အိမ်မက်မက်နေလိုက် ဟမ့်..

202 10 0
                                    

ဓာတ်လှေကားက ငါးထပ်မြောက်မှာရပ်သွားတယ် ရင်တုန်တုန်နဲ့ခေါင်းငုံ့လမ်းလျှောက် လာရင်းအတွင်းရေးမှူးနဲ့ တွေ့တော့အခန်းတစ်ခုရဲ့တံခါးကို ဖွင့်ပေးတော့ဝင်လာလိုက်တယ်
ဝင်ဝင်ချင်းရှေ့တည့်တည့်မှာ ထိုင်နေတဲ့သူတစ်ဉီး ဘယ်သူ့ကိုမှ စေ့စေ့မကြည့်ရဲတဲ့ အိမ် ကသူ့ကို စေစေ့စပ်စပ်ကြည့်မိတယ် တကယ်ချောတာပဲ မိန်းကလေးကမနာလိုရလောက်အောင်ကိုပဲ ဝအောင်ရှုစားလိုက်ပီးမှ ခေါင်းပြန်ငုံကာ "မဂလာပါရှင့် ဖေဖေကလွှတ်လိုက်လို့ပါပစ္စည်းနမူနာလာပို့တာပါရှင့် ဖုန်းဆက်ပီးသားလို့ပြောပါတယ် ဒီမှာထားပီး ပြန်လို့ရပီလားရှင့်"
ကမ္ဘာတစ်ယောက် ဖူးခက်ပန်းကို ဒုက္ခပေးရင်းနဲ့ အလုပ်ချန်တွေ အများကြီးစတေးလိုက်ရလို့ အတိုးချပီးစာရွက်တွေကြည့်နေချိန် သေသွားတဲ့ကိုယ့်ညီမလေးရည်းစားအဖေရဲ့ ကုမ္ပဏီက ပရောချက်တစ်ခု လာshareချင်တယ်ပြောလို့ အစက ဒီလိုအသေးတွေနဲ့ လုပ်လေ့လုပ်ထမရှိပေမယ့် တမလွန်ကညီမလေးမျက်နှာနဲ့ နှမူနာကြည့်မယ်ဆိုပီးဒီနေ့ချိန်းထားတာ မေ့နေပေမယ့် စောစောက အတွင်းရေးမှူးကဖုန်းလှမ်းဆက်လို့ အပေါ်ခေါ်ခဲ့လို့ပြောရင်းမပီးသေးစာချုပ်တေွဆက်စစ်နေလိုက်တယ် တခါးခေါက်သံကြားလို့ဝင်ခဲ့လို့ပြောပီး လက်မှတ်လေး လက်ဆသတ်နေချိန် အသံလေးမပွင့်နဲ့ ပြောချင်ရာတွေ စွတ်ပြောနေလို့ ဘာမှ မသိလို့ဖြေးဖြေးပြောလို့ ပြောမလို့ရှိသေးတယ် ပြန်လို့ရပီလားရှင့်တဲ့ စိတ်တိုတိုနဲ့ သူတို့ကုမ္ပဏီလောက်ကများ မခန့်လေးစားနဲ့ မကျွမ်းကျင်တဲ့သူလွှတ်လိုက်လို့လှိမ့်ဆူပစ်မယ်လိုတေးပီး မော့ကြည့်လိုက်တော့ ဟိုပုတက်တက်နဲ့ အသားဝါမလေးပဲ အူကြောင်ကြောင်လေးရပ်ပြီး ကြည့်လည်းမကြည့်ပဲ တစ်ကိုယ်လံုးတုန်တက်နေတာ ဘာမှဖြင့်မပြောရသေးဘူး ဒါငါ့ဂွင်ပဲ "ဒီမှာ အမိ ကျွန်တော်တို့က ကလေးကစား‌ေနတာ မဟုတ်ဘူးနော် ကျွန်တော်တို့ဘက်ကသဘောမတူရသေးတာတောင် ဘာမှရှင်းမပြပဲ ဒီလိုလက်လွတ်စပယ်ထားသွားတာ ကျွန်တော်တို့သာ သဘောတူလိုက်ရင် ဘယ်လိုဖစ်ကတတ်ဆန်းလုပ်မလဲဆိုတာ မသိနိုင်ဘူး ကျွန်တော်တို့က ဘာကိုယုံပီးရင်းနှီးရမလဲ ဦးလင်းဟန်ကိုပြောလိုက်ပါ ကျွန်တော်တို့ဘက်ကလက်တွဲဖို့အစီစဉ်ကခုရောနောက်ရောလူံးဝမရှိနိုင်ပါဘူးလို့ "ကိုယ်က မျက်နှာထားကိုတည်တင်းပီး အေးစက်စက် ပိတ်ဟောက်လိုက်တော့ ခုထိ အသံတစ်သံမှထွက်မလာဘူး ကဲ မင်းဘယ်လိုလုပ်မလဲကြည့်ရအောင်
"ဟိုလေ အာ့ဆိုရှင်းပြပါ့မယ် ရလားရှင့် အီးးဟီးး ဟင့်"
"ဟာဟိတ် မငိုနေလေ မင်းကိုငါ ဘာလုပ်နေလို့လဲ ""ဟင့် တောင်းပန်ပါတယ် ရှင်းပြမယ်နော် ဖေဖေ့ကိုပြန်မတိုင်ရဘူးနော် ပြောတာမှားရင်းလည်း မအော်ပါနဲ့နော် "
အမယ် အလာကြီးပါလား မအော်ဖို့ သူကကြိုတောင်ပိတ်လိုက်သေးလုပ်စမ်းပါ မင်းဘယ်လောက် ဈေးကွက်ဆင်းနိုင်လဲကြည့်ရအောင်"ဒါဆို စပီနော်"နာရီဝက်ကြာပီးနောက်မျက်လုံးအပြူးသားနဲ့ကျန်ခဲ့ရတာ မင်းကမ္ဘာမြတ်ကိုယ်တိုင်ပါပဲ အရမ်းတွေကို အပြောကောင်းပီး သိပ်တော်လွန်းတယ်လို့ ထင်ပါသလား မှားသွားပါမယ် ဘဝကရုပ်ရှင်မဟုတ်ကြောင်း ခုသိလိုက်ပါပီ နုံနုံအအကောင်မလေးက ထင်သလိုမဟုတ်ပဲ အရမ်းထက်မြတ်တာက ဇာတ်ကားထဲမှာပါ ဒီဟာလေးကတော့ ရှင်းပြမယ်ဆိုပီး အိတ်လေးထဲက ဖုန်းလေးယူတော့ထုတ်လုပ်ပုံတွေ တစ်ဆင့်ချင်းရုပ်ပုံနဲ့တကွ ရှင်းပြမယ်လို့မျှော်လင့်မိတာ မဟာအမှားပါပဲ ဖုန်းထဲက recoderဖွင့်ပီး သူသွင်းထားသမျှ အသံဖိုင်တွေဖွင့်ပီးနားထောင်ခိုင်းပါတယ် တစ်ခုထဲ‌ေသာသူရှင်းပြတာက "ဟိုလေ တစ်ခုလေ့လာလိုက်သွင်းလိုက် မေ့တာလေး သတိရလိုက်သွင်းလိုက်နဲ့မို့ အစီအစဉ်မကျတာ ခွင့်လွှတ်ပါနော်"တဲ့ ပီးကြပြောသေးတယ် "ဖေဖေ့ကိုဖုန်း‌ေခါ်ပီးသဘောတူကြောင်းပြောပေးမယ်မလားဟင်"တဲ့ ပရောဂျက်လာပြတဲ့သူက စကားပြောတာသုံးလေးခွန်းနဲ့ ငါလိုလူက သဘောတူစရာလား ဟမ့် အိမ်မက်မက်နေလိုက် ပုတက်တက် အသားဝါမ..............

