Jenစာကြည့်နေတဲ့အချိန်ဖုန်းဝင်လာတာကြောင့်နံမည်ကိုကြည့်ပြီးပြုံးလိုက်ကာ Ireneကို...
"ပါးပါး ဖုန်းဆက်နေတယ်..."
"အင်း..အဲ့တာဆို.ကိုင်လိုက်လေ..."
"Hello..."
"သဲငယ် ..."
"ပြောလေ ပါးပါး။သဲငယ်အတန်းချိန်မရှိတော့ဘူး."
"ပါးပါးကအခု သဲငယ်တို့ကျောင်းကိုလာနေတာ ရောက်တော့မယ်"
"ဟုတ်လား။ဒါနဲ့ ပါးပါးကဘာလာလုပ်တာလဲ။ကျောင်းအတွက်လာတာလား"
"အာ့ညီး"
"ဟင် ကျောင်းအတွက်လာတာမဟုတ်ရင်."
"သဲငယ်ကိုတွေ့ချင်လို့။ပီးတော့သဲငယ်အတွက်ပါးပါး မုန့်တေဝယ်လာခဲ့တယ်..."
"တကယ်..."
"တကယ်ပေါ့ "
"ဟုတ်ပါပီ။အဲ့တာဆိုပါးပါးကျောင်းရောက်ရင် ဖုန်းဆက်လိုက်လေ။သဲငယ်လာခေါ်မယ် ..."
"ပါးပါး ပဲလာခဲ့မယ်လေ။သဲငယ်တို့ကျောင်းအုပ်ဆီဝင်အုန်းမှာမို့..."
"အင်းပါ။အာ့ဆိုလဲပီးရော..."
"အဲ့တာဆို ဒါပဲနော်။ပါးပါးရောက်မှ ဖုန်းဆက်မယ်..."
"Nae...ပါးပါး။သဲငယ်ဖုန်းချလိုက်ပီ..."
"ကောင်းပါပီ...."
Jenဖုန်းချလိုက်မှIreneကဖုန်းကိုကိုင်ပီးပြုံးနေတဲ့Jenကို...
"ဘာတဲ့လဲ။ နင့် ပါးပါးက..."
"ပါးပါးကအခုကျောင်းကိုလာနေတာတဲ့။ ငါ့အတွက် မုန့်တေဝယ်လာပေးတယ်"
"အမလေး..မိJenတို့ကသာယာပါတယ်နော်။ ကျောင်းထိတောင်မုန့်လာပို့ပေးတာ။အလုပ်မအားတဲ့ CEOကြီးက"
"ဟီး ပါးပါးကငါ့ကို အရမ်းချစ်တာကိုး။သူ့အလုပ်ထပ်ငါ့ကို ဦးစားပေးတယ်လေ"
"ဟုတ်ပါပီနော်။နင်သာMs.Lalisaအပေါ်တအားဆိုးမနေနဲ့ "
"အေးပါ။ငါသိပါတယ်"
နှစ်ယောက်သားပြောပီးစာပြန်ကြည့်နေလိုက်ကြတယ်။Lisaလဲကျောင်းပေါက်ဝရောက်တော့ ဂိတ်စောင့်ကLisaကားဖြစ်နေတာကြောင့်ဘာမှမမေးပဲ ကျောင်းတံခါးကိုဖွင့်ပေးကာတခါတည်းဝင်ခွင့်ပေးလိုက်တယ်။Lisaလဲကားပါကင်ရောက်တော့ Driverကြီးကိုထားခဲ့ပီးမုန့်ထုတ်တေဆွဲကာရုံးခန်းဖက်ကိုအရင်ထွက်လာလိုက်တယ်။ရုံးခန်းရောက်တော့စာမေးပွဲမေးခွန်းတေထုတ်နေတဲ့Daraကိုတွေ့ကာမဝင်ခင်Lisaကအခန်းတံခါးကိုခေါက်လိုက်ရင်း...
YOU ARE READING
🌼အချစ်ကိုသိချိန်🌼{Completed}
Romanceစချစ်ကတည်းကပြန်ချစ်ပါစေဆိုပီးချစ်ခဲ့တာမဟုတ်ပါဘူး အစားထိုးဆိုတာ ပါးသိခဲ့ပေမယ့် သဲငယ်ကိုချစ်တဲ့စိတ်နဲ့မသိချင်ယောင်ဆောင်ပေးခဲ့တယ် သဲငယ်လေး ပါးလိုနေရာရောက်ရင် ပါးလိုမခံစားရပါစေနဲ့လို့ဆုတောင်းပေးပါတယ် ဘာလို့ဆိုတော့ သေလောက်အောင်နာကျင်ရလို့.....သဲငယ်ကိုပါ...