part 19uni@ zgyi

2.6K 99 0
                                    

<<<မောင့်ထက်မိုက်မယ့် မ>>>
💘(အပိုင်း ၁၉)💘

ဒေါက်ဖိနပ်သံ တဂွက်ဂွက်နဲ့ စည်းချက်ညီညီထွက်သွားသည့် အဒေါ်ကြီးကို ကြည့်ရင်း သူ သက်ပြင်းချလိုက်မိသည်။

ဒေါ်စိန်စီဝင့်ကြွယ်ကိုမှ ချစ်မိသွားတဲ့သူ့နှလုံးသားကို သူကိုယ်တိုင်လည်းနားမလည်။ ငြင်သာမှုမရှိတဲ့ အပြောဆိုတွေကြားကပဲ သူမ အသံကိုကြားချင်နေမိသည်။ ခွင့်မပြုတဲ့ အနမ်းတွေကို လွမ်းချင်သလိုလို။

သေချာတယ်။ ဒီအဒေါ်ကြီး သူ့ကိုလွယ်လွယ်နဲ့တော့ ပြန်ချစ်မှာမဟုတ်။ ဒါပေမဲ့ သူကလည်းလွယ်လွယ်နဲ့အလျော့ပေးမဲ့သူမဟုတ်ပေ။

"ငေးလို့မဝသေးဘူးလား...."

အနောက်ကနေ ပုခုံးဖက်ပြီးပြောလိုက်သည့် ရဲထိုက်ကြောင့် သူပြုံးလိုက်မိသည်။

"ဘယ်လောက်ကြည့်ကြည့် ဝကို မဝဘူးကွာ။ အိမ်မှာခေါ်ထားပြီးတစိမ့်စိမ့်ကိုကြည့်ပြစ်လိုက်ချင်တာ။ "

"ဘာလဲ....ရေကန်ထဲပြုတ်ကျသွားဖူးလို့ ရူးသွားတာလား"

"ဟုတ်တယ်...ရူးသွားပြီ။ အချစ်ရူး...."

"ခွေးကောင်....."

စပ်ဖြီးဖြီးလုပ်နေသည့် သူ့ကြောင့်ရဲထိုက် ဆဲလိုက်၏။ ဒါတောင် သူ့မျက်နှာပိုးကမသေသေးပေ။

"လာ...ပွဲစတော့မယ်။ ကိုငယ် ကခေါ်ထားလို့သာလာရတာ။ ဘာမှန်းတော့မသိဘူး။"

"မင်းက ကိုငယ်ခေါ်ထားလို့ရောက်တယ်။ ဘာမှန်းမသိဘူး။ ငါက မင်းခေါ်လို့ရောက်လာတယ်။ငါလည်းဘာမှန်းမသိဘူး။"

"ဟား...ဟား...ဟား...ကောင်းတယ်။ "

နှစ်ယောက်အတူတူ ပြခန်းဘက်ကို ထွက်လာခဲ့ရာ..

"ဒုတ္​...."

"အာ....ဆောရီး...."

အရှေ့ကနေလျောက်လာသည့် လူကို ဝင်တိုက်လိုက်မိ၍ ရဲထိုက် ကပြာကယာတောင်းပန်လိုက်သည်။ သို့သော် ထိုလူက ဘာမှမပြောဘဲ ခပ်မြန်မြန်ပြန်လျောက်သွား၏။

"အဲ့ဒိ ဘဲက ဘာလား။ တစ်ဖက်လူက တောင်းပန်ရင် ပြန်ပြီးစကားတော့ပြောသင့်တယ်မဟုတ်ဘူးလား။ကြည့်တော့ လူကြီးလူကောင်းပုံစံနဲ."

မောင့်ထက်မိုက်မယ့် မWhere stories live. Discover now