Part 11

639 55 4
                                    

Unicode


ဒီနေ့အစမ်းစာမေးပွဲဖြေရမယ်နေ့ အစမ်းစာမေးပွဲဆိုပြီး ပြီးစလွယ်ဖြေလို့မရပြန် ဘာလို့ဆိုမိဘတွေဆီပြန်ပို့မှာမို့လို့ပင်

"ဝါးးးနေလို့ထိုင်လို့ကောင်းလိုက်တာ စာမေးပွဲဖြေရမယ်ဆိုလို့လားမသိ အိပ်လို့ကောင်းစားလို့ကောင်းဖြစ်နေရောပဲ
ဟေဟေ့..."

"သားထယ် မဆင်းလာသေးဘူးလား အောက်မှာဂျီလေးတောင်မနက်စာစားလို့ကုန်တော့မယ်"

"လာပါပြီOmmaရယ် ဟီးဟီး"

"မောင့်သဲလေးကမောင့်ကိုတောင်မစောင့်ပဲစားနေတာပေါ့လေ"

"ဖွီးးအဟွတ်အဟွတ်"

"အို သားဂျီအဆင်ပြေရဲ့လား ဖြေးဖြေးစားမှာပေါ့ကွယ် ရော့ရေသောက်လိုက်အုံး"

"Nae..Omma အဆင်ပြေသွားပါပြီ"

ထယ့်ကိုတော့နဂါးမျက်စောင်းလေးတစ်ချက်ပစ်ကျွေးကာ မုန့်ပြန်စားနေတဲ့ဂျီလေးထယ့်မှာတော့သူ့ဘာသာသူပြောချင်တာပြောပြီးပီတိဖြာကာ နဂါးမျက်စောင်းလေးကိုတောင်သူ့ကိုကျီစယ်နေတယ်ထင်နေလားမသိ ပြုံးပြုံးကြီးထိုင်ကြည့်ကာသူ့ရှေ့ကOmmaတောင်ဂျီလေးအစားရှက်နေမိရလောက်အောင်ပင်

"အဟမ်း သားထယ် စားလေးသားဂျီမျက်နှာမုန့်တွေပြည့်နေတာမှမဟုတ်တာ"

"Ommaကလည်း"

"Kim Omma သားတို့သွားတော့မယ်"

"အေးအေး ဂရုစိုက်သွားကြနော်ကလေးတွေ"

"ဟုတ်ကဲ့"

"ထယ်လေး မင်းကိုOmmaက
ဘယ်ကိုကြည့်နေလို့ဆူတာလဲ"

"ဒီလိုပဲ ဟိုဟိုဒီဒီ ဟီးး"

"အရူးကောင်ကတော့သေချာမပြောပြဘူးလား"

"No ပါ"

"Ya!"

"မင်းငါ့ကိုမှီအောင်လိုက်နိုင်ရင်ပြောမှာပေါ့မောင့်သဲလေး"

"အေး မိလို့ကတော့အသေပဲ"

"ဟားးစိန်လိုက်လေး"

အဲ့လိုနဲ့လမ်းမထပ်မှာ ကောင်လေးနှစ်ယောက်ရဲ့ကြည်နူးစရာမနက်ခင်းလေးကိုအမောစို့အောင်ပြေးတဲ့သူကပြေးပြီး မှီအောင်မနဲ့လိုက်ရတဲ့သူကလိုက်ကာ အချစ်စမ်းကာကျောင်းတော်ကြီးသို့သွားကြလေသည်...။

~~~ မူပိုင်~~~ (Completed)Where stories live. Discover now