Part-8🌼

2.5K 275 14
                                    

"ဟင်..."

Lisaအံ့သြသွားတဲ့အကြောင်းရင်းကYoon Jinsooရဲ့ ပုံကြောင့်ပါ ...ဓာတ်ပုံကိုခနထားလိုက်ပီး ကိုယ်ရေးအချက်အလက်တေကိုကြည့်လိုက်တော့ မွေးနေ့က တစ်ရက်ပဲကွာသလို မွေးတဲ့ လ ခုနှစ်တေပါတူနေပီး မူလတန်းတက်ခဲ့တဲ့ကျောင်းပါတူနေတာကြောင့် Lisaဓာတ်ပုံကိုသေချာပြန်ကြည့်ပီး...

"မျက်လုံးအကြည့် ပြုံးနေတဲ့အပြုံး .... ယုတ်စွအဆုံး ငါလည်ပင်းမှာရှိတဲ့ မှဲ့နေရာကအစ ဘာလို့ လာတူနေရတာလည်း....သူနဲ့ငါ မတူတာက ငါကမျက်မှန်တပ်ထားတာ တစ်ခုပဲ....."

Lisaလည်း ဖိုင်တွဲကိုစားပွဲတင်လိုက်ကာ....

"ဟူး ဘာလို့ အဲ့လောက်တိုက်ဆိုင်နေရတာလည်း ငါနဲ့အကြိုက်တေပါ လာတူနေတယ် အဲ့ခလေးငါ့ဆီကို စလှမ်းလာခဲ့ရင်တောင်သူ့အချစ်ဦးနဲ့ငါက ပုံစံတူနေလို့ပဲဖြစ်ရမယ်...."(smile)

Lisaလည်း Jenကိုဝင်ကူညီတဲ့အချိန်တိုင်းကJenအံ့သြပီးပြန်ကြည့်တဲ့အကြည့်ကိုပြန်တွေးမိကာ ပြုံးလိုက်မိတယ်...နာရီကြည့်လိုက်တော့ ရုံးဆင်းချိန်ရောက်နေတာကြောင့် ဖိုင်တွဲကို စားပွဲခုန်အံ့ဆွဲထဲသေချာထည့်ပီးသော့ခတ်ထားလိုက်ကာ Driverကိုလှမ်းခေါ်ပီး အိမ်ကိုပြန်လာလိုက်တယ်....အိမ်မရောက်ခင်တစ်လျှောက်လုံး Jenအကြောင်းကိုသာLisaတွေးလာမိရင်း ပြုံးနေမိတော့တယ်....

အိမ်ပြန်ရောက်တော့ Youngကဧည့်ခန်းထဲမှာTVကြည့်နေပီး ခြေထောက်ကပတ်တီးစည်းထားတာကြောင့်...LisaကLaptopအိတ်ကို စားပွဲပေါ်တင်လိုက်ကာ Youngဘေးမှာဝင်ထိုင်ရင်း...

"Youngလေး ခြေထောက်ဘာဖြစ်ထားတာလည်း ပတ်တီးကြီးနဲ့...."

Lisaကစိတ်ပူပီးမေးနေတာကြောင့် Youngပြုံးလိုက်ရင်း...

"အာ့ညီး ဘာဖြစ်ပါဘူး Unnieရဲ့ အားကစားချိန် ဘောလုံးကန်ရင်း ထိမိတာ နည်းနည်းပါ..."(smile)

ပြောလိုက်ပေမယ့်စိတ်ထဲကနေတော့Youngတစ်ယောက်Lisaကိုတောင်းပန်စကားဆိုမိသွားတော့တယ်

*ဟိုဂျပုမပြောသွားတဲ့ စကားတေကြောင့် စိတ်တိုပီးအုတ်ခုံကိုအားနဲ့ကန်လိုက်မိတာUnnieရေ မိအားနဲ Youngလိမ်လိုက်မိလို့*

🌼အချစ်ကိုသိချိန်🌼{Completed}Where stories live. Discover now