part 24+25+26 uni@zgyi

3.3K 92 0
                                    

<<<မောင့်ထက်မိုက်မယ့် မ>>>
(အပိုင်း ၂၄+၂၅+၂၆)

ဝရံတာပေါ်မှာ လက်မြှောက်နေသည့်ကလေးကိုကြည့်ကာ မေ မျက်ရည်တို့ရစ်ဝဲသွားလေသည်။ ရင်ထဲဆူးနစ်သွားကာ ပြေးပြီးပွေ့ဖက်ပြစ်ချင်၏။ ရင်နာစရာမြင်ကွင်းကြောင့် ယိုင်နဲ့မလို ဖြစ်သွားသည့် မေ့ကိုယ်လုံးကို ကင်းကလှမ်းထိန်းလိုက်ကာ...

"လာအိမ်ထဲဝင်ရအောင်..."

ပွင့်လာသည့်တံခါးကိုကြည့်ကာ ပြောလိုက်သည်။ မေ သူ့လက်တွေကိုဖယ်ချကာ သူမဘာသာမတ်တပ်သေချာရပ်ကာ ဝင်လာခဲ့သည်။ ဧည့်ခန်းကနေထွက်လာသည့် စီ့ကိုကြည့်ကာ မေမက မျက်ရည်လည်နေ၏။

စီလည်း ရုတ်တရက်ရောက်လာသည့်ဧည့်သည်နှစ်ယောက်ကိုကြည့်ကာ အံ့သြနေသည်။ ဂျေဂျေကိုမုန်းနေသည့် မင်းရန်ကင်းက ဂျေဂျေ၏ပိုင်ရှင်တစ်ယောက်ဖြစ်သည့် မမေနှင့်အတူတွဲဝင်လာလေသည်။

"မေမ....."

အံ့သြ၍စီခေါ်လိုက်လျှင် မေမက ယိုင်နဲ့နေသည့်အပြုံးတစ်ခုနှင့် နူတ်ဆက်လိုက်၏။

"အကြောင်းမကြားဘဲ ရုတ်တရက်ရောက်လာလို့ ဆောရီးပါမမစီ"

"ရပါတယ် မမေ။ဒါနဲ့ သူကဘယ်လိုဖြစ်ပြီးပါလာတာလဲ"

မင်းရန်ကင်းကို မေးဆက်ပြလျက် မေးလိုက်၏။

"သူခေါ်လာလို့ မေလိုက်လာတာပါ"

"သူခေါ်လာတာ...ဟုတ္လား။ ဘာအတွက်လဲ"

"မမစီမွာ ချစ်ဖို့ကောင်းတဲ့သားတစ်ယောက်ရှိတယ်ဆိုတာ ဂျစ်ဂျစ်ပြောပြလို့ မေသိထားပါတယ်။ အဲ့ဒါကြောင့် တွေ့ဖူးချင်လို့ နေ့လယ်ကမမစီကို ဖုန်းဆက်ပြီးထမင်းစားဖိတ်လိုက်တာ။ ဒါပေမဲ့ မင်းရန်ကင်းက မမစီဆီကိုသွားမယ်လိုက်မလားဆိုတာနဲ့ ဒီနေ့ပဲရောက်ချလာတာ"

"သြော်..."

သားဆီကိုလာတာဟု သိလိုက်ရသဖြင့် အံသြရုံလေးသာဖြစ်လျက် မမေနဲ့ကင်းကို ဧည့်ခန်းမှာ အိမ်ရှင်ဝတ်တရားကျေအောင် ဧည့်ခံလိုက်သည်။

ကင်းရဲ့မျက်နှာက မာတင်းနေသော်လည်း မေမကေတာ့ မျက်နှာလေးဖျော့ဖျော့နဲ့ထိုင်နေ၏။

မောင့်ထက်မိုက်မယ့် မTempat cerita menjadi hidup. Temukan sekarang