ထပ်မတွေ့စေနဲ့

296 11 0
                                    

"ရွယ် ထ ထ ဆန်ပြုတ်စားရအောင် အန်တီလာပို့သွားတာ""အမ်းးးးးးမေမေကရော""ပြန်သွားပီ အန်တီက ငါပြန်ခိုင်းလိုက်တာ အိမ်မှာမအားမှာမို့ ငါရှိနာပဲ ထမျက်နှာသစ်ရအောင်""အွန်း""နေနေ ငါချီမယ်""ရတယ် ငါ့ကိုတွဲပဲပေး""လာစမ်းပါ"ချီလိုက်တော့ရွယ့်လက်လေးတွေက ကျွန်တော့လည်ပင်းကို သိုင်းဖတ်လာတယ် အိပ်ယာထခါစမျက်နှာလေးက မို့မို့အစ်အစ်ဖောင်းဖောင်းလေးနဲ့ ချစ်စရာလေးပါ ချီနေချိန်မှာဖစ်နေတဲ့ရင်ခုန်သံတွေကိုမကြိုက်တာနဲ့ သွက်သွက်ပဲ ရေချိူးခန်းထဲပို့ပေးလိုက်တယ်
ရွယ်ကတော့ မျက်နှာပူနေတာနဲ့မျက်လုံးစုံမိတ်ပီး ငြိမ်နေလိုက်တယ် သူကရိုးရိုးဆိုပေမယ့် ကိုယ်ကမရိုးသားတော့ ရဲရဲမကြည့်ရဲဘူးသူ့ကို အဲ့လောက်မကောင်းပေးပါနဲ့မောင်ရယ် တဖြည်းဖြည်းနဲ့မောင်က ကျွန်မ ချစ်ရတဲ့သူကနေ ကျွန်မမကျေချင်တဲ့ ဝဋ်ကြွေးလေးအဖစ်ပြောင်းလဲ နေတယ်
"ရွယ် ပါးလုပ်ကျင်းလိုက်"
တိမ်ယံ ရွယ့်ကို မျက်နှာသစ်ပီး မျက်နှာလေးသုတ်ပေးနေချိန် မျက်နှာလေးပေါ်တင်တဲ့ရေစက်လေးတေကစ ကဗျာဆန်နေရော ဒီလိုနှစ်ယောက်သား ရင်ခုန်သံ တဒုန်းဒုန်းတဒိုင်းဒိုင်း နဲ့မျက်နှာသစ် ကိုယ်လက်သန့်ရှင်းရေး အမှုကိစ္စပီးဆုံးသွားပါပီ
ထိုအချိန် ကျွီ....
"ရွယ် ငါတောင်းပန်ပါတယ် ငါအဲ့နေ့က တောင်ကြီးက အဖွားဆီသ‌ွားနေလို့ နင်မတော်တဆ ဖစ်တာ ငါမသိလိုက်ဘူး ဆောရီးပါဟာ"
"ရပါတယ် သက်မှူးရဲ့"အေးပါ ဒီမှာ အသီးပဲဝယ်လာတယ် နင်ဘာစားလို့ရမှန်း မသိလို့"
"အေးအေး""ငါပြန်တော့မယ်နော် နင်မနက်စာ စားရအုံးမှာထင်တယ် တိမ်ယံက ဆန်ပြုတ်တေမှုတ်နေတာ နောက်နေ့မှ ပြန်လာခဲ့မယ်နော် ""အေးအေး"သက်မှူးအိမ်ဆိုတာ အသားဝါညက်ညက်နဲ့ အရမ်းကြီးမလှပဲ သာမန်စာကြမ်းပိုး အနေအေးတဲ့ မိန်းကလေးတစ်ယောက်ဖစ်ပီး ရည်ရွယ်ခ၏ မိန်းကလေးသူငယ်ချင်းဖစ်သည်
သက်မှူးအိမ်တစ်ယောက် ရည်ရွယ်ခဆီကနေ ပြန်လာပီး စာကြည့်ဖို့ စာကြည့်တိုက်အသွား လမ်းဘေး ပလက်ဖောင်းပေါ်တွင် ထိုင်ကာ ပလက်ဖောင်းပေါ်တွင်ထိုင်ကာ ဆေးလိပ်သောက်နေသော လူတစ်ယောက်ကို တွေ့လေသည် အိမ်က ကားနဲ့ပဲ ဂရုတစိုက် အကြိုအပို့နှင့်သွားနေကြဖစ်ပိး အစကတည်းက တစ်ယောက်ထဲ လမ်းလျှောက်လာရသည်မို့ကြောက်နေတဲ့အပြင် အဲ့လိုလူတွေနှင့် အနီးကပ်မမြင်ဖူးတာ‌ေကြာင့် ‌ကြောက်ပီး ရိုးရိုးမလျှောက်ပဲ အသားကုန်ဖြတ်ပြေးလေသည်......
