နှလုံးသားခံစားမှု

179 9 1
                                    

အိမ်ပြန်ရောက်မှ စားချင်တာစားရတော့တာပဲ
"သား ယံယံ ထည့်စားနော် "
"ဟုတ်ကဲ့ အန်တီ"
"သားရေ ပီးရင်သားမေမေနဲ့ဖေဖေကို အိမ်ကိုလွှတ်လိုက်ပါဦး ကွယ် အန်တီ ပြောစရာလေးရှိလို့"
"ဟုတ် အန်တီ သားပြောလိုက်ပါ့မယ်"
"ရွယ် ငါနောက်နေ့မှ နင်သွားချင်တဲ့နေရာတွေ လိုက်ပို့မယ် စားပီး ဆေးသေချာသောက်ပီး အိပ်တော့နော်"
"‌အွန်း မေမေ သမီးနားချင်ပီ အိပ်ချင်တာ"
ဟက် အိပ်ချင်တာပြောတဲ့ မျက်နှာလေးက အိပ်ပျော်တော့မှာ မျက်လုံးလေးကိုရဲလို့
"သမီး ကထမင်းတော်ပီလား"
"ဟုတ်မေ တော်ပီ"
"လာ ငါလိုက်ပို့မယ်"
"နေအုံးသမီး ဖေဖေမှာစရာရှိတယ်"
"ဟုတ်"
"သားက စာမေးပွဲပီးတာနဲ့ သူတို့ကုမ္ပဏီကိုဦးစီးဖို့ လေ့လာရတော့မှာ အရမ်းကြီးမရှုပ်ရဘူးနော် သမီး"
"ဟုတ်ကဲ့ဖေဖေ"
"ရပါတယ် ဦးရဲ့ကျွန်တော်သူ့ကို ဂတိပေးထားလို့ပါ စာမေးပွဲပီးရင် တစ်ပတ်လုံး သူလုပ်ချင်တာတွေ လုပ်ပေးပီးမှ  ကုမ္ပဏီ စဝင်မှာ"
"အေးပါကွာ မင်းကျေနပ်ရင်ပီးတာပါပဲ"
"ဟုတ်ကဲ့ဗျ ရွယ်လာ သွားကြစို့"

