သူငယ်ချင်း.......

504 9 0
                                    

ကျွန်တော့နာမည်က တိမ်ယံဥက္ကာ ကျွန်တော့မှာသူငယ်ချင်းတေအများကြီးရှိပေမယ့် အချစ်ဆုံးသူငယ်ချင်းကတော့တစ်ယောက်တည်း သူကကောင်လေးမဟုတ်ဘူးဗျ ကောင်မလေး နာမည်ကရွယ်ရွယ်တဲ့ငယ်ငယ်လေးကတည်းကပေါင်းလာတာဗျ အဲ့ကောင်မလေးက ညိုညို ပုပုလုံးလံုး‌ေလး မျက်မှန်လေးနဲ့ သူကအရမ်းအတာ ကျွန်တော်မပါဘဲဘယ်မှမသွားတတ်ဘူး ကျွန်တော်ခိုင်းသမျှလည်းအကုန်လုပ်တယ် ကျွန်တော်ကသာခိုင်းတာပါ သူများကသူ့ကိုခိုင်းရင်တော့ မကြိုက်ဘူး သူသေကိုယ်သေပဲအိမ်ချင်းလည်းနီးတယ်လေ မိဘချင်းလည်းခင်ကြတယ် သူ့ဘက်ကတော့ကျွန်တော့ကိုကြိုက်နေမှန်းသ်တာပေါ့ မသိချင်ယောင်ဆောင်နေတာဘာလို့ဆို ကျွန်တော်သူ့ကိုမချစ်ဘူးဗျ သူငယ်ချင်းဆိုတဲ့စည်းလေးအတွင်းမှာပဲခင်ချင်တာ ‌သူ့ကိုလည်းဖွင့်‌မ‌ပြာဖို့ပဲဆုတောင်းရမှာပဲ ဖွင့်ပြောလို့ကျွန်တော်ငြင်းလိုက်ရင် ကျွန်တော်ကြားကခင်မင်မှုလေးပျက်သွားမှာကြောက်တယ်ဗျ
ပီးတော့ကျွန်‌ေတာ့်မှာချစ်ရတဲ့ကောင်မလေးရှိနေပီလေ သူ့နာမည်က ဖူးဖူးတဲ့နာမည်အရင်းက ဖူးပန်းခက်တဲ့ သူမကကြွေရုပ်လေးလိုမထိရက်မကိုင်ရက်နဲ့သိပ်ကိုလှတာပါ အသားဖွေးဖွေး မျက်လုံးဝိုင်းဝိုင်း နှုတ်ခမ်းဖူးဖူးလေးနဲ့အရပ်က5"5လောက်ရှိမယ် ကျွန်တော့ပုခုံးလောက်ပေါ့ သူငယ်ချင်းတေလဲသိတယ် ဒီနေ့ကောင်မလေးက သူငယ်ချင်းတေနဲ့ချိန်းထားတာကို သူလည်းလိုက်ချင်တယ်ဆိုလို့ခေါ်ခဲ့ရတယ် တစ်ခါတည်းလည်းမိတ်ဆက်ပေးရတာပေါ့ ရွယ်ရွယ့်သွားခေါ်တော့လည်းသွားနှင့်ပီတဲ့လေ အဲ့ကောင်မလေးငါမပါဘဲနဲ့တော်အပြင်ထွက်တက်နေပီ နှစ်ယောက်ထဲတွေ့မှကောင်းကောင်းဆူပစ်ရမယ်
ကျွန်တော်တို့ရောက်တော့လူစုံနေပါပီ သွားခံနီးမှဖူးက
"ကိုကိုသွားနှင့် နှုတ်ခမ်းနီလေးဖြည့်စိုးပီးလိုက်မယ်"
"ကိုယ့်ကောင်‌မလေးကနှုတ်ခမ်းနီမပါလည်းလှပီးသားပါ"
"အမယ် လာမြောက်နေတယ်သွားနှင့်ကိုကို နောက်ကလိုက်ခဲ့မယ် "
အဲ့ဒါနဲ့ကျွန်တောိလည်းသွားနှင့်ပီး ရွယ်ရွယ်တို့တွေ့တာနဲ့ဝင်ထိုင်လိုက်တယ် နှုတ်တေဘာတေဆက်ပီးတဲ့ချိန်မှာ ကျွန်တော်မကြားချင်သော စကားကိုရွယ်ကပြောခဲ့တယ် ကျွန်တော့်ကိုချစ်တယ်တဲ့‌ေလဘာမှမပြောနိုင်အောင်ကြောင်နေတုန်းမှာပဲ ဖူးရဲ့အသံလေးထွက်လာတဲ့ "ကိုကို" ကျွန်တော်ဖူးကိုလှည့်ကြည့်လိုက်တဲ့အချိန်မှာ ရွယ်ကထပြေးသွားတယ်ကျွန်တော်ကြောင်ပီးထိုင်နေမိတဲ့အချိန်မှာ
ဒုန်းးးးးကြိ !
