွေးနွေး ကျန်ရစ်နေသေးသည်။

ပတ်ခ်ချန်းယောလ်ဆိုးသွမ်းနေတာသိသိကြီးနဲ့၊ ရစ်ကြောရှည်တတ်တာလည်း သိသိကြီးနဲ့ ဘတ်ခ်ဟျွန်းကိုယ်တိုင်က ထိုအချင်းအရာပေါ်မသိမသာပျော်ဝင်နေမိတဲ့ ကိုယ့်စိတ်ကိုနားမလည်ချင်တော့။ မကောင်းမှန်းသိလေ၊ပိုပြီးတွယ်တာလေဖြစ်တာ လူ့သဘာဝလား။

အကယ်၍ ချန်းယောလ်သာ သူ့အကျင့်တွေပြင်ပြီး ဘတ်ခ်ဟျွန်းရှေ့တဖန်ပြန်ရောက်လာခဲ့မယ်ဆိုရင်တော့ ဘတ်ခ်ဟျွန်းအနေနဲ့ပျော် ပျော်ကြီးလက်ခံပေးဖို့ကြိုးစားနေဦးမှာပါပဲ။

မည်မျှပင်စိတ်တင်းထားစေကာမူ သူနဲ့အတူရှိခဲ့ဖူးတဲ့ နေ့ရက်တိုင်းက ဘတ်ခ်ဟျွန်းနှလုံး သားထဲ အစီအရီရှိနေတုန်း၊ ကြိမ်ဖန်များစွာ ပေးခဲ့ဖူးတဲ့ အနမ်းတွေအကြောင်းပြန်တွေးလိုက်တိုင်း ရင်ခုန်နေရတုန်း။

အခုတော့ အရာအားလုံးပြီးဆုံးသွားခဲ့ဟန်တူပါရဲ့။ ဘဝထဲကို အလည်လာတဲ့ဧည့်သည်လေးလိုပဲ အချိန်တန်တော့လည်း သူ့အိမ်သူပြန်ရတော့တာပေါ့။

" ဘတ်ခ်ဟျွန်း .. ဘာတွေတွေးနေတာလဲ၊ ညစာစားမကောင်းလို့လား "

Project ပြီးတဲ့အထိမ်းအမှတ်အနေနှင့်ပိုင်နဲ့ အတူ ညစာစားနေကြခြင်းဖြစ်သည်။

After We Broke Up [ COMPLEDED ]Where stories live. Discover now