Chapter 100

163 24 0
                                    

"ကော....ဘာဟင်းချက်လဲ..."

အိမ်နေရင်းဝတ်အင်္ကျီဖြူဖြူအပွကြီးထဲကိုလက်ထိုးထည့်ကာ ဗိုက်ကိုတပွတ်ပွတ်နှင့်မီးဖိုခန်းထဲဝင်လာတဲ့ရီပေါ်ရဲ့ တကြော်ကြော်အသံက လူမမြင်ရေသေးခင်တင် အသံကရောက်နေပြီ။

မီးဖိုခန်းထဲဝင်ဝင်လာချင်း ဟိုအိုးအဖုံး ဒီအိုးအဖုံးလှန်လောကာဖွင့်နေတဲ့ရီပေါ်လက်ကိုရှောင်းကျန့်ဖြတ်ရိုက်လိုက်သည်။

"ထမင်းနဲ့စားဖို့လုပ်ထားတဲ့ဟင်းတွေ၊ စည်းမရှိကမ်းမရှိ ဒီတိုင်းမစားနဲ့"

"နည်းနည်းလေးမြည်းကြည့်မလို့ကို"

နှုတ်ခမ်းလေးထော်ကာပြောလာတဲ့ ကလေးမသာမျက်ခွက်ကိုရှောင်းကျန့်မျက်စောင်းထိုးလိုက်သည်။

မကျေနပ်ဘူး...သူမကျေနပ်နိုင်သေးဘူး...

မျက်စောင်းတထိုးထိုးဖြစ်နေသည့်ရှောင်းကျန့်ကြောင့် ရီပေါ်အခြေအနေမဟန်ကြောင်းတွက်လိုက်ကာ ဘေစင်ထဲကရှောင်းကျန့်ချက်ပြုတ်ရင်းထည့်ထားသည့်အိုးတစ်လုံးနှင့် ပန်းကန်နှစ်ချက်သုံးချက်လောက်ကိုဆေးဖို့ပြင်လိုက်သည်။

"အဲ့ဒါဘာလုပ်မလို့လဲ"

"ဟို ဟို၊ ပန်းကန်ဆေး..."

"အဲ့နှစ်ချက်သုံးချက်နဲ့ဆေးပြီးဘာလုပ်မှာလဲ၊ ရေကုန်တာပဲအဖက်တင်တာပေါ့၊  အကုန်ပြီးမှရောဆေးဖို့ငါထားထားတာ"

ခပ်ပြတ်ပြတ်လေသံနှင့်ပြောလာတဲ့ရှောင်းကျန့်ကြောင့် ရီပေါ်မျက်နှာလေးငယ်ကျသွားသည်။

"ဟုတ်"

ထို့နောက်ရှောင်းကျန့်လှီးဖို့ပြင်ထားသည့်မုန်လာဥတွေဆီအကြည့်ရောက်သွားပြန်သည်။

*ဟင်း ဟင်း...

လှစ်ခနဲစဉ့်တီတုန်းကိုပြေးယူကာ မုန်လာဥနီတစ်ခုကိုယူကာစဉ့်တီတုန်းပေါ်တင်ပြီးဓားနှင့်လှီးလိုက်သည်။

"အိ"

ဒီမုန်လာဥနီကငါ့ဟာလောက်တောင်မကြီးဘဲဘာလို့ဒီလောက်မာနေရတာလဲ...

*ဒုန်း!

ဓားနှင့်ခပ်ဆောင့်ဆောင့်ခုတ်ချလိုက်တော့ မုန်လာဥနီကနှစ်ပိုင်းပြတ်သွားပြီး စဉ့်တီတုန်းနှင့်ဓားထိသံကလည်းမီးဖိုခန်းထဲပဲ့တင်ကာထွက်လာသည်။

Yizhan's Diary💚❤️ Part - IIWhere stories live. Discover now