ကျွန်တော်တို့ဆိုင်ပြင်အထွက်ရွယ်က သွေးအိုင်ထဲမှာလဲနေတယ် ဖူးကကြောက်သလို ကျွန်တော့်ရင်ခွင်ထဲပစ်ဝင်လာတယ် ကျွန်တော်လည်းလက်ကအလိုလျောက်ဖက်မိသွားပီး မျက်လုံးက ရွယ်ကိုကြည့်နေတယ် သူ့မျက်ခမ်းစက်က ကျသွားတဲ့မျက်ရေစက်လေး နှလုံးတေွနာလိုက်တာ ခံရခက်လိုက်တာ ရင်ထဲမှာတင်းကျပ်နေတာပဲ ဘာမှမဖစ်လိုက်ပါနဲ့ဟာ
ခုမှအသိညာဏ်တေအားလုံးလာကပ်ပီးတော့ သွေးအိုင်ထဲက ရွယ့်ကို သွားပွေ့လိုက်တယ် ကျွန်တော်ငိုနေတယ် "ရွယ်!မအိပ်ပါနဲ့ဟာ ငါ့ကိုခင်ရင်မအိပ်ပါနဲ့နော် အားးးးးးးးးးရွယ်ထလို့ အိမ်ပြန်ကြမယ်လို့!အီးဟီးးးးးးး"လှိုက်လှိုက်လှဲလှဲနဲ့ကိုဝမ်းနည်းလို့ငိုနေတာ ကျွန်နော့်ကမ္ဘာ့မှာ သူ သူငယ်ချင်းအနေနဲ့မရှိလို့မဖစ်ဘူး(အတ္တကြီးတာ ပြန်ကြမကြိုက်ဘူး)လူနာတင်ကားပေါ်မှာအောက်စီဂျင်ပိုက်နဲ့အသက်လုရှူနေတဲ့သူမကိုကြည့်ပီး မျက်လူံးတေဝါးလာတယ်
ဆေးရုံရောက်သူ့မိဘတေရောက်လာတယ် ကျွန်တော်ရယ်ဝေယံရယ်လည်းစောင့်ပေးနေတယ်ခွဲစိတ်ခန်းတံခါးလေးကတော့ ပိတ်လို့ အထဲမှာ ကျွန်တော့်သူငယ်ချင်းလေး တိုက်ခိုက်နေရတယ် ပြန်လာရမယ်‌ေနာ်  ငါနင့်ကိုသေခွင့်မပြုတာမို့ နင်သာငါ့ကိုချစ်တယ်ဆိုရင် နင့်နှလုံးသားကို ငါပိုင်တာမို့ နင်နှလူံးသားကိုရပ်တန်းခွင့်ပေးမှာမဟုတ်ဘူး.........

လေးနာရီကြာပီးမှဆရာဝန်ထွက်လာတယ်ရွယ့်ရဲ့အ‌ေမက "ဆရာ ကျွန်မသမီးလေးအခြေနေလေး""စိုးရိမ်စရာတော့မရှိတော့ပါ ဘူး ခေါင်းကလည်းအများကြီးထိခိုက်သွားပေမယ့်ခွဲစိတ်မှုက အောင်မြင်ပါတယ် အဆင်‌ေပြတယ် လက်ကလည်းအဆစ်လွဲသွားတော့ကျောက်ပတ်တီးစီးပေးထားရတယ် လူနာသတိရလာတဲ့ချိန်စောင့်ကြည့်ရမှာဘဲလို့‌ေပြာပီးထွက်သွားတယ် ရွယ့်ကို လူနာခန်းထဲပြောင်းရွေ့ပီးအောက်ဆီဂျင်ပိုက်တွေတပ်ပီးမှ အန်တီက‌ေနာက်လကြရွယ်ကနိုင်ငံခြားကသူ့အကိုဆီသွား‌ေတာ့မှာတဲ့  နင်ငါ့ကိုပစ်သွားဖို့တွေးနေတာပဲ ရည်ရွယ်ခ နိုးလာကြည့်‌အပစ်ပေးတဲ့အနေနဲ့စာတေအကုန်ရေးခိုင်းပစ်မယ် စိတ်သက်သာအောင်တွေးနေပေမယ့်ပိတ်ထားတဲ့မျက်တောင်လေးတေရေတွက်ပီးအကုန်ရေပြီးးရင်ရွယ်များထလာမလားဆိုတဲ့သုံးနှစ်သားအတွေးတွေတွေး‌ေနတာလည်း သူငယ်ချင်း‌ေလးကိုချစ်လို့ပါ.......
