Part-14🌼

2.4K 243 41
                                    

LisaကJenပါးဖောင်းဖောင်းလေးတေကို ခပ်ဖွဖွလေးပွတ်ကာ Jenမျက်လုံးကိုစိုက်ကြည့်ပီး ချစ်တယ်လို့ ဖွင့်ပြောလိုက်တဲ့အချိန် Jenရင်ခုန်သံတေမြန်လာတာကို သတိထားလိုက်မိပေမယ့် Lisaကခုလိုခပ်မြန်မြန်ကြီး ဖွင့်ပြောလာမယ်မထင်သလို....

"သဲငယ်ချစ်တယ်ပြောလာမယ့်အချိန်ထိ ပါးပါးစောင့်နေပါမယ်"

ဆိုတဲ့စကားကြောင့် Jenစိုးထိတ်သွားသလို သူလုပ်နေတာတေများLisaကသိနေတာလားလို့ စိတ်ပူသွားကာ အတွေးတေနဲ့ချာချာလည်နေပီး Lisaကိုသာပြန်ပီးစိုက်ကြည့်နေတာကြောင့် Lisaကပြုံးလိုက်ရင်း Jenကို...

"ဘာလည်း ပါးပါး ဖွင့်ပြောတာက မြန်နေလို့လား ဟင် ...."

Lisaကပြုံးပီးမေးနေတာကြောင့် Jenလည်းအတွေးတေကို ခေါင်းထဲကနေထုတ်လိုက်ကာ....ပြန်ပြုံးပြရင်း...

"အာ့ အာညီး မဟုတ်ပါဘူး ပါးပါးပြောလိုက်တဲ့စကားကို သဲငယ်စဥ်းစားနေမိလို့..."

"သဲငယ်ချစ်တယ်လို့ပြောမယ့်အချိန်ထိ ပါးပါးစောင့်နေပါမယ်ဆိုတဲ့ဟာလား..."

"Omm...ပါးပါးက အဲ့လိုကြီးပြောတော့သဲငယ်က ပဲ မသိရင် ပါးပါးကို ကစားဖို့ချဥ်းကပ်လာသလိုကြီးဖစ်နေတယ် ...သဲငယ်က ပါးပါးကိုတကယ်သဘောကျတဲ့ဟာကို...."

Jenကဆူပုတ်ပီး Lisaရင်ဘတ်ကို လက်ညိုးလေးနဲ့ထောက်ကာ ပြောနေတာကိုLisaသဘောကျစွာ ရယ်လိုက်ပေမယ့်....

"ဟား ဟား ဟား..."

စိတ်ထဲမှာတော့...

*မဟုတ်လို့လား သဲငယ်ရယ် မင်းဘာကြောင့်အရင် ပါးပါးဆီစပီးတိုးဝင်လာတာက မင်းရဲ့အချစ်ဦးနေရာမှာ ပုံစံတူနေတဲ့ပါးပါးကိုအစားထိုးရုံသတ်သတ်ပဲမလား မင်းရဲ့အချစ်ဦးကို ခုချိန်ထိမင်းချစ်နေတာ ပါးပါးသိထားလို့လေ*

"မရယ်နဲ့ တကယ်ပြောနေတာ သဲငယ်........ ပါးပါးကို တကယ်စိတ်ဝင်စားပီး သဘောကျတာ..."

မျက်စောင်းထိုးကာLisa ကိုပြောနေတဲ့Jenကြောင့် Lisa ကရယ်နေရာကာ ရပ်လိုက်ပီး Jenမျက်လုံးတေကိုသေချာစိုက်ကြည့်လိုက်ကာ....

"Ommပါ ဟုတ်ပါပီ သဲငယ်က ပါးပါးကို တကယ်စိတ်ဝင်စားပီး သဘောကျတယ်ဆိုတာ ပါးပါးယုံပါတယ် ဒါပေမယ့် ပါးပါးကို တစ်နေ့နေ့ ချစ်တယ်လို့တော့ သဲငယ် ပြောမှာမလားဟင်...."

🌼အချစ်ကိုသိချိန်🌼{Completed}Donde viven las historias. Descúbrelo ahora