"ဆရာ မမလေး ကားအက်စီးဒန့် ဖစ်တဲ့နေ့က ဖူးခက်ပန်း က ကော်ဖီဆိုင်မှာ မမလေးကောင်လေးဖစ်တဲ့ ကိုမင်းဟန်သွေးနဲ့ အတူရှိနေပါတယ် ""မင်းဟန်သွေးက မမလေးအကြောင်းကြားကြားချင်း အပြေးသွားခဲ့ရင်းနဲ့ မမလေးနဲ့တစ်ရက်ထဲမှာပဲ ကားတိုက်သေ‌ဆုံးသွားပါတယ် ကျောင်းမှာတုန်းကတည်းက ဖူးခက်ပန်းက မမလေးကိုအနိုင်ကျင့်တယ်လို့လည်း သိရပါတယ် ကိုယ်ထိလက်ရောက်ထိရိုက်တာမဟုတ်ဘဲ စကားအပြောနဲ့ နင့်ရည်းစားက ဘိနါးစား နင့်ရည်းစားက မိန်းမဆီကချူစားတဲ့အကောင် နင့်အကောင်က ငါ့မြင်ရင် ငါ့ဆီတန်းတန်းစွဲပါလာမှာ စသဖြင့် အပြောနဲ့ တဖြည့်ဖြည်း ဆိုက်ကို ဝင်အောင်လုပ်ခဲ့ပါတယ် ဆရာ အဲ့ဒါကြောင့် အဲ့နေ့ မင်းဟန်သွေးနဲ့ဖူးခက်ပန်းတွေ့တော့ မမလေးက အလောတကြီး လိုက်သွားခဲ့တာပါ ဆရာ မင်း‌ဟန်သွေးက အဲ့နေ့က ကော်ဖီဆိုင်သွားခဲ့တာက ဖူးခက်ပန်းကသူကိုယ်တိုင်တွေ့ချင်လို့မဟုတ်ဘဲ မမလေးက ခေါ်တာပါလို့ပြောခဲ့ပါတယ်ဆရာ""မင်းဟန်‌ေသွးက တစ်ကယ် ဖူးခက်ပန်းပြောသလိုလူလား"အတွင်းရေးမှူးရဲ့ရှည်းလျားတဲ့ရှင်းပြချက်အပြီးမှာ  မင်းကမ္ဘာမြတ်ရဲ့ပထမဆံုးအမေးတစ်ခု"မဟုတ်ပါဘူးဆရာ ကိုမင်းဟန်‌ေသွးတို့ အိမ်က ကုမ္ပဏီ အသေးစားတစ်ခုပိုင်ပါတယ်ဆရာ မိသားစုလေးယောက်ရှိပါတယ် သူက မမလေးနဲ့ ရည်းစားဖစ်တော့ သူ့လုပ်အားနဲ့သူ ပံ့ပိုးပေးချင်ခဲ့တာလို့ သူ့သူငယ်ချင်းတွေကို စုံစမ်းရင်းနဲ့သိခဲ့ရတယ်ဆရာ တစ်ခါမှမလုပ်ဖူးတဲ့ အလုပ်သင် အချိန်ပိုင်း ကုန်ထမ်းအကုန်လုပ်ပီး ငွေရှာခဲ့ပါတယ်တဲ့ဆရာ ညီမလေးတစ်ယောက်ရှိပီး သူ့ညီမကို အရမ်းချစ်ပါတယ်တဲ့ဆရာ"ဖူးခက်ပန်းက အရင်ကတည်းက မနာလိုနေတော့  မမလေးကို သူ့ချစ်သူက