မေတ္တာ လွန်ဆွဲပွဲ (၃၇)

603 55 4
                                    

ကိုအောင်မင်းခိုင်က ထသွားရင်း မမြတ်နားအရောက်ရပ်သွားပြီး။
မမြတ်နားကပ်ပြီး ဒီလူ ဘာပြောသွားတာလဲ။

🌺🌺🌺🌺🌺

"ဧည့်သည်ပြန်ရင် ပန်းချီကိစ္စဆက်ပြောမယ် မေမြတ်"

မြတ် မျက်ဝန်းအစုံ ပြူးသွားရသည်။
သို့သော် လီလီ ရှိနေ၍ ကိုယ်ဟန်အမူအရာကို ပြန်လည်ပြုပြင်ရင်း

လီလီကောက်ပြီးချထားတဲ့ စားပွဲပေါ်က စက္ကူလုံးကို အမြန် ယူထားလိုက်ရသည်။

"အဲ့တာ ဘာလဲ မမြတ်"

"ဘာမှ မဟုတ်ပါဘူး"

"ကျစ်"

ဆက်ပြောမယ် စကားတွေက မမြတ်ဖေဖေ ထွက်လာလို့ အစပျက်သွားရသည်။

"ဘယ်သူလဲလို့
လီလီလေးတောင် လူကြီးအရွယ်ရောက်နေပြီပဲကွ"

"ဦးဦး နေကောင်းရဲ့လား"

"အင်း းး လူကြီးဆိုတော့လဲ
တစ်နေ့ရွှေတစ်နေ့ငွေပါဘဲကွာ"

"ဂရုစိုက်နေပါ ။ ဦးဦးရှိမှ မမြတ်လဲ စိတ်ချမ်းသာမှာပေါ့ မမြတ်က ဦးဦးတို့
အန်တီမေမေတို့ကို သိပ်ချစ်တာလေ"

"ဒါနဲ့ အန်တီမေမေ့ကိုလဲ မတွေ့ပါလား
ဘယ်သွားလဲ"
လီလီ အမေးစကားမှာ သားအဖနှစ်ယောက်လုံး ငြိမ်ကျသွားသည်။
အန်တီမေမေ ဘာဖြစ်လို့လဲ
စိုးရိမ်မှုတို့ ကြီးစိုးလာရသည်။

"မေမေ ဆုံးတာကြာပြီ လီလီ"
ကြေကွဲ ဆို့နစ်စွာ ထွက်လာတဲ့ မမြတ်ရဲ့
စကားသံအဆုံးမှာ။

"ဟင်(╥﹏╥)"

လီလီ မမြတ်နဲ့ အဆက်အသွယ်ဖျက်ခဲ့တာ သိပ်ကြာသွားတာပဲ။
မေကြီးတို့စကားစလို့မရအောင်ကို မမြတ်မိသားစုအကြောင်းဆို အစကိုမခံခဲ့
ဆက်ဆက်ထိမခံဖြစ်ခဲ့ရသည်။
အခုတော့......
မမြတ် ဘယ်လောက်ခံစားနေရမလဲ
သူမဘဝအတွက် အရာရာဖြစ်ခဲ့တဲ့ မိဘထဲက အမေဖြစ်သူကို ဆုံးရှုံးလိုက်ရတာပါလား။ ဘယ်လောက်နာကျင်ခံစားနေရမလဲ။

ငိုင်သွားတဲ့ လီလီကို ကြည့်ချင်းအားဖြင့်
သူမအတွက် စိတ်မကောင်းဖြစ်ပြီး
ကိုယ့်ကိုယ်ကို အပြစ်တင်နေမှာ မြတ်သိနေသည်။
လီလီနားသို့ ထထိုင်ရင်း

မေတ္တာ လွန်ဆွဲပွဲWhere stories live. Discover now