Chapter 106

135 25 6
                                    

"အတွင်းရေးမှူးရဲ့၊ ဆန်မုန့်လုံးပြုတ်လေးစားပါဦး"

အရှေ့ရောက်လာသော အငွေ့တထောင်းထောင်းနှင့်ဆန်မုန့်လုံးပြုတ်ကိုကြည့်ပြီး ဝမ်ရီပေါ်တစ်ယောက်လည်ပင်းက နက်ကတိုင်ဟုခေါ်သောကြက်ဟင်းခါးသီးကိုကျောအနောက်သို့ပို့ကာ အားရပါးရကုန်းစားမည့်ဟန်ပြင်လိုက်သည်။ သို့သော် ထပ်ကြားလိုက်ရသောမူနွဲ့နွဲ့အသံချိုချိုလေးကြောင့် ဟင်းရည်ဇွန်းကိုကိုင်တော့မည့်ဟန်ပြင်နေသောလက်ကို အသာထိန်းလိုက်ရပြန်သည်။

"အို...အတွင်းရေးမှူးရဲ့က ဆန်မုန့်လုံးပြုတ်ထက် ဘရန်ဒီကိုပိုသဘောကျဟန်ရှိတယ်နော်၊ ဒါပေမယ့် ဒီနေ့ကမီးပုံးပွဲတော်နေ့မဟုတ်လား"

ရီပေါ့်အရှေ့တည့်တည့်က စားပွဲခုံတစ်ဖက်ခြမ်းမှာထိုင်နေသော ကုတ်အင်္ကျီအနီလေးနှင့်ရှောင်းကျန့်က လက်ထဲကအဝါရောင်အရည်တို့ထည့်ထားသောခွက်ကို လက်နှင့်ကရော်ကမယ်လေးလှည့်နေရင်း မူပိုသောအပြုံးတို့ကိုပြုံးနေသည်။

"အဲ အဲ ဆန်မုန့်လုံးပြုတ်ကိုကိုယ်ကြိုက်ပါတယ် ကျန့်...အဲ အိမ်တော်ထိန်းရှောင်ရဲ့"

စကားမမှားအောင်အလိုက်အထိုက်ပြန်ပြောရင်း မျက်စိကတော့စားပွဲပေါ်ကအငွေ့တထောင်းထောင်း မုန့်ဟင်းရည်ကိုအကြည့်မလွှဲနိုင်ဖြစ်နေသည်။

"အဟင်း ကြိုက်တယ်ဆိုလို့တော်သေးတာပေါ့၊ အတွင်းရေးမှုူးရဲ့ ရဲ့အကြိုက်ကအများနဲ့မတူဘဲတမူထူးခြားတယ်လို့သတင်းတွေမွှေးနေတာလေ"

ရှောင်းကျန့်က ပြောင်လက်နေသောခွက်ထဲကဝါဖန့်ဖန့်အရည်တို့ကိုနှုတ်ခမ်းတို့စိုစွတ်ရုံအသာငုံလိုက်ပြီး ရီပေါ့်ရှေ့သို့တိုးကပ်လိုက်သည်။

"ဥပမာ ဒီဘရန်ဒီပြင်းရှရှလိုပေါ့"

ဖိကပ်လာသောနှုတ်ခမ်းနုနုကြောင့် ဝမ်ရီပေါ့်ဦးနှောက်တို့ကဘလာကျင်းသွားသည်။ ထိုနှုတ်ခမ်းသားတို့ဖယ်ခွာသွားတော့ ပါးစပ်ထဲကျန်ခဲ့သည်ကား စပ်ခါးခါးဘရန်ဒီအရသာအစား ဖန်တန်တန်တရုတ်ရေနွေးကြမ်းအရသာ...

ဘရန်ဒီအယောင်ဆောင်ရေနွေးကြမ်းခွက်ကို ဟန်ပါပါလှည့်ရင်းမျက်စပစ်ပြနေသော ရှောင်းကျန့်ကိုအားကျမခံ ဝမ်ရီပေါ်ကလည်းဘောင်းဘီအိတ်ထဲကလော်လီပေါ့တစ်ချောင်းကို စတိုင်အပြည့်နှင့်ထုတ်ကာအခွံခွာပြီး လက်ကြားညှပ်၍ပါးစပ်ထဲထည့်လိုက်သည်။ ပြီးနောက် လော်လီပေါ့တုတ်တံကို လက်ညှိုးလက်ခလယ်နှင့်အသာညှပ်ကာ နှုတ်ခမ်းကြားမှဆွဲထုတ်ပြီး ဝှုူးခနဲမှုတ်ထုတ်လိုက်သည်။

Yizhan's Diary💚❤️ Part - IIWhere stories live. Discover now