Ep - 17

174 32 2
                                    

အခန်း (၁၇)

" မမ "

" မမကို စိတ်မပူနဲ့နော်။ နွယ်ကလည်း မမနဲ့ လာနေပေးမှာ။ ရှင်းသန့်နဲ့ လိုက်သွားပြီး လိမ်လိမ်မာမာ နေ။ စာလည်း သေချာသင်နော် "

ပိုင်ပိုင့်ရဲ့ အဝတ်အစားတွေကို ထုပ်ပိုး သိမ်းဆည်းပေးပြီးနောက် စိတ်ချဖို့ မှာမိသည်။
အိမ်မှာ ရှင်းသန့်နဲ့ မြတ်သူအပြင် နွယ်လည်း ရှိနေသည်။

" ကိုမြတ်သူ .. "

ပိုင်ပိုင်က ဘေးမှာ ထိုင်နေသည့် မြတ်သူဆီ ငဲ့ကြည့်ကာ ခေါ်၏။ မေရီနဲ့ မြတ်သူရဲ့ ဆက်ဆံရေးကို နွယ်က အသိပေးထား၍ ပိုင်ပိုင်လည်း သိရှိပြီးခဲ့ချေပြီ။ သို့ပေမဲ့ ပိုင်ပိုင်က ကန့်ကွက်ခြင်း မပြုသလို၊ လိုက်လျော သဘောတူခြင်း အရိပ်အယောင်လည်း မပြခဲ့။ ထို့ကြောင့် မြတ်သူမှာ ပို၍ အခက်တွေ့ရသည်။
အဖြေတစ်ခုကို တိတိကျကျ မသိရ၍ အီလည်လည် ဖြစ်နေရှာ၏။

" ပြောလေ ပိုင်ပိုင်။ အစ်ကို ဘာကူညီပေးရမလဲ "

" မလိုပါဘူး။ လူကို အားနေ အကူအညီ တောင်းနေတဲ့သူများ မှတ်နေလား "

" မဟုတ် .. မဟုတ်ပါဘူး "

ဘုဘောက်ကျသည့် ပိုင်ပိုင့်ကြောင့် မေရီ့မှာ မျက်ရည်လေး ဝဲရာက ရယ်မိသွား၏။ မြတ်သူကတော့ နင်သွားရှာသည်။

" ကျွန်တော့် အစ်မကို သေချာ စောင့်ရှောက်ပေးထားလို့ ပြောမလို့။ မမ တစ်ခုခု ဖြစ်ရင် ကိုမြတ်သူရော၊ မနွယ်ပါ အေးဆေး နေရမယ် မထင်နဲ့။ လာသောင်းကျန်းမှာနော် "

" အမလေးတော်။ ရှင့်အစ်မကို ကျွန်မတို့က ဘာကိစ္စနဲ့ တာဝန်ယူရမှာတုန်း။ တကတည်း အစ်မကို အပ်တာကြီးကလည်း ခြိမ်းလား ခြောက်လားနဲ့ "

ရင်ဘတ်လေးကို လက်နဲ့ ဖိကာ နွယ်က အငေါ့ စကား ဆိုသည်။

" တာဝန်ယူရမှာပေါ့။ မနွယ်နဲ့ ကိုမြတ်သူက မမရဲ့ ငယ်သူငယ်ချင်း အရင်းကြီးတွေလေ။ ကိုယ့်သူငယ်ချင်းကို ဂရုစိုက်ပေးရမှာပေါ့။ ကျွန်တော် ပြန်လာရင် မနွယ်အတွက် ကောင်လေး ချောချော ရှာလာခဲ့မှာမို့ ရွာမှာ ရည်းစားမရှာဘဲ မမကိုပဲ ထိန်းပေးထားနော် "

ပစ္စန္တရစ်ကို ကျောခိုင်း၍Where stories live. Discover now