" ဆိုင်ကယ်လေးနှင့် ချစ်သက်သေတည် " BL One Shot

52 5 2
                                    

" ဆိုင်ကယ်လေးနှင့် ချစ်သက်သေတည် "

        ဆောင်းညလေးရဲ့ အေးချမ်းမှုသည် အခြားမြို့များထက်စာရင် မြဝတီမြို့လေးကပိုတယ်ပြောခဲ့လျှင် လွန်မည်မဟုတ်ပေ။ မြဝတီမြို့၏ အအေးကဲမှုပုံစံတွေက အခြားမြို့များနှင့်မတူ နေခဲ့ဖူးသူတိုင်း မြဝတီမြို့ရဲ့အေးကဲမှုဒဏ်ကို ကြုံဖူးကြလို့ သိကြပေမည်။ ဟုတ်ပါသည် ထိုင်းမြန်မာနယ်စပ်မြို့လေးဖြစ်ပြီး ကရင်ပြည်နယ်တွင် ပါဝင်ပေမဲ့ ကရင်လူမျိုးတွေချည်း နေထိုင်သည်မဟုတ်ဘဲ လူမျိုးစုံ ၊နယ်စုံ၊ နေရာဒေသအစုံမှ လာရောက်နေထိုင် လုပ်ကိုင်စားသောက်ကြလို့လည်း လူစုံတဲ့မြို့လေးလို့လည်းပြောနိုင်သလို မြို့ခံနည်းတဲ့မြို့လို့လည်း ပြောနိုင်ပြန်သည်။

        ဒီညလေးမှာလည်း ခါတိုင်းရက်ထက်ပင် ပို၍ အေးကဲမှုက ကြီးစိုးနေပြန်သည်။ အတာတစ်ယောက် ဒီညမှာ မြို့ပြင်ဘက်အာရှလမ်းမဘက်ကို ဆိုင်ကယ်လေးစီးဖို့ ပြင်ဆင်နေသည်။ အတာသည် ထိုင်းမြန်မာကပြားလေးဖြစ်ပြီး မြဝတီမြို့မှာမွေးဖွားခဲ့သော ကောင်လေးတစ်ယောက်ပါ။ အသက်က နှစ်ဆယ်အရွယ်ရှိနေပါပြီ။ အရပ်ငါးပေခြောက်လက်မခန့်ရှိပြီး ထိုင်းသွေးရောသူမို့ ချစ်စရာကောင်းတဲ့ ကောင်လေးတစ်ယောက်ပေါ့။ ဂျင်းဘောင်းဘီကိုဝတ်ပြီး အပြင်ခံအင်္ကျီအဖြစ် တစ်နေ့က အစ်မဆီမှလက်ဆောင်ရထားသော ဂျာကင်လေးကိုဝတ်လိုက်တော့ နွေးနွေးထွေးထွေးလေးတော့ရှိသွားသည်။ ခေါင်းစွပ်လေးပါစွပ်ပြီး စီးတော် ဆိုင်ကယ်လေးကို မောင်း၍ခြေတော်တင်ခဲ့သည်။

      မြဝတီမြို့လေးသည် ညဘက်ဆိုင်ကယ်စီးရတာ သဘောကျတဲ့ မြို့လေးထဲတွင် တစ်ခုအပါအဝင်ပါ။ ထိုင်းဘက်ကနေကူညီပေးထားသော မီးအားကြောင့် မီးရောင်လေးတွေလင်းပြီး လှပနေသလို အာရှလမ်းမကြီးရဲ့ညဘက်မြင်ကွင်းနဲ့ ဆိုင်ကယ်စီးတဲ့အရသာက တော်တော်လေးကို ခံစားရကောင်းပေသည်။ လူငယ်တွေတော်တော်များများလည်း သဘောကျ၍ ညဘက်ဆိုင်ကယ်စီးရတာ အကျင့်တစ်ခုလိုဖြစ်လာကြသည်။

     အတာသည် ဆိုင်ကယ်လေးနဲ့ ထွက်လာပြီး မြို့ပြင် အာရှလမ်းမလေးနားသို့ရောက်လာခဲ့လေသည်။ သူဘေးကနေ တစ်စုံတစ်ဦးသည်လည်း ကပ်ရပ်မောင်းလာတာကိုလည်း သူခံစားသိနေရသည်။ ထိုသူသည် သူ့အနားကနေ တမင်တကာကို ကပ်မောင်းလာတာပါ။ နည်းနည်းလေး လူပါးတဲ့နေရာရောက်တော့ အရှိန်လေးလည်းလျော့တော့ သူ့က အတာဖက်ခြမ်းကို အနည်းငယ် ဆိုင်ကယ်ဦးခေါင်းကို ထိုးချတော့ အတာလည်း ဆိုင်ကယ်ကိုရှောင်ရင်းနဲ့ မတော်တဆပြုတ်ကျလေတော့သည်။

" ရဲရင့်မာန် _ One Shot Collection " Where stories live. Discover now