part 22uni@ zgyi

2.7K 89 0
                                    

<<<မောင့်ထက်မိုက်မယ့် မ>>>
👒(အပိုင်း ၂၂)👒

စိမ်းစိုသည့်လယ်ကွင်းပြင်ကြီးထဲကနေ ထွက်လာသည်နှင့် မေ ဆုံးဖြတ်ချက်တွေခိုင်မာနေခဲ့သည်။ ရန်ကုန်ရောက်လျှင် မမစီဆီသွားကာ ကလေးနဲ့တွေ့မည်။ မေ မသိခဲ့သည့်ကလေးကိစ္စကို မာမီနဲ့ကိုကြီးသိမှာ သေချာသည်။ ရန်ကုန်ရောက်တာနဲ့ စုံစမ်းမေးမြန်းဖို့အားခဲထားခဲ့သည်။

ကားပေါ်ရောက်သည်ထိ မေကတော့ ကိုယ့်အတွေးနဲ့ကိုယ် ကားမှန်ကနေ ဘေးပတ်ဝန်းကျင်ကိုကြည့်ကာ ငြိမ်သက်နေသည်။ ကင်း ဘေးမှငြိမ်သက်ကာ တိတ်ဆိတ်နေသည့် သူမကိုကြည့်ကာ...

"လယ်ကွင်းထဲကအိမ်ကလေးကို ပြန်သွားချင်လို့လား"

သူစကားအစဖော်လိုက်မှ မေ သူ့ဘက်လှည့်လာကာ

"ဖြစ်နိုင်မယ်ဆိုရင် နေချငိသေးတယ်။ဒါပေမဲ့ ရန်ကုန်ကိုမြန်မြန်ပြန်ရမယ့်ကိစ္စရှိသေးတယ်။ ကျွန်မ သိချင်တာတွေကို မြန်မြန်သိရမှဖြစ်မယ်။ "

"မင်းမြန်မြန်သိရပါစေလို့ ငါဆုတောင်းတယ်။ ဒါမှ မင်းကို ငါရက်ရက်စက်စက်မုန်းလို့ရမှာ"

"ကျွန်မလည်း မြန်မြန်သိချင်ပါတယ်။ ရှင့်ကို အခုလိုမုန်းလက်ဆ အတိုင်းဆက်မုန်းလို့ရအောင်ပေါ့"

"ဟွန့်...မုန်းဖို့ကောင်းတဲ့မိန်းမ"

ကင်း တောက်ခေါက်လိုက်ကာ ကားကို အရှိန်မြှင့်လိုက်၏။ သူ့အမုန်းတွေဟာ ဒီကားလိုပဲ အရှိန်မြှင့်ဖို့သာ ရှိသည်။ သူနာကျင်ခဲ့ရသမျှ ကလဲ့စားချေမှကြေအေးနိုင်မည်။

တရိပ်ရိပ်နဲ့မြန်သထက်မြန်လာသည့် ကားလေးကြောင့် မေ ထိတ်ခနဲဖြစ်သွားကာ...

"ရှင် ကားကိုအရှိန်နည်းနည်းလျော့ပါ။ အရှေ့ဆို လှည်းကူးနားရောက်တော့မယ်။ လူစည်တဲ့နေရာ တစ်ခုခုဖြစ်လိမ့်မယ်"

"ဖြစ်သွားတော့လည်း နားအေးတာပေါ့"

"ရှင်သေတာ ကိစ္စမရှိပေမဲ့ ကျွန်မသေလို့မဖြစ်သေးဘူး"

"မင်းက သေမှာကြောက်လို့လား"

"သေမှာမကြောက်တဲ့လူရယ်လို့ ရှိလို့လား"

မောင့်ထက်မိုက်မယ့် မOù les histoires vivent. Découvrez maintenant