"ခူး...ခလော...ခူး..."
ရိုက်ကူးရေးကိုဘယ်လိုတွေလုပ်လုပ်လာမှန်းမသိသောဝမ်ရီပေါ်က အကုန်အဆင်ပြေတယ်၊ ပြီးပြီဟုပြောပြီး ရှောင်းကျန့်ရိုက်ကွင်းရှိရာဆီသို့နေ့ချင်းပြန် သို့မဟုတ် ညချင်းပြန်လိုက်လိုက်လာတတ်သည်မှာ လေယာဉ်ကုမ္ပဏီကိုများလုပ်ကျွေးနေသလားထင်ရသည်။
မန်နေဂျာလီလီကို လေယာဉ်ကုမ္ပဏီမှဝန်ထမ်းနှင့်ညားပြီဟုထင်ထားရာမှ ယခုဇနီးနှင့်လက်ထပ်တော့ရှောင်းကျန့်တစ်ယောက်တော်တော်လေးအံ့ဩခဲ့ရသေးသည်။ မန်နေဂျာလီမဟုတ်လျှင် ဝမ်ရီပေါ်တော့လေယာဉ်မယ်နှင့်ငြိတော့မှာပဲဟုတွေးပူမိသောရှောင်းကျန့်မှာ မိမိခေါင်းကိုပင်နာနာထုလိုက်မိသည်။ ဘယ်လေယာဉ်မယ် ဘယ်ပိုင်းလော့ကတော့ဝမ်ရီပေါ်ကိုအထာပေးလေမလားမပြောတတ်ပေမယ့် တစ်လမ်းလုံးငိုက်လာပြီးမျက်ချေးအပြစ်လိုက်ကိုနေကာမျက်မှန်၊ နှာခေါင်းစွတ်အမည်းတို့နှင့် ဖုံးကွယ်ထားတတ်သော အကြင်ယောကျ်ားဝမ်ရီပေါ်သည်လေယာဉ်ပေါ်ကဆင်းပြီဟေ့ဆိုလျှင်ရှောင်းကျန့်ရှိရာဟိုတယ်သို့ဒုန်းစိုင်းပြေးလာတတ်၍ တန်းတွေ့သည်နှင့်တန်း၍ကုတင်ပေါ်ပစ်တင်တတ်သောလူစားမျိုးဖြစ်သည်။ ထိုသို့သောကိစ္စအတွက် ရှောင်းကျန့်မှာဂုဏ်ယူရမလားမပြောတတ်ပေမယ့် တင်ပါးဆီကအတန်ငယ်နာကျင်နေသောဒဏ်ကြောင့် နာကျင်ရသောဂုဏ်ယူမှုဟုသာကင်ပွန်းတပ်ချင်ပါသည်။
ယခုလည်း ဆိုဖာပေါ်တွင်ထိုင်၍တီဗီကြည့်နေသောရှောင်းကျန့်ပေါင်ပေါ်တွင်ခေါင်းတင်ကာ ပါးစပ်အဟောင်းသားနှင့်အိပ်မောကျနေသောဝမ်ရီပေါ်တစ်ယောက်ရှိလေသည်။ ထိုသူ၏ဆံပင်ငုတ်စိတိုကို စိတ်ရှည်လက်ရှည် လက်နှင့်ဖွပေးနေသူကတော့ရှောင်းကျန့်။
တီဗီထဲမှ Home Shopping ကိုစိတ်ဝင်တစားနှင့်ကြည့်နေတုန်းပေါင်ထက်မှစိုစိစိခံစားချက်ကြောင့်ရှောင်းကျန့်မျက်ခုံးကျုံ့သွားသည်။ ပေါင်ပေါ်တွင်ငိုက်ကျနေသောပါးလုံးလုံးအောက်သို့လက်အသာလျှိုကာစမ်းကြည့်တော့ ပျစ်ချွဲချွဲသားရည်များကလက်ဖဝါးတွင်ကပ်ပါလာသည်။
"ဟင်း..."
ရှောင်းကျန့်သက်ပြင်းချလိုက်ပြီးလက်တစ်ကမ်းအကွာတွင်ရှိသောတစ်သျှူးဘူးသို့လက်လှမ်းကာတစ်သျှူးတစ်ရွက်ယူသုတ်လိုက်သည်။ ထို့နောက် နောက်တစ်သျှူးတစ်ရွက်ထုတ်ယူကာခေါင်းလုံးလုံးလေးကိုအသာမ၍ ပါးလုံးတစ်ဝိုက်ပေပွနေသောသားရည်စများကိုအသာအယာသုတ်ပေးလိုက်သည်။