"အိပ်တော့နော်"
"အွန်း"
"မနက်ဖြန်ကြမှ ကျောင်းတတ်မှာမလား ငါစာတွေကူးပီး နင့်လွယ်အိတ်ထဲထည့်ထားတယ် နင်နေကောင်းလာရင် ငါ့ကို အကြွေးတွေ‌ဆပ်ရမယ်နော်"
"ဟွန့် နင့်ကိုမခေါ်ချင်တော့ဘူး"
"ဟေ့ ဟေ့ မခေါ်လို့မရဘူးနော် နင်ငါ့ကိုဘယ်တော့မှ မခေါ်ဘဲနေလို့မရဘူး"
"နင်ကလောဘကြီးလိုက်တာ"
"ကြီးကြီးပဲ တော်ပီ အိပ်တော့ "
တိမ်ယံ ရွယ့်ကို အိပ်ခိုင်းပီးအိမ်ပြန်လာခဲ့တယ် အဝင်ဝက ဧည့်ခန်းမှာ ဖေဖေနဲ့မေမေစကားပြောနေတာတွေ့တော့"မေမေ ရွယ့်အမေက လာခဲ့ပါအုံးတဲ့ ‌ေ‌ဖဖေရော မေမေရောပြောစရာရှိလို့ပါတဲ့ "အေးအေးဟုတ်ပီ သားရေ"ဒါဆို သားနားတော့မယ်နော်"
"အေးအေး သား"
အခန်းထဲရောက်တော့ အိပ်ယာပေါ် ကန့်လန့်ဖြတ် လှဲချရင်း
"တွီ တွီ..........hello"
"Hallo သဲ ဘာတွေလုပ်နေလဲ"
"သွားပါ သဲကိုပစ်ထားတုံးက ပစ်ထားပီး"
"မဟုတ်ပါဘူးသဲရယ် ရွယ်က ဆေးရုံတက်နေတာလေ ကိစ္စအဝဝကိုကိုယ်ပဲ ဦးဆောင်လုပ်ပေးနေရတာသဲရဲ့ အဲ့ကြောင့် ပစ်ထားသလိုဖစ်သွားတာပါကွာနော်"
"သူတို့အိမ်က မိသားစုတွေ ရှိတာပဲ ကိုယ်က ပိုကိုပိုတာပါနော်"
"ကဲ ဟုတ်ပါပီသဲရယ် အာ့ဆို ဒီနေ့တွေ့ကြမလား ကိုယ်ညနေအားတယ် ခု၁၂ထိုးနေပီ ညနေ ၄နာရီလောက် ပန်းသတင်းစားသောက်ဆိုင်ကို လာခဲ့နော်"
"ဟုတ် လာခဲ့မယ် "
"ဒါပဲနော် ကိုယ်"
ဖုန်းချပီး ပင်းပန်းထားတာရယ် အချိန်ရသေးတာရယ်ကြောင့် တိမ်ယံ အိပ်မလို့လုပ်လိုက်တယ် ဒီရက်ပိုင်းဖူးကို ဟိုကောင်လေးနဲ့ တွေ့‌ေတွ့နေရတာ ကိုယ်တစ်ယောက်မဟုတ်တော့ သူငယ်ချင်းတွေကပါလာလာပြောကြလို့ တည့်မေးရင်ကောင်းမယ်လို့လဲတွေးမိတယ် တစ်ခုပဲ နှလုံးသားခံစားမှုထူးဆန်းတယ် ရည်းစားဖစ်တုန်းက ကိုယ်တိုင်ကစမကြိုက်ခဲ့ပေမယိ့သူငယ်ချင်းတွေအားပေးချက်ကြောင့်တွဲလိုက်တယ် အစတုံးက ခံစားချက်အသစ်တွေနဲ့စိတ်လှုပ်ရှားခဲ့မိလို့ နောက်နှစ်ကြ လက်ထပ်မယ်လို့တောင်တိုင်ပင်ထားမိတယ် ဒါမယ့်ဖူးကိုတစ်ခြားတစ်ယောက်နဲ့‌တွဲ‌တွေ့တာတောင် ဘယ်သူမှန်းသိချင်ရုံကလွဲပီး ဘာမှ မခံစားရတာ.........တွေးရင်းအိပ်ပျော်သွားလိုက်တာ ဖုန်းသံကြားမှ ပြန်နိုးလာတယ်"ဟယ်လို"
"ဟယ်လို ယံယံ ""အင်းရွယ်ပြော"
"ငါမနက်ဖြန်ကြ မုန့်လျှောက်စားချင်လို့ ညဈေးတန်းသွားချင်တယ် လိုက်ပို့လို့ရမလားဟင်"
"အင်းလိုက်ပို့မှာပေါ့ ငါမပို့ဘဲ နင်ဘယ်လိုသွားမလဲ"
"အွန်း ငါအိမ့်မှူးကိုရောခေါ်လိုက်မယ်နော်"
"အေးအေး"
"အာ့ဆိုဒါပဲနော်""အေး "
နေပြန်ကောင်းတော့ အရင်က ရွယ်လေးပြန်လာပီပဲ ကိုယ့်ကို အားကိုးတတ်တဲ့ ကောင်မလေး နေကောင်းရင်တော့ ဂျီမတိုက်တော့ဘူး ဟွန်းးးး ဖူးနဲ့ချိန်းထားတာပဲ ရေချိုးဦးမှ

