" ညဉ့်ငှက်ကလေးရဲ့ အိမ်ပြန်ချိန် "

65 4 4
                                    


" ညဥ့်ငှက်ကလေးရဲ့ အိမ်ပြန်ချိန် "

   " သား သားဖေဖေလေ ကင်ဆာဖြစ်နေတာတဲ့ "

   " ဟင် မေမေ ဖေဖေကကင်ဆာဖြစ်နေပြီ ဟုတ်လားမေမေ "

  " ဟုတ်တယ်သားရယ် သားရဲ့ညီမလေးကလည်း ဒီနှစ်ဆယ်တန်းတက်ရတော့မယ် "

  " လောလောဆယ် သားညီမကိစ္စထက် သားဖေဖေဆေးဝါးခက ပိုအရေးကြီးနေတာ "

       မာတာမိခင် ကျေးဇူးရှင်၏ မျက်ရည်တွေကျပြီး ငိုသံတွေနဲ့ပြောစကားတွေက ဝဿန်ရဲ့ရင်ထဲကို ဆူးတစ်ချောင်းစီနှင့် ထိုးသွင်းပြီးပြောနေသလိုနှင့်တူလှသည်။ သူ၏ရင်ထဲမှာ အပူမီးတွေကပ်နေပါပြီ မိခင်မှာလည်း သောကတွေများရသလို သူလည်းခေါင်းမီးတောက်နေရပါပြီ။ ဝဿန်သည် မပြေလည်သော မိသားစုကပေါက်ဖွားခဲ့ပြီး အထက်တန်းအောင်တော့ ငွေကြေးအခက်ခဲ၊ မိသားစု၏အခက်ခဲတွေကြောင့် ပညာရေးကိုစွန့်လွတ်ကာ ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ထွက်လာပြီ အလုပ်လုပ်နေသူတစ်ယောက်ပါ။

         စားသောက်ဆိုင်တစ်ခုမှာ ဝိတ်တာအဖြစ်အလုပ်လုပ်နေရင်း မိသားစုကိုထောက်ပံ့နေသူပါ။ နေတာလည်းသုံးနှစ်လောက်ရှိနေတော့ ထိုင်စကားလည်း အတော်လေးကျွမ်းသလို အထက်တန်းအထိနေဖူးတော့ အင်္ဂလိပ်စကားလည်း ထိုက်သင့်သလောက်ပြောတက်လေတော့ သူအတွက်အလုပ်လုပ်ဖို့က သိပ်မခက်ခဲလှပေ။ အဆောင်တစ်ခုမှာ အဆောင်နေသူငယ်ချင်းတစ်ယောက်နဲ့ အတူတူငှားနေလေတော့သည်။ တစ်ယောက်တည်းလစာနဲ့ ဘန်ကောက်မှာ အဆောင်တစ်ခုမှာ တစ်ယောက်တည်းအခန်းသီးသန့်ငှားဖို့က အဆင်မပြေနိုင်ပေ။ အထူးသဖြင့် သူတို့လိုငွေကြေးပြဿနာလိုအပ်နေသူတွေက ပိုပြီးချွေတာသုံးစွဲရတာမို့ အခုလိုအခန်းဖော်တွေနဲ့အတူနေရလေသည်။

        အချို့တွေကတော့ ဘန်ကောက်မှာအလုပ်လုပ်နေတာ ငွေရနေတာပဲ ပေါ့ပါးနေတာပဲ ဘာတွေအဆင်မပြေဖြစ်လို့လဲ ပြောကြပေလိမ့်မည်။ ကိုယ်တိုင်မနေဖူးသေးသရွေ့ ထိုခံစားချက်ကို နားလည်နိုင်မည်မဟုတ်ပေ။ ဟုတ်ပါတယ် သူတို့တွေပြောသလိုပါပဲ တိုက်ခန်းကျဥ်းကျဥ်းလေးမှာနေရတယ် ရွာမှာနယ်မှာနေတာထက်စာရင် အဆင့်အတန်းလေးမဆိုသလို မြင့်ကောင်းမြင်ပါတယ်။ ဘန်ကောက်ဆိုတော့ တိုက်တာအဆောက်ဦးတွေ၊ အကောင်းစားဘတ်စ်ကားတွေ၊ မိုးပျံရထားတွေ၊ သန့်ရှင်းနေသော လမ်းမကြီးများတွေက လူတွေသတ်မှတ်ထားသော အဆင့်အတန်းနှင့် လူ့ဘောင်ယဥ်ကျေးမှုတွေကို မြင့်မားနေစေတဲ့နေရာတစ်ခုဆိုလျှင်တော့လည်း မှားမည်မဟုတ်ပေ။

" ရဲရင့်မာန် _ One Shot Collection " Opowieści tętniące życiem. Odkryj je teraz