အရမ်းမဆိုးပါနဲ့ဟာ

290 11 0
                                    

ရွယ်က မနက်ဖြန်ဆေးရုံဆင်းရမှာမို့ တိမ်ယံ ရွယ့်ဖို့ လိုအပ်တာလေးတွေ ရွယ်ခံတွင်းတွေ့မယ့်ဟာလေးတွေ လာဝယ်ပေးရင်းနဲ့ ဖူးခက်ပန်းကိုလှမ်းတွေ့လိုက်တယ် "သဲ...."ခေါ်မလို့ရှိသေးတယ် ဟိုဘက်ကကောင်လေးတစ်‌ေယာက်ဆီ‌ေပြးသွားပီး လက်ထဲက ကိုင်ထားသမျှကိုရှင်းပေးနေတာတွေ့လိုက်တယ် ဖူးတစ်ဦးတည်းသောသမီးမှန်း သူဖူးကိုမကြိုက်ခင် ကြားထဲကလှော်ပေးတဲ့ သူငယ်ချင်းတွေ သူတို့ဘာသာစုံစမ်းပြောကြရင်းကတည်းကသိနေတယ် ဒါဆို တစ်ဝမ်းကွဲ လား မိတ်ဆွေလား မိတ်ဆွေဆိုရင်ရော အဲ့လိုဝယ်သမျှရှင်းပေးစရာလိုလို့လား ဟိုဘက်က လူကိုကြည့်လိုက်တော့ တော်တော်ချောတဲ့ကောင်လေးပါ ဖူးနဲ့လည်း မျက်နှာမဆင်ပါဘူး ဘာဖစ်လို့လဲတော့မသ်ပေမယ့် ကိုယ့်ရည်းစားကို တခြားသူနဲ့တွဲတွေ့လိုက်ရပေမယ့် သဝန်တိုပီး အရမ်းကြီး ရှူးရှူးရှားရှားဖစ်မသွားပဲ ဘယ်သူလဲဆိုတာသိချင်စိတ်နဲ့ပဲရပ်ကြည့်နေမိတယ် သူလဲဧည့်သည်နဲ့ဆိုတော့ ကိုယ်လဲမခေါ်တော့ပဲ လိုအပ်တာတွေပဲဆက်ဝယ်ပီးပြန်လာခဲ့လိုက်တယ်

"ဖူး မောင်ဖုန်းလဲချင်တယ် နောက်ဆုံးထွက် လိုချင်တာ"
"နောက်မှလဲပေးမယ်လေ မောင်ရယ် ဖူးခုကပိုက်ဆံမလောက်တော့ဘူးလေနော် ခုဒါလေးတေအရင်ယူနှင့်နော် လာပြန်ကြရအောင် ဖူးသွားစရာရှိသေးတယ် နော် မောင်နော်"
"ဟုတ်ပီနောက်နေ့ကြ ဝယ်ထားပေးokနော်"
"ဟုတ်ပီ လာလာ သွားကြမယ်"
ဖူးမောင်ကို အရင်လိုက်ပို့လိုက်ပီး ရည်ရွယ်ခဆီသွားဖို့လုပ်လိုက်တယ် သူ့ရှေ့မှာကိုကိုက ငါ့ကိုအရမ်းချစ်တာတွေကိုပြပေးရမယ်
"ဟယ်လို အေးငါ့ကို ဟိုရပ်ကွက်မှာလာကြို လဲစရာ အကျီတွေယူခဲ့အုံး အပြန်ကုမ္ပဏီ တစ်ခါထဲဝင်မယ် "
ဖူးခက်ပန်း ဖူးခက်ပန်း မင်ဟန်သွေးကို မင်းစွပ်စွဲပီး ငါ့ညီမလေးကို စိတ်ဆင်းရဲအောင်လုပ်ခဲ့တာ ငါလည်းမင်းအတွက် အဲ့လိုလူဖစ်အောင်နေပေးမယ်ကားပေါ်ထိုင်ရင်းတွေးနေတုန်း မီးပွိုင့်မိလို့ ဘေးကြည့်မိရင်း အတွေးစပျက်သွားတယ် အကြောင်းက ဟိုပုတက်တက်မ ကားပေါ်မှာထိုင်ပီးကို စာကြည့်နေတာပဲ စာကြမ်းပိုးများလား သူငေးကြည့်နေတုံး မီးပွိုင့်က ပြန်စိမ်းသွားလို့ မှန်ပြန်ချလိုက်တဲ့သူ့မျက်နှာက သူတောင်မသိလိုက်ပဲနှုတ်ခမ်းထောင့်စွန်းလေး‌တွေကော့တက်နေတယ်