"ဟယ်လို အိမ့်ရေ မနက်ဖြန်ကြ ညဈေးတန်းသွားရအောင် ငါနဲ့ယံယံ လာခေါ်မယ် သိလားရေချိုးထားနော် "
"ရွယ်ရေ ငါတောင်းပန်ပါတယ် နင့်ဆီကိုတစ်ခေါက်ပဲလာရတယ် ဖေဖေက အလုပ်တွေခိုင်းနေလို့ပါ ငါ့ကိုစိတ်မဆိုးပါနဲ့နော်""အေးပါဟာ စိတ်မဆိုးပါဘူး ငါလည်းအဆင်ပြေတာပဲ နင်သာအဆင်ပြေရဲ့လား နင်က ငါ့ထက်တောင် မသွားတတ်မလာတတ်နဲ့လူကြောက်တတ်တာ ဘယ်အလုပ်ခိုင်းတာလဲဟ"
ဒီ လိုဟ#@@# +-&_$$&$_$_$##@@အဲ့ဥက္ကဌကြီးက အဲမဟုတ်ဘူး ဥက္ကဌလေးက စဉ်းစားဦးမယ်တဲ့အာ့နဲ့ငါလည်း"အာ့ဆို ခွင့်ပြုပါဦးရှင့် ပြန်လို့ရပီလားရှင့် ဆူစရာရှိသေးရင် ထိုင်နေပါ့မယ်"
"အမယ် ဘေးလူကြားရင် ငါကပဲ လှိမ့်အော်နေသလိုနဲ့"
"တကယ်အော်နေတာပဲကို"အိမ်ကတိုးတိုးလေးပြောလိုက်လျင်"ဘာ မင်းဘာပြောလိုက်တယ်"
"ဟင့်အင်း ဘာမှ မပြောပါဘူးရှင့်"
"သွားရပီပြန်လို့ လက်ခံ လက်မခံ မင်းအဖေကို ငါဖုန်းဆက်လိုက်မယ်"
"ဟုတ် အာ့ဆိုသွားပီရှင့် တာ့တာ"

"ဘာ အာ့ဆို အိမ့် နင်တာတာ့ပြောပီးပြန်လာတာပေါ့"
"မဟုတ်ဘူးဟ ပြသနာကခုမှစမှာ"
"ဟမ် ဘယ်လို"
"ဒီလိုဟ ငါ အဲ့ရုံးခန်းထဲကထွက်လာတော့ အိမ်က ဒရိုင်ဘာဦးလေးက သူ့မိန်းမမွေးခါနိးဗိုက်နာလို့ဆို ပြန်သွားတာဟ အာ့နဲ့ ငါတက္ကစီငှားနေတုန်း အဲ့ဥက္ကဌချောချောလေးလည်းဆင်းလာတာ သူနဲ့တွေ့တော့ သူက ဖေဖေနဲ့အလုပ်ကိစ္စပြောမလို့တဲ့တစ်ခါထဲပို့ပေးမယ်ဆိုလို့ သူနဲ့လိုက်လာရတယ်ကွာ အကြမ်းဖျင်းပဲသိထားတော့ မနက်ဖြန်တွေ့မှ အကုန်ပြောပြမယ်နော်ရွယ်""အေးအေး အာ့ဆိုညကြအသင့်ပြင်ထားနော်"
"အေးအေး ရွယ်ရေ ငါနင့်လို လေးလုံးဖစ်တော့မယ်ဟ စာကြည့်ရတာ မျက်လုံးတွေနာလို့ အိမ်ကမျက်မှန်လုပ်ခိုင်းထားထာ မနက်ဖြန်နင်တို့နဲ့တွေ့မှပဲ ဝင်လုပ်လိုက်တော့မယ် "
"အေးအေး ခစ် ခစ် လေးလုံးနှစ်‌ယောက်ပေါ့ ဟီးဟီး"
"ဟီးဟီး ဟုတ်တယ်နော် ဒါပဲနော်"
"အွန်း တာ့တာ့"

မြတ်နိုးမိသောWhere stories live. Discover now