Ep - 23

166 13 0
                                    

အခန်း (၂၃)

" ရှင်း "

ရှင်းသန့် စောင့်နေချိန်မှာပဲ ရောင်နီဦးက ရောက်လာသည်။ မျက်နှာချင်းဆိုင်မှာ ထိုင်ကာ မျှော်လင့်ချက် တစ်စုံတစ်ရာ ပါဝင်နေသည့် မျက်ဝန်းတို့ဖြင့် ကြည့်ကာ သူ့နာမည်ကို ခေါ်သည်။ ကြည်လင်သိ်မ်မွေ့သည့် လေသံမှာ တိုးဖျော့ ညင်သာစွာ ထွက်ပေါ်လာသည်။

ရှင်းသန့် မျက်မှောင်တစ်ချက် ကြုံ့မိသွားသည်။ မပြောင်းလဲသည့် ရောင်နီဦးရဲ့ ကရုဏာသက်ဖွယ် ပုံရိပ်မှာ ယနေ့တိုင် တည်ရှိနေဆဲပင်။ သို့ပေမဲ့ ရှင်းသန့်က ရောင်နီဦး လိမ်ညာသမျှ ယုံပေးမည့် ခပ်တုံးတုံး ကောင် မဟုတ်တော့ပေ။

" မင်း ငါ့ဒီဇိုင်းကို အပြင်မှာ ရောင်းခဲ့လား ရောင်နီဦး "

" ရှင်း .. ငါ .. ငါ ရှင်းပြပါရစေ "

" ရှင်းပြရအောင် ဘာကို ရှင်းပြမှာလဲ။ မင်းဆီမှာ အလိမ်ခံခဲ့ရတဲ့ ကောင်က မင်းကို ထပ်ပြီး ယုံကြည်ပေးလိမ့်မယ်လို့များ ထင်နေလား ! "

စားပွဲခုံပေါ်က လက်ချောင်းကလေးတွေ တုန်ယင်ချင်နေသည်။ မျက်တောင် တစ်စုံကို တစ်ဖျတ်ဖျတ် ခတ်သည်။ လိပ်ပြာလေး အတောင်ပံ ခတ်သလို မျက်စိကျချင်စဖွယ် လှပသည်။ မနက်ခင်းရဲ့ နေခြည်ဖျဖျလေးလို ဆွဲဆောင်မှု ရှိသည့် ရောင်နီဦးရဲ့ ပုံစံမှာ မပြောင်းလဲခဲ့။ သို့ပေမဲ့ ရှင်းသန့်ရဲ့ နှလုံးသားကို ယိမ်းယိုင်အောင် ပြုစားဖို့ရာ မစွမ်းသာတော့ပေ။

" ငါ မင်းကို သတိပေးတာ ဒါနောက်ဆုံးပဲ ဖြစ်ပါစေ။ ထပ်ပြီး ငါ့ကို အသုံးချဖို့ ကြိုးစားရင် ငါ  မင်းကို ဒီအတိုင်း လွှတ်ပေးထားမယ် မထင်နဲ့ ! "

" ငါ ရှင်းပြတာလည်း နားထောင်ဦးမှပေါ့။ အန်တီပုလဲနဲ့ အပေးအယူ လုပ်တဲ့ ကိစ္စမှာ ငါ မှားခဲ့တယ်။ ဒါပေမဲ့ ငါ့မှာ ရွေးချယ်စရာ မရှိခဲ့ဘူး။ ငါ အသက်ဆက်ရှင်နေမှ ရှင်းကို ချစ်လို့ ရမှာလေ။
အဲ့အချိန်က ငါ နေမကောင်းခဲ့ဘူး။ အရမ်း .. အရမ်းကို .. "

ဒီတစ်ခါ အံ့သြရသူမှာ ရှင်းသန့်သာ ဖြစ်ချေသည်။ မျက်ရည်တော့ မကျပေမဲ့ နောင်တ တချို့ စွန်းငြိနေသည့် ရောင်နီဦးရဲ့ မျက်ဝန်းတစ်စုံမှာ နာကျင်မှုကို ဖော်ဆောင်ပြ၏။ ရှင်းသန့် တိတ်ဆိတ်နေချိန်မှာပဲ ရောင်နီဦးက တည်ငြိမ်စွာ ဆက်၍ ဆိုသည်။

You've reached the end of published parts.

⏰ Last updated: Feb 12 ⏰

Add this story to your Library to get notified about new parts!

ပစ္စန္တရစ်ကို ကျောခိုင်း၍Where stories live. Discover now