" အနမ်းလေးတစ်ပွင့် "

279 8 3
                                    

" အနမ်းလေးတစ်ပွင့် "

       လွင့်မျောစွာတိုက်ခတ်လာသော လေပြည်လေးများက သူ့ရဲ့အတွေးစလေးတွေကိုပို၍ပင် အားပေးနေသယောင်ပင်။ ညနေစောင်းလို့ မှောင်လုလုလေးပင်ဖြစ်နေပေမဲ့ သူတစ်ယောက်တည်း ထိုနေရာလေးမှာ ရပ်နေမိနေသေးသည်။ အရာအားလုံးဟာ တိတ်ဆိတ်နေလျက် သူ့ကိုအဖော်ပြုပေးနေသလားတောင်ထင်ရသည်။ သို့ပေမဲ့ သူ့ရဲ့ရင်ထဲမှာတော့ ခံစားမှုပေါင်းမျိုးစုံနှင့် သူခံစားနေရကာ ရင်တွင်းတိုက်ပွဲဖြစ်နေသလိုပင်။ လှမ်းကြည့်လိုက်လို့မြင်နေရသည့်အရာတွေက လောကရဲ့ဓမ္မတရားတွေပါ ပြေး၍ပင်မလွတ်မြောက်သော သင်္ခါရတရားတွေကို အကောင်းဆုံးဖော်ပြပေးနေသော သုသာန်ပါ။

     သူတို့အားလုံးအေးချမ်းစွာနှင့် ရင်ခွင်တော်မှာ မှေးစက်အိပ်ပျော်နေကြပေမဲ့ ကျန်ရစ်ခဲ့တဲ့သူတွေမှာတော့ ပုထုဇဥ်ပီပီမဖြေဆည်းနိုင်ကြသေးတော့ ပူလောင်နေရသေးသည်။ သူကတော့ ပိုဆိုးတာပေါ့ သူဆိုတာ ဖြိုးရန်ကျော်။ တိုက်ခတ်လာသောလေပြည်များနှင့် တိတ်ဆိတ်ခြောက်ကပ်နေသောနေရာလေးမှာ ဖြိုးရန်ကျော်ရဲ့ အတွေးတွေက အတိတ်ကိုပြန်ရောက်သွားလေပြန်တော့သည်။ သူ့ရဲ့အရှေ့မှာတော့ သခင်ဘုရားရဲ့ ရင်ခွင်တော်မှာ အေးချမ်းစွာအိပ်စက်သွားတဲ့ သူ့ရဲ့အချစ်ဆုံးလူသားတစ်ယောက် ထူးခက်အောင်ရဲ့ ဂူဗိမ္မာန်လေးပါ။

" ဖြိုး..... "

    အားလုံးက သူ့ကို ဖြိုးရန်ကျော်လို့သာ ခေါ်ကြပေမဲ့ သူကတော့ ဖြိုးလို့သာ တစ်လုံးတည်းခေါ်တက်တဲ့ကောင်လေး။ သူကတော့ စိတ်အလိုရှိလျှင် အထူးလို့ ချစ်စနိုးလေးနဲ့ ခေါ်တက်ပေသည် သို့ပေမဲ့ အခေါ်နည်းပါသည် သူ " အထူး " လို့ ခေါ်လိုက်တိုင်း ပျော်ရွှင်သွားသော သူ့ရဲ့မျက်နှာလေးက တကယ့်ကိုလိုချင်သောမုန့်လေးကိုရသွားတဲ့ ကလေးလေးတစ်ယောက်ပမာပါ။ သို့ပေမဲ့ အဲ့ကောင်လေးကို သူနားမလည်စွာနှင့် အချိန်တွေအကြာကြီး ခံစားနေရအောင် စိတ်ဒုက္ခတွေပေးနေမိခဲ့သည်။ တကယ်တော့ အထူးဆိုတဲ့ကောင်လေးက သိပ်ကိုချစ်စရာကောင်းသော ကောင်လေးတစ်ယောက်ပါ။ အပြစ်ကင်းပြီး အေးချမ်းတဲ့မျက်နှာပိုင်ရှင်မျိုးလေးလေ။ သူကတော့ ပြောရရင် ဂျစ်ဘွိုင်းပေါ့ သိတယ်မဟုတ်လား ခပ်ပေတေတေဆိုးဆိုးလေးပေါ့ ပြောရရင် လူငယ်သဘာဝ ခပ်ဂျစ်ဂျစ်ရယ်။

" ရဲရင့်မာန် _ One Shot Collection " Where stories live. Discover now