"ရွယ် ထတော့နော် ပြန်ကြစို့နော် ဆရာဝန် လာပြောသွားပီ ဆင်းလို့ရပီတဲ့ အန်တီက ဆေးရုံခရှင်းပီး အိမ်ပြန်နှင့်တယ် ဆရာဝန်က အကုန်ကျွေးလို့ရပီဆိုလို့ နင်ကြိုက်တာတွေ ချက်နှင့်မလို့တဲ့ ငါက နင်အိပ်တာစောင့်နေတာ အရမ်းအိပ်ရင် ခေါင်းမူးပီးနှုံ‌းနေ လိမ့်မယ် ထနော်"
တိမ်ယံ ရွယ့်ဆံပင်လေးတွေကို နူးနူးညံ့ညံ့ပွတ်သပ်ပီးနိုးလိုက်တယ် "အင်းးးးးးထပီ နင်ငါ့ကိုပေးထားတဲ့ကတိကိုတည်ရမယ်နော်""အေးပါကွာ လာထ"တိမ်ယံနဲ့ဆေးရုံမှာနေတဲ့ အပတ်အတွင်း ရွယ်အရမ်ပျင်းတက်သွားမှာကြောက်ရတယ်
မနက်တိုင်းပွေ့ချီမျက်နှာသစ်သွားတိုက် မနက်စာ ဆန်ပြုတ်ခွံ့နေ့လည်ဆန်ပြုန်ခွံ့ညနေဆန်ပြုတ်ခွံ့နဲ့လက်တောင် အသုံးမပြုတတ်တော့ဘူး ကိုကသံယောစဉ်လျှော့မယ်ဆိုမှ ဒင်းလေးက လျှော့မရအောင် အသေနူးညံ့နေတာ ဟင်းးစိတ်ညစ်လိုက်တာ "ရွယ်ဘာ‌ေတွတွေးနေတာလဲ ငါပစ္စည်းတွေက မနက်ထဲအိမ်ပြန်ပို့ပီးပီ နင်ပဲကျန်တော့တာ လာ ငါပွေ့မယ် သွားရအောင်""ဟာ ငါလမ်းလျှောက်တတ်တယ် ငါ့ဘာငါသွားမယ် ပျောက်နေပါပီဆို တွဲစရာတောင်မလိုတော့ဘူး""ဒါနဲ့ ငါမျက်မှန်မပါဘဲမြင်နေရတယ် ယံယံ ဘာလို့လဲ ငါ့မျက်လုံး‌တွေ ပြန်ကောင်းသွားတာလား""ဘယ်ကလာ မျက်ကပ်မှန်ခနတပ်ပေးထားတာ မျက်မှန်လှလှလေးလုပ်ပေးထားတယ် နင့်အခန်းထဲထည့်ထားတယ် လာသွားကြစို့"
"

မြတ်နိုးမိသောOù les histoires vivent. Découvrez maintenant