Part-24🌼

2.5K 252 36
                                    

Lisaကားလေးခြံထဲကနေထွက်သွားပီး ပျောက်ကွယ်သွားမှ Youngလည်းလွယ်အိတ်ယူကာ အချစ်တော်ပြိုင်ကားပန်းရောင်လေးကိုမောင်းပီးကျောင်းကို ထွက်လာလိုက်တယ်...

Sooလည်းမနက်စာစားပီး Jenထွက်သွားမှ Driverကြီးနဲ့ Companyကို ထွက်လာခဲ့လိုက်တယ် အိမ်ကနေထွက်ပီး လမ်းတစ်ဝက်တောင်မရောက်သေး ကားကထိုးရပ်သွားတာကြောင့် DriverကြီးကိုSooက...

"အားဂျီးရှီး ကားကဘာဖြစ်သွားတာလည်း..."

"မသိဘူး မမလေးရဲ့ ကျွန်တော် စစ်ကြည့်လိုက်အုန်းမယ်..."

"Omm...."

Driverလည်း ကားထဲကဆင်းပီး စက်ဖုံးကို ဖွင့်ကြည့်ပီး စစ်ကြည့်လိုက်တော့ ပန်ကာကြိုးပျက်နေတာကိုတွေ့ကာ နောက်ခန်းမှာထိုင်နေတဲ့ Sooကို...

"မမလေး ကားက ပန်ကာကြိုးပျက်သွားတာ..."

"ဟင် အဲ့တာဆို ဘယ်လိုလုပ်မလည်း..."

"ဝပ်ရှော့ကို ဖုန်းဆက်ပီး ကားလာယူခိုင်းမှ ရမယ်..."

Sooလည်း နာရီကို ကြည့်လိုက်တော့...

"Desginကိစ္စချိန်းထားတာကနောက်ကျလို့ မဖြစ်ဘူး ပြီးတော့ဒီနေရာက Taxiငှားဖို့လည်း အဆင်မပြေဘူး ဘယ်လိုတောင်လုပ်ရပ့...."

"ကျွန်တော့ အမှားပါ မမလေး ရယ် ကျွန်တော်ကားကို ဒီနေ့စစ်ဖို့မေ့သွားလို့ပါ..."

"ဟူး ထားပါတော့...ဖြစ်ပီးသွားပီပဲ ကားတစ်စင်းစင်းအလာကို စောင့်ပီး အကူညီတောင်းရမှာပဲလေ...."

"Nae...မမလေး..."

"အားဂျီးရှီးလည်း ဝပ်ရှော့ကို ဖုန်းလှမ်းဆက်လိုက်လေ..."

"Nae..."

Driverကြီး ဝပ်ရှော့ကိုဖုန်းဆက်နေတဲ့အချိန်Sooလည်းကားထဲကထွက်ကာ ကားတံခါးကိုမှီပီး ကားတေအလာကြည့်ကာ အကူညီတောင်းရန်ရပ်နေလိုက်တယ်...

Manobanအိမ်တော်နဲ့Kimအိမ်တော် တောင်ဖက်မြောက်ဘက်ဖြစ်သလို အိမ်တေကလည်း လူချမ်းသာတေနေတဲ့ အပိုင်းဖြစ်တာကြောင့် လူပျက်တတ်သလို Taxiလာတာလည်းရှားတတ်ပါတယ်...Youngလည်း ကျောင်းကိုသွားရင်း လမ်းဘေးမှာရပ်ပီး ကားစောင့်နေတဲ့Sooကိုလှမ်းတွေ့ကာ...

🌼အချစ်ကိုသိချိန်🌼{Completed}Where stories live. Discover now