Part 3

824 73 2
                                    


Unicode


"မြန်လိုက်တာ အချိန်တွေကလဲ မနေ့တစ်နေ့ကလိုပဲနော်"

"ဟုတ်ပါ့အစ်မရယ် ကလေးတွေဒီလိုနဲ့ တစ်ဆင့်ပြီးတစ်ဆင့်အသက်တွေကြီးလာကြတော့မှာမဟုတ်လား"

"အင်းနော်"

ဟုတ်ပါတယ် Mrs.Kimနဲ့Mrs.Parkတို့သည် ကျောင်းကားပေါ်တက်သွားတဲ့ သူတို့ရဲ့သေးသေးလေးတွေကိုကြည့်ပြီး ပြောဆိုနေကြချင်ပင်...အခုဆိုရင် ဟိုသေးသေးလေးနှစ်ယောက်က မူကြိုတောင်တက်နေရပြီပေါ့

ကားပေါ်၌...

"ထယ်လေး ဟိုအရှေ့ကသေးသေးလေးက ချစ်စရာလေးနော် မျက်လုံးပြူးပြူးလေးနဲ့ငါ့တို့ကိုကြည့်နေတယ်"

"ဟုတ်လား ငါကရောချစ်ဖို့မကောင်းဘူးလား ဂျီလေး"

"ထယ်လေးလည်းချစ်ဖို့ကောင်းပါတယ် သေချာကြည့် ငါတို့နဲ့သူငယ်ချင်းဖြစ်ချင်နေတယ်နဲ့တူတယ် ငါတို့ကိုကြည့်နေတယ်"

"Hyungတို့ ကျွန်တော်နာမည် Jungkookပါ
Jeon Jungkookပါ"

"ဝါး...စကားပီသားပဲ"

မူကြိုစတက်မဲ့အစ်ကိုကြီးတွေကနောက်နှစ်မှမူကြိုတက်ရမဲ့Jungkookကိုချီးမွမ်းနေချင်ပင်...

"ငါ့နာမည်က Kim Taehyung ဒီဘက်ကတစ်ယောက်Park Jimin"

"Nae..ဟီးး"

"မင်းမှာယုန်သွားနေတွေရှိတာပဲ မင်းကိုယုန်ပေါက်လို့ခေါ်မယ်လေ ရလား"

"Nae...အဲ့တာဆို hyungကို ဝက်ဝံပေါက်လို့ခေါ်မယ်လေ အဲ့လိုရလား"

"ဒါပေါ့"

"ငါကြတော့ရော"

"မင်းကငါ့ရဲ့ဂျီလေးလေ"

"မဟုတ်ဘူးလေ ငါလည်းမင်းတို့လို့ နာမည်လိုချင်လို့လေ"

"အွန်းးး"

"ကြက်ပေါက် ကြက်ပေါက်ဆိုရင်ရော ဂျီလေး"

"အွန်းဝက်ဝံပေါက်သဘောလေ ဟီးး"

"ရောက်ပါပြီကလေးတို့ ကားပေါ်ကဖြေးဖြေးဆင်းကြနော်"

"Nae....."

စာသင်ခန်းထဲ၌...

"ထယ်လေး ခုနကယုန်ပေါက်လေးက မင်းကိုပဲရယ်ပြနေတယ် "

~~~ မူပိုင်~~~ (Completed)Where stories live. Discover now