Part-52🌼

5.9K 307 63
                                    

"Operationကအောင်မြင်ပါတယ်"

လို့ Somiပြောလိုက်မှ အားလုံးကပျော်ရွှင်သွားသလို Operationခန်းဖက်ကို Jinsooပါရောက်လာတာကြောင့် JenကJinsooလက်ကိုဆွဲကာ...

"Jin...yarrr....ပါးပါး ပါးပါး...."

ပျော်ပြီးစကားစကဆက်ထွက်မလာတော့သလို Jenကငိုတော့တာကြောင့် Jinsooက...

"Jen..Jenငယ် ဘာ ဘာဖြစ်တာလည်း Lisaအခြေနေကကော..."

ထပ်မေးလိုက်တော့မှ JenကJinsooကိုကြည့်ကာ..အပျော်လွန်ရင်းမျက်ရည်တေဘူးသီးလုံးလောက်ထပ်ကျလာပြီး...

"ဟီး...ဟင့် ဟင့် ပါးပါး ပါးပါးကလေ.....ဟီး..."

ရှိုက်ကြီးတငင်ငိုတော့တာကြောင့် Jinsooလန့်သွားပြီး Sooကို...

"Soo...yarrr...Jenငယ်က ဘာလို့ အရမ်းငိုနေရတာလည်း Lisa ..Lisa Operationကရော..."

ကြည့်ပြီးမေးလိုက်တော့မှ Sooကရယ်လိုက်ကာ...

"အောင်မြင်တယ်လေ...Jinsooရဲ့..."

"ဟင် အဲ့တာကို Jenငယ်ကဘာလို့ငိုနေရတာလည်း..."

ငိုနေတဲ့Jenကိုကြည့်ပြီးမေးလိုက်တော့ Jenက..

"ဟီး ပျော် ပျော်လို့ ဆုံးရှုံးလိုက်ရပြီထင်ထားပီးမှ ပါးပါး ကJenဆီကို အန္တရာယ်ကင်းကင်းနဲ့ပြန်ရောက်လာလို့ အပျော်လွန်ပြီး ငိုမိတာ ဟီး ဟီး...."

ပြောလိုက်တော့မှ Jinsooလည်းရယ်လိုက်ကာ...

"Jenငယ်ရယ် အစောကတည်းကပြောရောပေါ့ ကိုယ်က Jenငယ်ငိုနေတော့ တမျိုးထင်သွားတာ...."

ပြောလိုက်မှ Youngကငိုနေတဲ့Jenကိုကြည့်ကာ...

"အဲ့ဂျပုမကို သွားပြောမနေနဲ့ Unnie Jinsooရေ Unnie Operationဝင်သွားကတည်းက သူ့မှာ ဂနာမငြိမ်ဖြစ်နေတာ ခုလည်းကြည့်အုန်း ငိုနေတာ မသိရင် ငါ့Unnieပဲ တစ်ခုခုဖြစ်နေသလိုလို ...."

ပြောလိုက်တော့ Jen က မျက်ရည်တေကြားက Youngကိုကြည့်ကာ...

"ဟီး နင်မှ အဲ့လို ခံစားချက်ကိုမသိတာ ပါးပါးကို ဆုံးရှုံးလိုက်ရပီထင်ထားပီးမှ ပါးပါးက ငါ့ဆီကိုပြန်လာပေးတာ ငါဘယ်လောက်ထိ ပျော်ရလည်း နင်သိလား ဟီး ဟင့်...ငါ့ Unnieခလေးမွေးတဲ့အခါကျမှ နင်စိတ်ပူပြီးတောင်လျှောက်မြောက်လျှောက် လျှောက်ကြည့် နင့်ကို သေအောင်ရိုက်ပစ်မယ် အဖောင်းကောင်ရဲ့ ဟီး...."

🌼အချစ်ကိုသိချိန်🌼{Completed}Where stories live. Discover now