မေတ္တာ လွန်ဆွဲပွဲ (၅)

431 40 0
                                    


"နည်းနည်းတော့ စပ်မယ်နော်
ကိုမင်း"

"ရပါတယ်.... "

ကိုမင်းကို
သိပ်မရင်းနှီးပေမဲ့
မေမြတ်....နဲ့ မျက်မှန်းတန်းမိယုံတော့သိသူဖြစ်သည်
နှုတ်ခမ်း ကွဲပြီး
ပေါက်သွားတဲ့နေရာကိုဆေးထည့်ပေးရင်း
ဖေဖေ့အစားအားနာမိသည်

"ဖေဖေ အစား မေကပဲတောင်းပန်ပါတယ်
ဘာတွေဖြစ်နေလဲမသိပေမဲ့
စိတ်တိုရင် ဖေဖေက ေဒါသကိုမထိန်းနိုင်ဘူး"

"ကို...နားလည်ပါတယ် "

"ဒါဆို ဆေးလိမ်းလို့လဲပြီးပြီဆိုတော့
ခွင့်ပြုပါအုံး...မေ့ ကို"

"ဟုတ်ကဲ့ ကျေးဇူးပါ မေ"

"လုပ်သင့်တာကို...ကျေးဇူးမလိုပါဘူးရှင်...သွားမယ်နော်"

"............"

မေမြတ်က မိသားစု နဲ့ ခင်တဲ့သူငယ်ချင်းတွေလောက်ပဲ
စကားဟက်ဟက်ပက်ပက်
ပြောတတ်သူဖြစ်သည်
အခုလဲ ယောကျာ်း လေးတစ်ယောက်နဲ့
စကားပြောရတာ အန်းတမ်းတမ်းမို့
ပြောရတာအဆင်ပြေမနေဘူး
ပြောချင်စိတ်မရှိတာဆိုပိုမှန်လိမ့်မယ်

ဖေဖေ..နဲ့ပဲ ရှင်းပါလိမ့်မယ်
အလုပ်ကိစ္စ တွေကို
ကျောင်းပျက်ထားတဲ့အတွက်
သူငယ်ချင်း ရတီတေး
ဆီက ပို့ထားတဲ့
စာတွေလေ့လာမိသည်
တစ်ဆက်တည်းပဲ
ဟိုကလေးကော အဆင်ပြေရဲ့လား
မေမြတ်ကို...သတိကောရရဲ့လားမသိ
အပေါင်းအသင်းအသစ်တွေနဲ့ပျော်နေလားကွယ်

"ဟင်း....."
"တော်လေး..ကျုပ်ကိုမေ့ရင်တော့
အပြစ်ကြီးကြီးပေးပစ်မယ်သိလား
ဒေါ်ပန်းမြတ်လီလီ ဟွန့်"

စားပွဲခုံပေါ်က လီလီနဲ့အတူတူတွဲရိုက်ထားတဲ့
ပုံလေးကိုကြည့်ပြီး...တစ်ယောက်တည်းစကားတွေပြောမိသည်

တေး...က မေ့ကိုပြောဖူးတယ်
နင်..လီလီ့ကို ချစ်တာက
ရိုးရဲ့လားတဲ့...အရမ်းဂရုစိုက်လွန်းတယ်တဲ့
ခေတ်ရဲ့သမီးပျိုဖြစ်တဲ့အတွက်
ခေတ်ရေစီးကြောင်းကို မေ နားလည်ပါတယ်......
အဲ့လိုပဲ... LGBT ဆိုတဲ့
စကားလုံး...အသိုင်းအဝန်းကိုလည်း
နားလည် ထားတယ်
အပြင်မှာလဲ စုံတွဲလေးတွေ တွေးဖူးပါရဲ့

"မေ လီလီ့ကို ညီမလေး လေးလိုချစ်တာပါလို့...တေးကိုပြန်ဖြေခဲ့တယ်"

မေတ္တာ လွန်ဆွဲပွဲWhere stories live. Discover now