" Crying with me "

53 7 4
                                    

Crying with Me

ဒီနေ့လေးဟာဆိုလျှင်တော့ ကိုကိုရယ် ညီညီရယ်ဆိုတဲ့ သူတို့ရဲ့ နှစ်ယောက်သား ချစ်ကမ္ဘာလေးဟာ သုံးနှစ်ပြည့်တဲ့နေ့လေးပေါ့။ ကိုကိုဆိုတဲ့ ခွန်းစစ်ကိုဟာ အရင်သုံး နှစ်ခန့်က ညီညီဆိုတဲ့ ညီညီလင်းခန့်ကို လက်ထပ်ယူခဲ့တာပါ။ လက်ထပ်ယူတယ်ဆိုလို့ အရမ်းတော့ သဘောမကျနေနဲ့နော် အရမ်းကြီးလည်း အထင်မကြီးပါနဲ့ဗျ။ ဘာလို့ဆို တရားဝင်ဥပဒေမရှိသေးတဲ့ အခုလိုနိုင်ငံမှာ ကလေးခပ်ဆန်ဆန် ကွန်ပျူတာစာစီစာရိုက်ဆိုင်လေးကနေ လက်ထပ်စာချုပ်ကိုလုပ်ပြီး ကိုကို့ဘက်က သူငယ်ချင်းနှစ်ယောက်နှင့် ညီညီ့ဘက်က သူငယ်ချင်း နှစ်ယောက်တို့ အားလုံးပေါင်းမှ ခြောက်ယောက်လေးနှင့် စာချုပ်လုပ် လက်မှတ်ထိုးခဲ့တာပါ။

ဒီပွဲလေးဟာ အခြားသူတွေအတွက် အရာမရောက်တာဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ ညီညီ့အတွက်ကတော့ အကောင်းဆုံးနဲ့ အဓိပ္ပါယ်အရှိဆုံး လက်ထပ်ပွဲလေးပါ။ ကိုကိုဟာ အဲ့နေ့မှာ ညီညီ့ရဲ့ နဖူးလေးက ဝဲကျနေတဲ့ဆံကေသာတို့ကိုဖယ်ရှားရင်း ညီညီ့အား အနမ်းလေးတစ်ပွင့်ပေးခဲ့လေတော့သည်။ ပြီးတော့ အရမ်းကိုကြည်နူးသော အပြုံးတွေနဲ့ ကြည့်ကာ ညီ့ကိုပြောခဲ့သေးသည်။

" ညီညီ့ကို ကိုကိုပိုင်သွားပြီးနော် ညီညီ့က ကိုကို့ရဲ့ အိမ်သူလေးဖြစ်သွားပြီး ကိုကို့ကို ညီညီချစ်တယ်မဟုတ်လား "

" သိပ်ချစ်တာပေါ့ ကိုကိုရာ "

အလှပဆုံးသောအပြုံး အကြည်နူးဆုံးသော ပီတိတွေနှင့်အတူတူယှဥ်တွဲပြီးနေလာခဲ့တာ သုံးနှစ်တောင်ပြည့်ပြီးပေါ့။ အရင်နှစ်တွေကို ပြန်စဥ်းစားတိုင်း ညီညီ့မှာ ကြည်နူးပျော်ရွှင်ရပါသည်။ ကိုကိုဟာ ဘာမှန်းမသိပေမဲ့ တစ်ခါတစ်လေမှာတော့ ညီညီ့ကို မလိုလားသလိုဆက်ဆံတက်ပေမဲ့ ညီညီကတော့ အလုပ်တွေများပြီး စိတ်ဖိစီးတက်တဲ့ကိုကိုတော့ အပြစ်မယူရက်ပါဘူးလေ။

နှစ်ဦးသားအလည်ခရီးတွေသွား အလုပ်တွေအတူတူလုပ်ရင်း တစ်ခါတစ်လေတော့ ပြဿနာလေးတွေလည်း ရှိကြဖူးပါသည်။ ဒါတွေဟာ အိမ်ထောင်တစ်ခုအနေနဲ့ မထူးဆန်းပေမဲ့ တစ်ခါတစ်လေတော့ ညီညီ့ကဘဲ သဝန်တိုတက်လွန်းတာမို့လား မသိပေ။ ကိုကိုဟာ တစ်ခါတစ်လေမှာ သူစိမ်းလည်း အရမ်းဆန်တက်သလိုလည်း ခံစားရပြန်သည်။ အရပ်ခြောက်ပေနီးပါးရှိသော ကိုကိုဟာ တစ်ခါတစ်လေမှာ ညီညီ့ကို ကလေးတစ်ယောက်အဖွယ် ချီမပြီး စနောက်တက်သေးသည်။

" ရဲရင့်မာန် _ One Shot Collection " Where stories live. Discover now