Part-2

939 81 3
                                    

Unicode

"ချစ် ဖြည်းဖြည်းဆင်း ကလေးမောင့်ကိုပေးထား ဖြည်းဖြည်းနော်"

"ရပါတယ်မောင်ရယ် ကလေးပေး ပစ္စည်းတွေချတော့ ကလေးတွက်အိပ်ယာလဲပြင်ဆင်ရအုံးမယ်လေ"

"အဲ့တွက်ပူမနေနဲ့ချစ်ရေ Mr.Parkနဲ့ မောင်နဲ့ စီစဥ်ထားတာရှိတယ်"

"ဘာများလဲ အထဲရောက်ရင်သိရမှာပေါ့ မလောနဲ့လေ"

"မောင်ကတော့နော်"

"ဝါးးလှလိုက်တာကိုရယ် သားလေးတွက်ပြင်ဆင်ပေးထားတာလေးက"

"Yeonလေးသဘောကျမယ်ဆိုတာ ကိုကသိတာပေါ့ အဲ့အစီစဥ်တွေအကုန်လုံးက ကိုတစ်ယောက်ထဲစီစဥ်ထားတာမဟုတ်ဘူးနော် Mr.Kimနဲ့ တိုင်ပင်ပြီးလုပ်ပေးထားတာပိစိလေးတွေအတွက်"

"အို...တကယ်ကိုပြင်ဆင်ပေးထားတာပဲ ကြည့်ပါအုံး လှလိုက်တာမောင်ရယ် ဒါဆိုပိုက်ဆံတော်တော်ကုန်မှာပဲနော်"

"ကုန်ရကျိုးနပ်ပါတယ်ချစ်ရယ် သားလေးအတွက်ပဲကို ချစ်လဲသဘောကျတယ်လေ တော်ပြီးပေါ့ အများကြီးမတွေးပါနဲ့ မောင်ရှာထားတာက ချစ်နဲ့သားအတွက်ပဲကို"

"အင်း ကျေးဇူးပါမောင်ရယ်"

"ရပါတယ် နားတော့လေချစ် "

"ကလေးကို၃နှစ်လောက်မှခွဲသိပ်မှာနော်မောင်"

"ဟားးဟုတ်ပါတယ် အဲ့တာကြောင့် အခုလိုပြင်ဆင်ပေးထားတာပေါ့ ကိုယ်တို့အခန်းလေးထဲမှာ ဒီသေးသေးလေးနေဖို့လဲပြင်ဆင်ပေးထားပါသေးတယ်ဗျ"

"အင်းပါ‌မောင်ရယ် ကျေးဇူးပါ "

ညဘက်ရောက်သော ကလေးနှစ်ယောက်မှာသူ့ထက်ငါဘယ်သူအသံပိုကောင်းလဲပြိုင်ကြလေသည်။

အူဝဲ..အူဝဲ..အူဝဲ

"မောင်ရယ်သားလေးကငိုလိုက်တာ ဘာဖြစ်တာလဲမသိဘူး"

"မောင်ကိုပေး မောင်ချီကြည့်လိုက်အုံးမယ်"

သားလေးရယ် Appaသားလေးရေ အို..အို..အိပ်ပါတော့ကွယ် ဘာများဖြစ်လို့လဲကွယ်...အို..အို...

တစ်ဖက်ကParkပိစိလေးမှာလဲ အငိုမတိတ်ချေ။

"ကိုရေလုပ်ပါအုံး သားလေးက ဘာဖြစ်တာလဲမသိဘူးတရုတ်ကြီးထငိုနေတယ်"

~~~ မူပိုင်~~~ (Completed)Where stories live. Discover now