Chapter 108

116 20 4
                                    

*တီ...

အလင်းပင်မရောက်သေးဘဲအမှောင်ရိပ်သာသန်းနေသေးသော အရုဏ်တက်မရောက်တရောက်အချိန်တွင်တုန်ခါလာသောဖုန်းကြောင့် မီးအလင်းဖွင့်ထားသောအခန်းထဲမှ ကုတင်ပေါ်နှစ်ခြိုက်စွာအိပ်မောကျနေရာကနေ

ခေါင်းအုံးအောက်လက်ထိုးပြီးဟိုစမ်းဒီစမ်းရှာနေသည့်ကောင်လေးသည်

ရှာနေသည်ကိုတွေ့သွားပုံရသည်။ အဆက်မပြတ်တုန်ခါနေသောဖုန်းကိုတွေ့သွားမှ လက်ယာဘက်မှခေါင်းအုံးတစ်လုံးကိုပေါင်ကြားထဲထည့်ညှပ်လိုက်ကာ ဖုန်းကိုနားနားကပ်လိုက်သည်။

"ဝေ..."

"ရီပေါ်၊ ဒီနေ့ရိုက်ကွင်းက ၉နာရီမှစမယ်၊ ဆက်တင်နဲ့ပတ်သက်ပြီးပြဿနာနည်းနည်းရှိလို့တဲ့"

မန်နေဂျာလီဆီကသတင်းစကားကြောင့် ရီပေါ်ဖုန်းပြောရင်းနှင့် ဖုန်းကိုထောင်ကြည့်လိုက်သည်။ မနက် ၄နာရီခွဲ... အရင်ကခြောက်နာရီအရောက်ဟုပြောထားသောရိုက်ကွင်းကို အချိန်မတိုင်မီအမြဲတမ်းစောသွားတတ်သောရီပေါ်အတွက်

စောစောလှမ်းပြောပုံရသည်။

"အင်း...ဒါဆိုလည်းပြီးရော"

"၈နာရီခွဲလောက် ဟိုတယ်ကိုကားလာခေါ်မယ်"

"ဟုတ်"

ဖုန်းချပြီးတော့အနည်းငယ်မျက်လုံးကျယ်သွားသဖြင့်ဖုန်းကိုဖွင့်ပြီး ဟိုပွတ်ဒီပွတ်ခဏလုပ်လိုက်သည်။ ပြီးတော့မှ "ကိုယ့်အသည်းပေါင်ပေါင်း" ဆိုတဲ contact မှတ်ထားတဲ့

conversation ကိုဝင်လိုက်တော့ ည၁၀နာရီခွဲကပို့ထားသည့် "အရမ်းချစ်တယ် ကောရဲ့ခွေးပေါက်လေး 😘"  ဆိုတဲ့စာလေးကိုကြည့်ပြီး ပါးမို့မို့များဖောင်းတက်သွားအောင်ရီပေါ်ပြုံးလိုက်သည်။

ကောကလေ လူတင်ချစ်ဖို့ကောင်းတာမဟုတ်ဘူး...ပြောတဲ့စကားတိုင်းကိုချစ်ဖို့ကောင်းနေတာ...

အတွဲတိုင်းဒီလိုစကားမျိုးပြောပါတယ်လို့ မင်းတို့ပြောနိုင်ပေမယ့်... လူချင်းအတူတူတောင်ကျန့်ကောကပြောလိုက်ရင် ပိုအဓိပ္ပာယ်ရှိပြီး ပိုချစ်ဖို့ကောင်းတာကွာ သိလား...သိမယ့်ပုံလည်းမပေါ်ကြပါဘူး...

Yizhan's Diary💚❤️ Part - IIWhere stories live. Discover now