" တစ်နေ့တော့ ရင်ခွင်အိမ်တော်ဆီသို့ " ( BL One Shot )

56 3 2
                                    

" တစ်နေ့တော့ ရင်ခွင်အိမ်တော်ဆီသို့ "

     " ခံစားရဆုကျေးဇူး ကောင်းချီးမင်္ဂလာ.....
ရေတွက်လို့ ချီးမွမ်းကာသီဆိုမည်.... အသက်မွေးလောက်သောအစာကို နေ့ရက်စဥ်အတိုင်း........ ချပေးသောမူသော်ကြောင့် ကျေးဇူးတင်သည်.......
သာယာသောမြစ်နားသို့ လမ်းပြခဲ့ပြီ..... စိမ်လန်းသောအရပ်၌ အိပ်စေမူသည်...... ဖြားယောင်းသွေးဆောင်မှုအပေါင်းတို့မှ လွတ်မြောက်စေသည်... ကျေးဇူးတော်ကာလ၏နေ့ရက်များ........ "

   " နားညောင်းတော်မူပါ ကိုယ်တော်ဘုရား....... စိတ်တော်နဲ့တွေ့သမျှ ငြိမ်သက်ခြင်းပေးပါ အာမင်.....အာ.....မင်......အာ...မင်......အာမင်။ "

          ခရစ်ယာန်ဘုရားကျောင်းတော်ကြီး၏ ဘုရားဝတ်ပြုချိန်လေးပြီဆုံးသွားခဲ့သည်။ ဤကျောင်းတော်ကြီးသည် ဝတ်ပြုရာကျောင်းတော်ကြီးတစ်ခုသာမဟုတ်ဘဲ မိဘမဲ့ဂေဟာလေးတစ်ခုဆိုလည်း မှားမည်မဟုတ်ပေ။ အနယ်နယ်အရပ်ရပ်မှ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိလာသူကလေးသူငယ်များ၏ နားခိုလှုံရာနေရာလေးပါ။ အချို့သောကလေးသူငယ်တွေက ဂေဟာဆီရောက်လာကြသလို အချို့တွေကြတော့လည်း သခင်ဘုရား၏အလိုတော်အရ လာရောက်မွေးစားခွင့်တောင်းကြပြီး ဂေဟာကနေခွဲခွာခဲ့ရသည်။ အပြင်မိသားစုတွေရဲ့မွေးစားခွင့်ရကြတဲ့သူတိုင်းလည်း ကံကောင်းသွားကြတာမဟုတ်သလို အများကြီးအဆင်ပြေသွားကြတာလည်းအများသားပါ။

          ဒီနေ့ဝတ်ပြုချိန်လေးပြီးမှာတော့ ကလေးသူငယ်လေးတွေကို သူဌေးလင်မယားဆိုသော လူကြီးနှစ်ယောက်နှင့် သားလေးတစ်ယောက်ဖြစ်သူတို့က မုန့်လေးတွေ၊ ကစားစရာလေးတွေဝေပေးနေသည်။ သူလည်း ကလေးတွေနှင့်အတူတန်းစီပြီး မုန့်လေးနှင့် ကစားစရာလေးရခဲ့သည်။ လက်ထဲ၌ ချော့ကလက်ဝေဖာလေးနှင့် သူရရှိထားသော မီးခိုးရောင်အမွှေးပွခွေးရုပ်လေးကိုသူဖက်ထားရင်း သူဌေးလင်မယား၏သားကို သူငေးကြည့်မိလေသည်။ သူအားလည်းကျသလို သူ့ဘဝလေးကိုလည်း ပြန်တွေးမိရင်း မျက်ရည်လေးဝေ့သွားမိသည်။ ထိုစဥ်ထိုကောင်လေးမှာလည်း သူ့ကိုရုတ်တရက်ပြန်ကြည့်လာတော့ သူလည်းထိုနေရာမှပြေးထွက်လာခဲ့သည်။

" ရဲရင့်မာန် _ One Shot Collection " Where stories live. Discover now