part 17uni@zgyi

2.5K 90 0
                                    

<<<မောင့်ထက်မိုက်မယ့်မ >>>
🐶(အပိုင်း ၁၇)🐶

သူ့ကို နှင်လွှတ်နေသည့်မေစံပါယ်ကိုကြည့်ကာ ကင်း ပြုံးလိုက်သည်။ အဆင့်အတန်းဆိုသည့်စကားလုံးကို တဖွဖွပြောတက်သည့် သူမဟာ အခုထိသူ့ကို အရင်လို မင်းရန်ကင်း ထင်နေတုန်းပဲ။ မင်းသိပ်ကိုမုန်းဖို့ကောင်းတယ် မေစံပယ်။

"ရှင့်ကိုပြန်ဖို့ပြောနေတယ်လေ။ ဘယ်အချိန်ထိ လိုက်နှောက်ယှက်နေဦးမှာလဲ"

"မင်းကို နှောက်ယှက်တယ်လို့ ဘာလို့ထင်နေတာလဲ။"

"ကျွန်မကို စိတ်အနှောက်ယှက်ပေးဖို့ နောက်ကနေတကောက်ကောက်လိုက်နေတာပဲလေ။ အခုလည်း ရှိုးရွန်းထဲထိလာပြီးဘာတွေနှောက်ယှက်ဦးမလို့လဲ အောက်တန်းစားရဲ့"

"ငါ့ပုံစံက အခုထိအောက်တန်းစားပုံစံပေါက်နေတုန်းလား မင်းမျက်လုံးထဲမှာ"

"ဟွန့်...ရှင့်ဘာသာ ဘယ်လိုပုံစံပြောင်းပြောင်း ကျွန်မမျက်လုံးထဲမှာ ဘာမှမပြောင်းသွားဘူး။"

"မင်း...."

ကင်း သည်းခံနိုင်စွမ်းကုန်သွားသည်။ ဒီမိန်းမ ဒီလောက်ထိမောက်မာလိမ့်မည်ဟု မထင်ခဲ့ပေ။ သူ့ဘဝမြင့်မားသွားတဲ့တစ်နေ့ သူမ လက်ခံလိမ့်မည်ဟုထင်ခဲ့သည်။ ဒါကြောင့် သူမပြောသည့် အောက်တန်းစားဆိုသည့်ဘဝကြီးကို ပြောင်းလဲအောင် အလူးအလဲကြိုးစားခဲ့သည်။ အခုတော့ ဒီမိန်းမဟာ အရင်ကလည်း မောက်မာသလို အခုလည်းမောက်မာဆဲပင်။

"ဘာလဲ အမှန်တွေကြားလိုက်ရလို့နားခါးသွားတာလား။ ရှင့်ကိုယ်ပေါ်မှာ ဘယ်လိုကောင်းမွန်တဲ့အဝတ်စားတွေပြောင်းသွားပါစေ ကျွန်မမျက်လုံးထဲမှာ ရှင်ဟာ အရင်လို လမ်းဘေးက ကလေကချေအောက်တန်းစားကောင်ပဲ။ ကျေးဇူးပြုပြီးကျွန်မကို နှောက်ယှက်တာတွေ ရပ်လိုက်တော့...."

"မင်းသိပ်မုန်းတဲ့ အောက်တန်းစားကောင်ကပဲ မင်းကို တစ်သက်လုံးနှောက်ယှက်သွားမှာ မေစံပယ်။"

"နေစမ်းပါဦး ရှင်အခုလို ကျွန်မကိုနှောက်ယှက်နေတာ ဘာသဘောလဲ။ ဘာလဲထပ်ပြီးပါးရိုက်ခံချင်လို့လား။ ဒီတစ်ခါဆို ထောင်ထဲထည့်ထားပြစ်လိုက်မယ်။ ရှင့်လိုလမ်းဘေးက အကောင်တစ်ကောင်ကို သတ်ပြီးရေထဲမြော အစဖျောက်ပြစ်လိုက်လည်း ရှော့မရှိဘူးနော်။ ဟွန့်..."

မောင့်ထက်မိုက်မယ့် မTempat cerita menjadi hidup. Temukan sekarang