အခွင့်ရေးရလည်း ရူမိုက်စွာချစ်မှာပဲ ဒါမယ်ဒီတစ်ကြိမ်တော့ မင်းမသိလည်းဖစ်တယ်.....

2.5K 17 0
                                    

အချစ်တဲ့ စကားကနှစ်လုံးထဲနော် ဒါမယ့် ဖွက်ထားရတာအရမ်းခက်တာပဲ ကျွန်မနဲ့သူနဲ့က သူငယ်ချင်းတေလေ ဒီစည်းလေးအတွင်းကနေ သူ့ကိုအမြဲတမ်းငေးကြည့်နေရတာ အမြဲတမ်းငေးကြည့်နေရတာတောင် တောက်ပလွန်းတဲ့မင်းက ပိုင်ဆိုင်ရရင်ရောဆိုတော့ တပ်မက်မှာလေးကပ်ပါလာတယ် ဒါမယ့်ငါသိပ်ကိုချစ်ရတဲ့မင်းမှာလည်း သိပ်ကိုချစ်ရတာ ချစ်သူလေးရှိလာပီလေ ငါတို့သူငယ်ချင်းတေစုံရတိုင်းမင်းကို ရဲရဲငေးမကြည့်ရဲတော့ဘူး မင်းရဲ့သက်ဆိုင်တဲ့အမျိုးသမီးလေးကိုအားနာလို့ ငါ့ကိုငါသိပ်ရှက်တာပဲ မင်းရဲကောင်မလေး ပါမပါသေချာမကြည့်ပဲ ဖွင့်ပြောခဲ့မိတယ် မင်းကောင်မလေးမျက်နှာမြင်လိုက်ရတဲ့ အချိန်ခဏလေးကလေ ငါ့မျက်နှာကိုလှီးပစ်ချင်တဲ့အထိ ရှက်ခဲ့တယ် ဒါမယ့်ကျိန်ရဲပါတယ် ငါအဲ့အချိန်မှာ မင်းကိုငါမင်းကိုချစ်ခြဲတဲ့အကြောင်းသ်စေချင်ယုံပါ ပီးရင် ဒီနိုင်ငံကိုရော မင်းကိုရောကျောခိုင်းပီး ထွက်သွားတော့မလို့ပါ သတ္တိနည်းစွာနဲ့ပေါ့ ဒါမယ့်လေ ငါ့ကိုအရှက်မရှိဘူးပြောပြော စနိုက်မဆန်တယ်ပြောပြော မင်းတို့ရဲ့လက်ထပ်ပွဲကိုတော့ ငါတကယ်မကြည့်နိုင်တော့လို့ ထွက်သွားဖို့ဆုံးဖျက်ခဲ့တာ အဲ့နေ့က ...........

