" အတိတ်ကျိန်စာ "

53 4 4
                                    

" အတိတ် ကျိန်စာ "

       ဟိုးအဝေးကြီးကို ငေးကြည့်ရင်း ဖြစ်ပျက်သမျှကို ပြန်တွေးကာ မျက်ဝန်းအိမ်လေးမှာ မျက်ရည်စလေးတို့သည် ဝှေ့တက်လာခဲ့သည်။ ကိုယ့်ကိုကိုယ် ရင့်ကျက်ပါသည်ဟု အကြိမ်ကြိမ်သတိပေးရင်း ခံစားမှုတွေက ပြင်းထန်စွာနာကျင်လာတိုင်း သူအကြိမ်ကြိမ် သူ့ကိုယ်သူ လိမ်မိပြန်သည်။

" ငါအဆင်ပြေနေတာဘဲ တစ်ယောက်တည်းလဲ ဘဝကြီးက ရှင်သန်လို့ရတာဘဲ မဟုတ်လား "

      တစ်ယောက်တည်းတွေးမိနေသလို တွေးနေရင်း နှစ်ပေါင်းများစွာက အဖြစ်ပျက်တွေကလည်း ပြန်လည်မြင်မြင်လာသည်။ မဟုတ်သေးဘူး နှစ်ပေါင်းများစွာဆိုတာ မတိကျဘူး ဘဝပေါင်းများစွာဆိုတာ ပိုပြီးတိကျလေမလား။

     ကျွန်တော့်စကားတွေက ခင်ဗျားတို့အတွက် ဟာသတစ်ပုဒ် ဒါမှမဟုတ် အရူးတစ်ယောက်လို့ မြင်ကောင်းမြင်မိမယ်ဗျ။ ဒါပေမဲ့ တကယ်ကို ကျွန်တော်ဟာ ဘဝပေါင်းများစွာက ကျိန်စာကိုမိခဲ့လေသလား။

      အချစ်ကံခေသူ တစ်ယောက်ဟာ ကျွန်တော်ပါလို့ပြောလျှင် လွန်လေမလား။ မဟုတ်သေးဘူး မေတ္တာကံပါခေသေးတာ။ အခုတော့ တောင်စဥ်လေးတွေ ပတ်ကာဝိုင်းပြီး လျှိုမြောင်အသွယ်သွယ်တွေက သဘာဝကြီးရဲ့ လှပမှုတစ်ခုကို ဖော်ကျူးနေပါတယ်ဆိုလျှင် လွန်ခဲ့သောနှစ်ပေါင်းတစ်ထောင်ကျော်ကလည်း ကျွန်တော်ဒီမှာရပ်ပြီး တစ်စုံတစ်ရာကို ပြုလုပ်ခဲ့ပါတယ်ဆိုလျှင် ခင်ဗျားတို့ ယုံနိုင်မယ်မထင်။

            *******************

  " ကျွန်တော် ခင်ဗျားကိုချစ်တယ် "

       ကျွန်တော်ရဲ့စကားလေးတွေက တကယ်တော့ ရိုးရိုးရှင်းရှင်းလေးနဲ့ သိပ်ကိုဖြူစင်တာပါ။ ဟုတ်တယ် ကျွန်တော်ခင်ဗျားကိုချစ်တယ် ။ သို့ပေမဲ့ ဒီစကားဟာ သူ့အတွက်တော့ အရမ်းကို ပြင်းထန်တဲ့ စော်ကားမှုတစ်ခုဖြစ်ခဲ့တယ်။ ဘာတဲ့ " ကျွန်တော်က သူ့ကို စော်ကားတယ် သူ့အရှက်သိက္ခာကို နင်းချေတယ်တဲ့လား "

     ခင်ဗျားတို့သိလား အဲ့သူဆိုတာက လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကျော်က ကောင်လေးတစ်ယောက်။ သူကရိုးရိုးကောင်လေးတော့ မဟုတ်ပေပြန်ပေဘူး။ အာဏာစက်ရရှိသူ မင်းဆွေမျိုးတွေနဲ့ မကင်းသူလေ။

" ရဲရင့်မာန် _ One Shot Collection " Where stories live. Discover now