Part-3🌼

2.8K 278 5
                                    

LisaကJenတို့ဝိုင်းကိုစိတ်ဝင်တစားရပ်ကြည့်နေတာကြောင့် Daraလည်းဘာမှမပြောပဲကြည့်နေကာ JenကိုMinyoungက Coffeeနဲ့ပက်တော့မယ့် အချိန် LisaကJenတို့ဝိုင်းကိုရုတ်တရက်ကြီးပြေးသွားတာကြောင့် Daraလှမ်းအော်ကာတားပေမယ့်လဲ..

"Yarrr...Lalisa..."

MinyoungကCoffeeနဲ့ပက်လိုက်တဲ့အချိန်Jenမျက်စိမှိတ်လိုက်ပေမယ့် ဘာအထိအတွေ့မှ မခံစားရတာကြောင့် မျက်လုံးဖွင့်ကြည့်လိုက်တော့ Jenကိုပြုံးပီး ကြည့်ကာ

"ခလေးလေး မင်းအဆင်ပြေရဲ့လား..."(smile)

မေးနေတဲ့ Lisaကြောင့် ...Jenအံ့သြသွားကာ

"ဟင်...Yoon Jinsoo..."(whisper)

Minyoungလည်း မထင်မှတ်ပဲ စိတ်တိုကာပက်လိုက်တဲ့CoffeeတေကJenရှေ့ကို ကာလိုက်တဲ့Lisaကို ပက်မိသွားတာကြောင့်...

"ဟာ ...."

Daraကတော့ Coffeeတေစိုနေတဲ့Lisa ကိုကြည့်လိုက်ရင်း...Minyoungနဲ့Jennieကိုကြည့်ကာ...

"နင်တို့နှစ်ယောက် အတန်းပီးရင် ရုံးခန်းကိုလာခဲ့..."

"Nae...ကျောင်းအုပ်..."

Daraလည်း ရပ်ကြည့်နေတဲ့ ကျောင်းသူကျောင်းသားတေဖက်ကို လှည့်ကာ...

"မင်းတို့က ဘာရပ်ကြည့်နေကြတာလည်း အတန်းသွားတက်ကြတော့''(shout)

အော်လိုက်တာကြောင့်ကျောင်းသားကျောင်းသူတေလဲကိုယ်စီအတန်းဖက်ကို ထွက်သွားကြသလိုIreneကလည်း Jenလက်ကိုဆွဲကာ...

"ဟဲ့ သွားမယ် လာလေ နင်ကဘာရပ်လုပ်နေတာလည်း..."

ဆွဲခေါ်နေတဲ့Ireneလက်ကို Jenဖယ်ချလိုက်ပြီး ...

"နင်သွားနှင့် ငါလိုက်လာခဲ့မယ်..."

"ပီးရော ငါသွားနှင့်ပီနော်..."

"Omm..."

Daraကတော့ Coffeeတေစိုနေတဲ့ Lisaကို..

"နင်အဆင်ပြေရဲ့လား..."

"ပြေပါတယ် အရမ်းကြီးမစိုသွားပါဘူး..."

Daraကြည့်လိုက်တော့ အဖြူရောင်စွယ်တာပေါ်မှာ အကွက်လိုက်ကြီးဖြစ်နေတဲ့အစွန်းတေကိုကြည့်ရင်း...

"ဟဲ့ နင်ရူးနေလား ဒီလောက်စိုရွဲနေတာကို ရုတ်တရက်ကြီး ဘာလို့ ကာပေးလိုက်ရတာလည်း..."

🌼အချစ်ကိုသိချိန်🌼{Completed}Where stories live. Discover now