Chapter 112

129 20 0
                                        

"ကျန့်ကော...နို့တိုက်!"

ကလေးလိုလို ခွေးလိုလိုအသံနှင့်ပြောရင်းဆိုဖာပေါ်မှာဝမ်းလျားမှောက်နေတဲ့ဝမ်ရီပေါ်ကို ရှောင်းကျန့်စိတ်လေစွာကြည့်လိုက်မိသည်။ အကြောင်းမသိတဲ့သူတွေရော အကြောင်းသိသူတွေရောကြားရင်တစ်မျိုးတစ်မည်ထင်စေနိုင်သောစကားမျိုးကို ဝမ်ရီပေါ်တို့ကအရသာခံပြောတတ်သည်။

"ရေခဲသေတ္တာထဲမှာပါကင်လိုက်အအေးခံထားတာ မင်းဘာသာယူသောက်လိုက်ရင်ဘာဖြစ်သွားမှာမို့လို့လဲ"

ရိုက်ကူးရေးအတွက်ဝတ်ပြီးသားအဝတ်အစားတွေကိုအစီအရီခေါက်သိမ်းကာ နောက်ထပ် sences များအတွက်လိုအပ်သော အဝတ်အစားအချို့ကိုရှောင်းကျန့်ထုတ်ယူပြီးချိတ်နှင့်သေချာတန်းပေါ်ချိတ်ထားလိုက်သည်။ ဒါမှရိုက်ကူးရေးကျလျှင်ရှာဖွေနေစရာမလိုတော့ဘဲ အသင့်ဝတ်နိုင်မည်ဖြစ်သည်။ ပုံမှန်ဆိုဒီအလုပ်ကို အဖွဲ့ထဲက assistant designer တစ်ယောက်လုပ်ပေးသော်လည်း ရှောင်းကျန့်ဆီသို့ဝမ်ရီပေါ်လိုက်လာသည့်နေ့ကစပြီး အဝတ်အစားပြင်တာမျိုးလောက်ကတော့ရှောင်းကျန့် သူကိုယ်တိုက်သာလုပ်ဖြစ်တော့သည်။

"ကျန့်ကောတိုက်တဲ့ နို့ကပိုချိုတာကို..."

တွေ့လား တွေ့လား... အဲ့စကားမျိုးကိုအပြင်လူတစ်ယောက်ယောက်ကြားလျှင်ဘယ်လောက်တောင်မှောင်မဲသွားနိုင်တဲ့စကားမျိုးလဲ? ပြောနေတဲ့အခွက်ကိုကကြည့်! ရုံးပတီသီးဆပ်ပြာတိုက်ထားတဲ့ရုပ်မျိုးနဲ့!

အတွေးနဲ့တင်ရှောင်းကျန့်ထပ်မခံစားနိုင်တော့သဖြင့်  ကုတင်ပေါ်မှဆောင့်ဆက်ထကာ သုံးလှမ်းလောက်လှမ်းလျှင်ရောက်သော kitchen ပုံစံလုပ်ထားသည့်ဟိုတယ်ခန်းအနောက်ဘက်သို့ဝင်သွားလိုက်သည်။ အနောက်ရောက်တုန်း ရေဆာလာသဖြင့်အနည်းငယ်အအေးခံထားသော Greentea ကိုရေခဲသေတ္တာထဲမှထုတ်ယူကာတစ်ငုံနှစ်ငုံသောက်လိုက်ပြီးမှ နံနံပင်နို့တစ်ဘူးယူပြီးအရှေ့ဘက်ထွက်လာလိုက်သည်။

"ကျန့်ကောကိုယ်တိုင်တောင် နို့ညှစ်နေပြီထင်တာ"

"ဘာ!!!"

"ဘာပြောလို့လဲ၊ ဘာမှပြောပါဘူးနော်"

အပြစ်ကင်းစင်သလို အူကြောင်ကြောင်မျက်နှာပေးလုပ်နေသောဝမ်ရီပေါ်ကိုရှောင်းကျန့် မျက်စောင်းထိုးပြီးနို့ဘူးကိုပစ်ပေးလိုက်သည်။

Yizhan's Diary💚❤️ Part - IIWhere stories live. Discover now