ကျွန်မမြတ်နိုးမှုလေးက အပီးဝေးကြရမှာမို့လားမသိဘူး အဲ့နေ့က သိပ်ကိုခန့်ညားနေတာ အကျီ မိုးပြာရောင်တီရှပ်လေးက အသားဖွေးတဲ့ သူ့ကိုယ်လေးနဲ့သိပ်လိုက်ဖက်သလို ဂျင်း‌ေဘာင်းဘီ‌ေလးနဲ့ကား‌ေပါ်ကဆင်းလာတဲ့သူ့ပံု‌ေလးကို ကျွန်မမျက်လံုး‌ေလးနဲ့ဓာတ်ပုံရိုက်ထားခဲ့တယ်ဒီနေ့က ကျွန်မသူ့ကိုဖွင့်ပြောမယ့်နေ့ နောက်နှစ်လောက်ကြမိဘ‌ေတွကိုဖွင့်‌ေပြာပီးသူမဂလာဆောင်မှာလေ ကံဆိုးစွာနဲ့ သတို့သမီးက ကျွန်မ မဟုတ်ခဲ့ဘူး ကျွန်မလည်း‌ေနာက်လကြ ကျွန်မရဲ့ကိုကြီးရှိတဲ့ စင်ကာပူကိုသွားဖို့ဆုံးဖြတ်ပီးပီ သူဆိုင်ထဲမှာဝင်ထိုင်လိုက်တယ်
"ဟေး...ဆောရီးပါကွာ ငါနောက်ကျသွားတယ် ဖူးလေ ရစ်နေလို့ငါချော့နေရလို့ မင်းတို့မှာပီးကြပီလား မှာကြငါကျွေးမှာနော် ရွယ် နင်ဘယ်တုန်းက ငါမပါဘဲသွားတတ်သွားတာလဲ ငါ့ကိုမစောင့်ဘူး အိမ်ဝင်ခေါ်တော့နင်သွားပီလို့ အန်တီငယ်က ပြောတယ် "
သူအဲ့လိုပြောတော့ကျွန်မစိတ်ထဲကပြန်ပြောလိုက်ပါတယ် နင်မရှိရင် ဘယ်မှမသွားတဲ့ငါ့ကို မနက်ဖြန်ကစပီး နင်ဘယ်သွားသွား ခေါ်သွားလို့မှမရတော့တာ မျက်ရည်တေကိုမနည်းပုတ်ခက်ပီး အားတင်းပြောလိုက်တယ် ....
"တိမ်ယံ ငါ..ငါ .."
"အေးပြောလေ ဘာလဲ "
"ငါ နင့်ကိုချစ်တယ် ငယ်ငယ်လေးထဲကချစ်ခဲ့တာ နင်ခိုင်းတာတေကိုမညင်းညှူပဲလုပ်ပေးတာနင့်ကိုချစ်လို့ နင်အနိုင်ကျင့်သမျှခံတာလဲနင့်ကိုချစ်လို့ နင်မပါဘဲဘယ်မှမသွားတာလဲ နင့်ကိုချစ်လို့ နင့်ဘေးမှာပဲအရိပ်တကြည့်ကြည့်အူတူတူနုံနုံအအလုပ်နေတာလဲနင့်ကိုချစ်လို့...."
ခဏနားပီးအရှိန်ယုနေတဲ့အချိန်မှာအပ်ကျသံမကြားရအောင် တိတ်ဆိတ်သွားတာ သတိထားမိတယ် စကားမပြီးသေးပါဘူး နင့်ကိုသိအောင်ပြောပြတာ နင့်ဆီကအဖြေမလိုဘူး ငါလည်းထွက်သွားတော့မှာသူငယ် ျင်းလိုပဲနှုတ်ဆက်ကြတာပေါ့လို့ပြောမဲ့ဆဲဆဲမှာ ကျွန်မအပေါ်ကံတရားရဲ့ရက်စက်မှာက မပီးသေးဘူးထင်ပါရဲ့ အသံသေးသေး ချိုချိုသာသာလေးက နားထဲဝင်လာတယ်
"ကိုကို....."တဲ့
မရည်ရွယ်ခဲ့ပါဘူး သူတို့နှစ်ယာက်ကိုစိတ်အနှောက်ယှက်ပေးဖို့ ရှက်လိုက်တာ သူငယ်ချင်းတေက အကြောင်းသိတေမို့ သူကိုယ်တိုင်ကလည်း ရိပ်မိနေတဲ့သူမို့ ဖွင့်ပြောတာလေးက ကိစ္စ မရှိလူးလို့ ထင်လို့နောက်ဆုံးအနေနဲ့ပြောလိုက်တာ တကယ်နောက်ဆုံးဖစ်သွားတယ်ထင်ပါရဲ့ ကျွန်မရှက်ရှက်နဲ့ ဆိုင်ထဲကနေပြေးထွက်ခဲ့တယ် ကားလမ်းတဖက်ကူးမှာ အရှိမ်ပြင်းပြင်းလာတဲ့ကားနဲ့ ဒုန်း!ကြိ!ဆိုတဲ့အသံကြားပီးကမ္ဘာကြီးခနတိတ်ဆိတ်နေတဲ့အချိန်မှာ သူ့ကိုသွေးတေကြားက လှမ်းကြည့်လိုက်တာ သူ့ကောင်မလေးကို ပွေ့ဖက် ပိုက်ထားလေရဲ့
မထင်ခဲ့ဘူး ငါတို့ရဲ့ဆယ့်နှစ်နှစါသံယောစဉ်က သူ့အမျိုးသမီးလေးရဲ့တစ်နှစ် အချစ်ရဲ့ခြေဖျားတောင်မမှီခဲ့ဖူးဆိုတာကိုပေါ့
နာကျင်စွာနဲ့မျက်လုံးမှိတ်ပစ်လိုက်တယ် မျက်ဝန်းထောင့်မှာ မျက်ရည်းတစ်စက်ကျသွားတာကိုတော့ခံစားမိလိုက်တယ် နောက်ထပ်တွေးမိတာက အကယ်၍သာ နောက်တစ်ကြိမ်အခွင့်အရေးရှိရင် မင်းကို ငါချစ်နေတာ ဖွင့်ပြောဖို့မဆိုထားနဲ့ မင်းရိပ်ကိုမရိပ်မိစေရဘူးးလို့ တွေးမိလိုက်တယ်.....

မြတ်နိုးမိသောWhere stories live. Discover now