အရမ်းချစ်တာမြင်ပီး ပိုပီးဝန်တိုစိတ်တွေများပီး အကွက်ချစီစဉ်ခဲ့တယ်လို့ ထင်ပါတယ်ဆရာ"အတွင်းရေးမှူးစကားအပြီးမှာ စုပ်ထားတဲ့ လက်သီးက အကြောတွေပါထောင်လာတဲ့အထိပဲ သူ့မှာ သူ့ညီမလေးကို နေမထိလေမထိနဲ့ ဘယ်လိုတောင်ချစ်ပီး ဂရုစိုက်ခဲ့ရလည်းသူအသိဆုံး ငယ်ငယ်ကတည်းကချူချာလွန်းလို့ ချမသိပ်ပဲ ကိုယ့်လက်ပေါ်တင် အိပ်စေခဲ့တဲ့ကလေးလေးကို ဖူးခက်ပန်းက သူ့ဘဝထဲကနေဆွဲနုတ်သွားခဲ့တာ တွေ့မယ် မင်းတင်မဟုတ်ဘူး မင်းမိသားစုပါ ဘဝပျက်အောင်လုပ်ပြမယ် အဲ့လိုနဲ့ သူ့ကိုသူ သွေးသက်မောင် အသွင်နဲ့ သတင်းလွှင့်နေထိုင်ပီး လက်စားခြေနေရတာ ဒီနေ့ ဖူးခက်ပန်းကို ဒုက္ခပေးဖို့ ပလက်ဖောင်းပေါ် မိုက်တိမိုက်ကန်းရုပ်နဲ့ထိုင်နေတုံး ကိုယ့်ကို ကောင်မလေးတစ်ယောက် ရပ်ကြည့်နေတာမြင်လိုက်ရတယ် မျက်လုံးဝိုင်းဝိုင်းလေးတွေထဲမှာသူ့ကို ကြောက်လန့်တကြားကို ကြည့်နေတာ သူ့ရုပ်က ဘယ်လ်ုနေနေချောပီးသားဖစ်ကြောင်းသူသိလေတယ် တွေ့သမျှမိန်းမတွေက ချစ်ရ ်ရွှမ်းတဲ့အကြည့်တွေနဲ့ကြည့်နေကြမို့ ယုံကြည်ချက်ကအပြည့်ပါ ဒီ မိန်းကလေးကြမှ မကျေနပ်ချက်နဲ့ ဘုကြည့်ကြည့်ပေးလိုက်တော့ ပြေးသွားတာမှ လွှင့်နေတာပဲ ဒုံးကြည်က အဖေခေါ်ရတယ်လက်ထဲက စာအုပ်ကို ဖိညှပ်ထားတာလည်းအရေမပျော်ရုံတမယ်ပဲ ပုတက်တက် ဝါတာတာနဲ့
နောက်ခါထပ်မတွေ့စေနဲ့လို့ မကျေမနပ်တွေးထားလိုက်တယ်....
သက်မှူးအိမ်တစ်ယောက် စာကြည့်တိုက်ရောက်မှ သက်ပျင်းချမိတယ် သူကိုယ့်ကို ကြည့်နေတာကြီးက ကြောက်စရာကြီး အိ...နောက်တစ်ခါ တစ်ယောက်ထဲ လမ်းမလျှောက်ဖို့ဆုံးဖြတ်လိုက်တယ်......

မြတ်နိုးမိသောDär berättelser lever. Upptäck nu