ဆေးရုံခန်းလေးထဲမှာ မျက်လုံးလေးတေမှိတ်ပီးငြိမ်သက်နေတဲ့ကောင်မလေးရယ် အဲ့ကောင်မလေးရဲ့မျက်နှာအစိတ်အပိုင်းလေးကို မျက်တောင်မခတ်ကြည့်နေတဲ့ကောင်လေးရယ် သူ့တို့နှစ်ယောက်ရဲ့ကွာခြားမှာကတစ်ယောက်ကကိုယ်နှလံုးသားကိုသိတယ် တစ်ယောက်ကတော့ ကိုယ့်စည်းဘောင်ကြီးထဲကနေ အတင်းသူငယ်ချင်းလိုပဲချစ်တာလို့ထင်နေပါတယ် ဒါမယ့်နှစ်ယောက်လုံးမသိလိုက်တာက ဒီနေ့မတိုင်ခင် အရင်အပတ်ကနေ့က သူ့တို့နှစ်ယောက်စလုံးရဲ့မိဘ‌ေတွက စေ့စပ်ရက်နဲ့ လက်ထပ်ရက်ရွေးဖို့ ဘုန်းကြီးကျောင်းသွားခဲ့ကြပီဆိုတာပါပဲ
လွန်ခဲ့သောအပတ်
"ဟယ်အမတို့ပါလား အော်ကိုဥက္ကာလည်းပါလာတာကိုးးလာလာထိုင်ကြ"
"ကိုရေ ကို"
"ဟေ ပြောမိန်းမ "
"အခန်းထဲကထွက်ခဲ့အုံး ဒီမှာ မမြတ်တို့လာတယ်"
"လာပီ လာပီ"
"ဟော ကိုဥက္ကာတို့ပြောပါဗျာ ဘာကိစ္စ ရှိလို့လဲ"
"သမီးလေးစင်ကာပူကပြန်လာရင်@#$__$&-(+&_+((--+_&"'*;!&!&(!'&&#;?;+('$$_+(())&$#"':!?"#-()/အဲ့လိုလုပ်ချင်တယ်ဗျ ကလေးတေလဲမငယ်တော့ဘူးလေ အရွယ်လည်းရောက်သင့်သလောက်ရောက်ပါပီ ကျွန်တော်သဘောက‌ေတာ့ ကျောင်းပီးရင် ကျွန်တော့် ကုမ္ပဏီကို သားဆီလွှဲပေးရမှာပီး သမီးလေးကိုပါတခါထဲ ချွေးမတော်ချင်တာနော်ကိုတိမ်ခတို့ဘက်ကရော "
ကောင်းတာပေါ့ဗျာ ကျုပ်တို့လည်းသမီးလေးကို စိတ်ချချင်ပီ အာ့ဆိုမနက်ဖြန် ဘုန်းကြီးကျောင်းသွားပီး သူတို့နှစ်ယောက်ဇာတာကိုက်ပီး ရက်ရွေးကြတာပေါ့"
"ကောင်းပါပီဗျာ"..............
တိမ်ယံ ရွယ့်ကိုရေပက်တိုက်ရင်းမှသိလိုက်တယ် အမယ် ရည်ရွယ်ခ နင်က မျက်မှန်မပါလဲ ချစ်စရာကောင်းသားပဲ ညိုတိုတိုပုပုလုံးလုံးနဲ့ တစိမ့်စိမ့်ကြည့်ရင်းဖစ်ပေါ်လာတဲ့ရင်ခုန်သံကို
ဒီလိုအဓိပ္ပာယ်ဖွင့်လိုက်တယ် စိတ်ပူတာမပျောက်သေးလို့ (စိတ်မရှည်တော့ဘူး ဥက္ကာရေ )

မြတ်နိုးမိသောDove le storie prendono vita. Scoprilo ora