" တစ်စုံတစ်ရာ " ( BL OS )

57 5 4
                                    

" တစ်စုံတစ်ရာ "

         အေးချမ်းသော တောင်ပေါ်မြို့လေးမှာ သူရောက်နေတာ ဒီနေ့ဆို သုံးနှစ်ရှိနေပြီ။ ဘဝတစ်လျှောက်လုံး ကြမ်းတမ်းခက်ထန်စွာ ခပ်ပေပေ ခပ်တေတေတွေနေလာပြီး ဒီမြို့လေးရောက်တော့ ဆိုးတေတဲ့စရိုက်လေးတွေကို တစ်ဖြည်းဖြည်း လျော့လာမိသည်။

      ဟုတ်ပါတယ် သူကိုယ်တိုင် ပြောင်းလဲလာဖို့ တစ်စုံတစ်ရာက သူ့ကို ဆွဲဆောင်ပေးခဲ့တာပါ။ ကုတ်အင်္ကျီလေးကို မာဖလာလေးနှင့် တွဲဝတ်ပြီး ဘောင်းဘီရှည်လေးရဲ့ ဘေးကပ်အိတ်ထဲ သူ့လက်လေးထည့်ရင်း တစ်နေရာကိုကြည့်ပြီး သူပြုံးလိုက်မိသည်။

       သိုးမွှေးအင်္ကျီလက်ရှည်အထူလေးကို ဝတ်ဆင်ကာ ခေါင်းစွပ်လေးစွပ်ပြီး သူရှိရာနေရာလေးကို ခပ်ဖြည်းဖြည်းလာနေသော ကောင်လေးတစ်ယောက်။

       ကောင်လေးနာမည်က Berry ။ အသက်ကတော့ ၂၀ တောင်မပြည့်သေး။ နှုတ်ခမ်းလေးရဲရဲ မျက်နှာလေးဖြူဖြူလေးနှင့် မျက်လုံးအဝိုင်းသားလေးနှင့် ကောင်လေးတစ်ယောက်။

     တကယ်တော့ သူ Berry ကို သိလာတာ နှစ်နှစ်ကျော်ဆိုပေမဲ့ သေချာ အရေးယူ ဂရုစိုက်မိတာက တစ်နှစ်တောင်မပြည့်သေး။ အခုလို သူပြန်လည်နူးညံ့လာတာဟာလည်း Berry ကြောင့်လို့ ပြောရင်ပိုမှန်ပေမည်။ Berry တက်လာတာကိုကြည့်ရင်း လွန်ခဲ့တဲ့ သုံးနှစ်လောက်က အဖြစ်ပျက်ကို ပြန်သတိရသွားမိသည်။

" ဟေ့ကောင်တွေ လုံးဝအလွတ်မပေးနဲ့ ချ ငါတို့ကိုသစ္စာဖောက်ရင် သေလမ်းပဲဆိုတာ ဒီကောင်တွေကို ပြပေးရမှာ "

" ဒိုင်း ... ဒိုင်း... "

      မြို့ပြင်ရဲ့ တိုက်ပျက်တွေရဲ့ တစ်နေရာမှာ အုပ်စုနှစ်ဖွဲ့ ပစ်ခတ်နေကြသည်။ သေနတ်သံတွေလည်း တစ်ဒိုင်းဒိုင်းနဲ့ ထွက်ပေါ်နေသလို ဓားတွေလက်နက်တွေနဲ့လည်း အလျဉ်းသင့်သလို တိုက်နေကြသည်။

" ညီ သက္ကရာဇ်  မင်းပြေးတော့ လွတ်အောင်ပြေး ဘယ်တော့မှ ဒီနေရာကို လုံးဝလှည့်မလာနဲ့ ဘာပဲဖြစ်ဖြစ် မင်းလုံးဝပြန်မလာနဲ့ ဒီနေရာကနေ ဝေးသထက်ဝေးတဲ့နေရာ မင်းသွားပါ "

" ရဲရင့်မာန် _ One Shot Collection " Where stories live. Discover now