part 21 uni@zgyi

2.7K 88 0
                                    

<<<မောင့်ထက်မိုက်မယ့် မ>>>
👒(အပိုင်း ၂၁)👒

ဘယ်ဘက်ရင်အုံက နာကျင်နေသည်ကို လက်နဲ့ဖိကာ အသက်ရှူနေပေမယ့် မဝသလို ခံစားနေရသည်။ တစ်ခုခုကို လွမ်းလွမ်းဆွတ်ဆတ် ရှိနေသည့်သူ့စကားတွေကို သူမ ငြိမ်သက်စွာနားထောင်နေမိသည်။

"အမုန်းကြီးမုန်းနေတဲ့မင်းဆီကနေ ငါ့ကိုထွက်သွားအောင် မင်းလုပ်ခဲ့တယ်။ မင်းနဲ့အချိန်တွေအကြာကြီးအတူတူနေဖို့ စိတ်ကူးထားပေမယ့် ဒါတွေအားလုံးက အိမ်မက်လိုပဲ"

"မင်းဟာ...သိပ်ကိုရက်စက်တဲ့မိန်းမ...အသဲနှလုံးမရှိတဲ့မိန်းမ။ မောက်မာပြီး မာနလည်းကြီးတဲ့မိန်းမ...."

"တောက်..."

ရင်ဖွင့်သံတွေကနေ ပေါက်ကွဲသံတွေဘက် ကူးပြောင်းလာလျှင် မေ မတ်တတ်ရပ်လိုက်၏။ ချက်ချင်းအိမ်ထဲက ပြန်ထွက်သွားဖို့ပြင်လိုက်လျှင်...

"အဟက်...ကြည့်ရတာ အမှန်တရားတွေကို နားမထောင်ရဲတော့ဘူးထင်တယ်။"

"နားမထောင်ရဲတာမဟုတ်ဘူး။ နားမထောင်ချင်တော့တာ။ ကျွန်မရှင့်ကိုမုန်းနေသလို ရှင်လည်းကျွန်မကို နာကြည်းနေမှာပဲ။ အဲ့တော့ အတူတူပဲ။ ရှင်ဆက်ပြီး မနှောက်ယှက်နဲ့။ "

"မင်းငါ့ကို တစ်လလောက်ပဲ ပျောက်နေတယ်လို့ပြောခဲ့တာမှတ်မိလား။"

"မှတ်မိတော့ဘာဖြစ်လဲ"

"တကယ်တော့ မင်းမျက်စိရှေ့ကနေ တစ်လလောက်ပျောက်သွားတာမဟုတ်ဘူး။ ငါးနှစ် ...ငါးနှစ် ပျောက်သွားတာ"

"ဘာ...."

"မင်းရဲ့ရက်စက်မှုတွေကြောင့် ငါမင်းအရှေ့ကနေပျောက်ကွယ်သွားခဲ့တာ။ဒါပေမဲ့..ဒါပေမဲ့...မင်းကတော့ ငါ့ကိုပေးတဲ့ကတိကို မတည်ဘူး။ သိပ်ကိုရက်စက်တယ်...."

ဘာကတိလဲ။ ဘာတွေလည်း။ မေဘာကြောင့်တစ်ခုမှမသိဘဲ ဖြစ်နေရတာလဲ။

"ကျွန်မရှင့်ကို ဘာကတိပေးခဲ့လို့လဲ။ ရှင့်လိုအောက်တန်းစားကောင်ကို ကျွန်မက တရေးတယူ ကတိကဝတ်ပြုစရာရှိလို့လား။ လိမ်တာလည်းကြည့်လိမ်...."

"ဟွန့်...မင်းက အခုထိငါ့ကို လိမ်နေတုန်းလို့ထင်နေတာလား။ "

မောင့်ထက်မိုက်မယ့် မWhere stories live. Discover now