"ရွယ် ငါပြန်လာပီ မနက်က ဆန်ပြုတ်စားပီး ဘာစားထားသေးလဲ"
"မစားရသေးဘူး ပျင်းလို့ပြန်အိပ်နေတာ "
"လာ အာ့ဆို ဆန်ပြုတ်ထပ်စားရအောင် ၁၁တောင်ထိုးတော့မှာ"
"ဟာ ဆန်ပြုတ်ကြီးကြည့်ပဲ မစားချင်ပါဘူး ထမင်းစားချင်လာပီဟ ငါထမင်းမစားရတာ မေ့နေတဲ့နေ့တွေနဲ့ဆို ဆယ်ရက်တောင်ရှိတော့မယ်"
"မနက်ဖြန်မှ စားပါဟာ ဒီနေ့ဒါလေးပဲစားကြရအောင် နော် "
"တော်ပီလို့ ငါထမင်းပဲစားချင်တာ"
ဒီကတ်တီးကတ်တက်လေးနဲ့ကတော့ ဟူးးးလျှော့ပေဉီး တိမ်ယံဥက္ကာရေ လျှော့ဟ
"ဒီလိုလုပ်ဟာ နင်မာလာရှမ်းကောတို့ မောက်ချိုက်တို့ အရမ်းကြိုက်တာမလား နင်ဆေးရုံဆင်းရင် နေ့တိုင်းဝယ်ကျွေးမယ် စာမရရင်လည်းရှင်းပြမယ် ခေါင်းစည်းဖို့ခေါင်းစီးကွင်းလှလှလေးတွေရော ခေါင်းပတ်လှလှ‌လေးတွေရော ဝယ်ပေးဦးမှာ သိလား လာစားလိုက်နော် "နင်တကယ်ပြောတာနော် မလိမ်ရဘူးနော်""အေးအေး မလိမ်ဘူး"အင်းအာ့ဆိုစားမယ်ပေး""နေပါ ဒေါ်ဒေါ်ရွယ်ရယ် ကျွန်တော်ပဲ တိုက်ပါ့မယ်ဟ""ငါ့ဘာသာငါ မစားရတာ အရမ်းကြာနေပီ ငါ့လက်ကောင်းနေပီလို့""ဟပါဟာ အရမ်းကြီးမဆိုးပါနဲ့ရွယ်ရာနင်အရမ်းဂျီကြတာပဲ"သူပြောမှ သတိထားမိတယ် သူ့ကိုမချစ်ဟန်ဆောင်ပါမယ်ဆိုမှ သူက အသေဂရုစိုက်နေတော့ ကိုယ်ကအရမ်းဆိုးပီးနွဲ့နေတာ သတိထားမိတယ် အရင်ကဒီလိုမဟုတ်တာကို ရွယ်ကသူ့ကိုသူသတိမထားမိပေမယ့် တိမ်ယံကတော့ ရွယ့်အကျင့်ကိုသိလေတယ် ဒီ‌ကလေးမလေးက သာမာန်အချိန်ဆို အရမ်းနာခံပီး ချစ်စရာကောင်းပေမယ့် နေမကောင်းချိန်ဆို သူ့အပေါ်အသေဂျီကြပီး အူယားစရာကောင်းလေတယ် "ဟပါဟာနော်" သူတို့နှစ်ယောက် အခန်းထဲက အသံတွေကို ဆေးရုံခန်းအပြင်က ဖူးခက်ပန်း ကြားပီးလက်သီးဆုပ်ထားတာက လက်ထဲစိုက်ပီး သွေးပါစို့နေလေပီ
ကျွီ..........
