Ep - 13

243 40 0
                                    


" ဘာလုပ်နေတာလဲ။ အဲဒါ ဘာလုပ်နေတာလဲလို့ "

" ကြက် .. ကြက်ဖမ်းနေတာလေ။ ပိုင်ပိုင့်ကို ချက်ကျွေးမလို့ "

" ဘာ ! "

" ရော် ခက်ပြီ။ မကြားဘူးလား။ ပိုင်ပိုင့်အတွက် ကြက်ဖမ်းနေတာလို့။ ခဏလေး စောင့်။ ကိုယ် မိအောင် ဖမ်းပြမယ် "

" ခင်ဗျားကို ဘယ်သူက ဖမ်းခိုင်းနေလို့လဲ "

" ကိုယ့်ဘာသာ ဖမ်းချင်လို့လေ။ ကြက်ဖမ်းတာပဲ။ ရွာလူကြီးဆီ ခွင့်တောင်းဖို့ လိုလို့လား "

" လိုတယ်။ လိုတယ်။ ခင်ဗျား မမေးမစမ်းနဲ့ လျှောက်လုပ်နေရအောင် ဒီကြက်က ခင်ဗျား မယား မွေးထားတာ မဟုတ်ဘူး။ ပိုင်ရှင် ခွင့်ပြုချက် မရှိဘဲ သူများကြက်ကို ချက်ဖို့ ကြံနေရအောင် ခင်ဗျားက ဘာသဘောလဲ "

" ကိုယ်က လူပျိုပါ ပိုင်ပိုင်ရဲ့။ မိန်းမ မရှိပါဘူး။ တွေ့ရာ မြင်ရာ လျှောက်မပေးစားနဲ့လေ။ ဒီကြက်မရဲ့ ယောက်ျား ကြားသွားရင် ကိုယ့်ကို လိုက်ခွပ်နေဦးမယ် "

ပိုင်ပိုင်က မလှမ်းမကမ်းက စိတ်တိုနေသည့် လေသံမာမာလေးနှင့် အော်ပြောသည်။ ဒါပေမဲ့ ရှင်းသန့်ရဲ့ ကပ်သီးကပ်သပ် ဝေါဟာရ စကေးကို အမီ မလိုက်နိုင်ရှာ၍ အံတကြိတ်ကြိတ်နဲ့ မာန်မဲကာ ခဲနေသည်။ ဖြူဖြူသန့်သန့်လေးဆိုပေမဲ့ ဒေါသနဲ့ အရှင်း မပျောက်သေးသည့် အဖျား အရှိန်ကြောင့် မျက်နှာလေးက နီမြန်းချင်နေသည်။ ထုံးစံအတိုင်း အင်္ကျီနှစ်ထပ်ဝတ် မင်းသားက ဖိုသီဖတ်သီ စတိုင်နဲ့လည်း ကြည့်လို့တော့ ကောင်းသည်။ သို့ပေမဲ့ ဆိုးတာက ပြောရဆိုရ မကောင်းတာပင်။
အကျင့်စရိုက်ကလည်း ရှင်းသန့်နဲ့ ဓာတ်မတည့်သည့် အလတ်ဂျစ် ရှိနေပုံ ရသည်။

ခုလည်း ကြက်တစ်ကောင်ကို ခုတုံးလုပ်ပြီး သူ့ကို ရစ်နေပြန်သည်။ အခြားတစ်ယောက်သာဆို စိတ်တိုပြီး ဘုဘောက်ကျမိနိုင်ပေမဲ့ ပိုင်ပိုင်ကတော့ ရှင်းသန့်ရဲ့ တစ်ဦးတည်းသော ခြွင်းချက်လေး ဖြစ်သည်။

ရစ်သူက ရစ်တော့လည်း စိတ်ရှည်ရှည် ထားပြီး ရှင်းပြရပေဦးမည်။ အတိအကျ လိုက်နာရမည့် တာဝန်နဲ့ ဝတ္တရား မရှိလည်း ဒီကောင်လေးရဲ့ အမှုတော်မှန်သမျှ ကျေပွန်စွာ ထမ်းရွက်ချင်သည်။

ပစ္စန္တရစ်ကို ကျောခိုင်း၍Where stories live. Discover now