Final

1.3K 73 4
                                    

Unicode

တချို့အမှန်တရားတွေကနားထောင်ရတဲ့လူတစ်ယောက်အတွက်ခါးသီးတယ်ဆိုပေမဲ့ တချို့အမှန်တရားကိုသေချာနားမထောင်လိုက်ရတဲ့သူအတွက်ကတော့အချိန်အတိုင်းတာတစ်ခုထိ အမှန်တရားကိုမသိရှိရပဲ နာကျင်နေပေရလိမ့်မည်..။*** (ဒါလေးကအရှေ့အပိုက်လေးထဲကပါ အဆက်စပ်မရှိတော့မှာဆိုးလို့ပြန်ထည့်ပေးထားတာပါ )**

"သားထယ် သွားတော့မို့လား"

"Nae.."

ထယ်တစ်ယောက်ကျောင်းရောက်တော့လဲ ဟိုယောင်ယောင်ဒီယောင်ယောင်နဲ့တစ်ယောက်ထဲဖြစ်နေပေသည်။ 8နာရီခွဲတက်ရတဲ့ကျောင်းက ၇နာရီ၄၅မိနစ်ဆို‌တဲ့အချိန်က စောတော့လဲစောမနေတော့ပေ အဲ့တာကြောင့်ကျောင်းသားကျောင်းသူအချို့ကတော့ ဟိုနားတစ်စုဒီနားတစ်စုတော့ရှိနေပေသည် ။

"Hi ထယ်လေး"

"အို Nara စောတာလားဒီနေ့"

"အင်း တစ်ယောက်ထဲလား ကန်တင်အတူတူထိုင်ပေးပါလား တစ်ယောက်ထဲမို့လို့လေ မနက်စာဝယ်ကျွေးပါ့မယ်"

" အွန်း ရတယ်လေ"

အဲ့လိုထယ်နဲ့Naraလဲ ကန်တင်းထိုင်ဖို့ထွက်သွားလေသည်။ကန်တင်ရောက်တော့လဲ စားဖို့လာချပေးတဲ့စားစရာတွေကိုစားလိုက်စကားပြောလိုက်နဲ့ရယ်မောနေလိုက်နဲ့ အချိန်ကဘယ်လိုဘယ်လိုကုန်ဆုံးသွားလဲဆိုတာတောင်မေ့နေခဲ့ကာ စကားကောင်းနေပါသော ထယ်နဲ့Nara ထိုမြင်ကွင်းကိုကြည့်နေတာတော့ Joon,Ji, Hope

ထိုမြင်ကွင်းကိုမြင်မြင်ချင်း Joonတစ်ယောက်Jiminကိုလှမ်းကြည့်နေမိသည် ဘာလို့ဆို ဒီလူသားနှစ်ယောက်ရဲ့အကြောင်းကိုသူအကုန်သိပေသည် ဒါပေမဲ့ပြောပြလို့လဲမရပေ အမှန်တရားက ဘယ်ဟာလဲဆိုတာတော့ Joonတစ်ယောက်ကောင်းကောင်းနေပေလိမ့်မည်ဆိုတာ အမှန်ပင်....

"ဟော !"

"ဟင် ဘာလဲNara"

"အာညှော် ငါနဲ့ထယ်လေးနဲ့"

"ငါအရင်သွားနှင့်မယ် မင်းတို့ဘာသာအနောက်ကလိုက်ခဲ့တော့နော်"

"ဂျီလေး ဂျီလေး ထယ်လေး မင်းတော့!"

Hopeလည်းထယ့်ကိုစိတ်ဆိုးကာ Jiminနောက်သို့ပြေးလိုက်သွားလေတော့သည်။

~~~ မူပိုင်~~~ (Completed)Where stories live. Discover now