"ဟယ်လို မရည်ရွယ်ခ နေကောင်းရဲ့လား""ဟယ် ဖူးလေးပဲ လာလာညီမလေး အမ နေကောင်းနေပီ ""တိမ်ယံ့လက်ထဲက ဆန်ပြုတ်ခွက်ကို ဆွဲယူရင်းပြောတော့ တိမ်ယံက လက်ကို ပုတ်ထုတ်လေတယ် "ငြိမ်ငြိမ်နေဟ ဖူးထိုင်လေ ""မထိုင်တော့ဘူးကိုကို ကိုကို့ကိုလာခေါ်တာ ဖူးသွားစရာရှိလို့ ""မလိုက်တော့ဘူး ဖူးရဲ့ ဒီမှာရွယ်တစ်ယောက်ထဲမို့လို့"လို့ပြောတော့ ဖူးကထွက်သွားလေတယ် စိတ်ဆိုးသွားတာထင်ပါရဲ့ လိုက်တော့မချော့တော့ဘူး ခါတိုင်းလိုဆို လိုက်ချော့မှာပါ မားကပ်မှာတွေ့ပီးကတည်းက စိတ်ထဲခုသွားတာ "ဟဲ့ စိတ်ဆိုးသွားပီး လိုက်ချော့လေဟယ်သွားသွား ငါ့ဘာသာဆက်သောက်လိုက်မယ် "တိမ်ယံ့ကိုအရမ်းချစ်ပေမယ့် သူများလက်ထဲကတော့ လုယူချင်တဲ့စိတ် အလျဉ်းမရှိခဲ့တာပါ "ရတယ် ထားလိုက် ငါနောက်နေ့မှ ချော့လိုက်မယ် ဟ "
သက်မှူးအိမ်တစ်ယောက် ကျောင်းသွားရင်းနဲ့ ဖေဖေက သူ့ကုမ္ပဏီအတွက်ရင်းနှီးမြှုပ်နှံမှုအတွက် ပစ္စည်းနမူနာပို့ဖို့ လမ်းကြုံအဝတ်စတွေ လမ်းကြုံပို့ခိုင်းလို့ အဲ့ကုမ္ပဏီရှေ့ရပ်လိုက်တယ် တစ်ခါမှ အဲ့လိုတွေ မလုပ်ခိုင်းဖူးပဲ ခုမှ တအားကြောက်တတ်ရင်မကောင်းဘူးမို့ လုပ်ရဲကိုင်ရဲရှိအောင်ပို့ခိုင်းတာတဲ့ မှူးတို့က အရမ်းချမ်းသာတာ မဟုတ်ဘဲ ကုမ္ပဏီအသေးစားလေးပိုင်ပါတယ် ကုမ္ပဏီဆိုပေမယ့် စက်ရုံလေးလောက်ပါပဲ ရွယ်တို့တိမ်ယံတို့ကလွဲလို့ ဘယ်သူ့ကိုမှစကားမပြောဖူးတော့ ဒီလို ကုမ္ပဏီအကြီးကြီးရှေ့ရပ်‌လိုက်ရတော့ အစကတည်းကကြောက်နေတဲ့စိတ်တွေကိုငြိမ်‌ေအာင်စာကျက်လာခဲ့သမျှ ခုတော့ပိုအရှိန်မြင့်လာသလိုပဲ အာ့ကြောင့် အောက်က စာရေးအမကိုမေးတော့ အမက ဥက္ကဌအတွင်းရေးမှူးဆီဖုန်းဆက်မေးပေးပီး အပေါ်ကိုတက်လာခဲ့ဆိုလို့ အဲ့အမပြတဲ့နောက်က ခေါင်းလေးငုံးပီးပဲလိုက်လာခဲ့လိုက်တယ်...........

မြတ်နိုးမိသောWhere stories live. Discover now