မေတ္တာ လွန်ဆွဲပွဲ (၆)

418 32 0
                                    

လီလီ...တို့စာ​ေတွစသင်ပြီး
တစ်ပတ်ပြည့်မြောက်ပြီးနောက်
အိမ်ကို ဖုန်းဆက်ခွင့်ရ​ြကသည်
တစ်ကြိမ် ဆက်ဖို့...လူရွေးရာမှာ....

ကျေးဇူးမသိတတ်တဲ့ ဒီသမီးမိုက်လေးကို
ခွင့်လွှတ်ပါ ဖေကြီးနဲ့မေကြီး
လို့စိတ်ထဲကမျှော်မှန်းလို့တောင်းပန်ရင်း
မမြတ်ရဲ့...ဖုန်းနံပါတ်လေး ကို
ကောက်နှိပ်လိုက်တဲ့
ဒီသမီးချောလေး....ဟဲဟဲ

"တီ...တီ....."
ဖုန်းဝင်သံလေးက
လီလီ အတွက် ဆရာမက
ဖြေပြီးသားဘာသာအမှတ်တွေ
ပြောပြနေသလို
လီလီအလှည့်ကို
ရင်ခုန်စိတ်လှုပ်ရှားစွာ...စောင့်မျှော်နေမိပါတော့တယ်
လက်ကလည်း ဂဏာမငြိမ်ပဲ စားပွဲစွန်းလေးကိုတစ်ဒေါက်ဒေါက်ခေါက်နေမိသည်

"မမမြတ် ဖုန်းကိုင်ဖို့...အားတဲ့အချိန်ဖြစ်ပါစေဘုရား"
စောင့်ရတဲ့အချိန်ကလည်းကွာ... ကြာနေသလိုပဲ....

"ဟလို...မေမြတ်ဝါဆို ပြောနေပါတယ်ရှင်"

"............."
ဒီအသံ လေး....ကိုလွမ်းနေရတာ ငါးနှစ်လောက် ကြာနေသလိုပဲ
နွေဦးမှာ...ရွက်သစ်လေးတွေ ဖူးသစ်လာသလို
နှလုံးသား လေး...မှာလည်း အချစ်ပန်းအချစ်ဖူးလေးတွေဖူးပွင့်လို့လာပါပြီ
မမြတ်ရယ်.......

"ဟလို....ဘယ်သူလဲမသိဘူးရှင့်
ဟလို.... ,ဘာမှ လည်းမပြောဘူး
လာကြောင်နေတာလား"

ဘေးကရပ်ကြည့်ပြီး
မနေနိုင်တော့တဲ့ ဝိုင်း...ကပဲ
"ဟဲ့...လီလီ.... မတ်တပ်ကြီးသေနေတာလား....ဟိုမှာဖုန်းချတော့မယ်ပြန်ပြောလေ"

ထိုအခါမှ သတိဝင်လာသူ
လီလီတစ်ယောက်
"ဟင်...အေးပါ... ဟီး...
ဟ...ဟလို...မမမြတ်..."

"လီလီ....ဟင်... ကလေး...လီလီ လား
တော်သေးတာပေါ့...ဖုန်းချမိတော့မလို့
ဘာလို့
ဖုန်းမပြောပဲနေ နေတာလဲ
ဒီက....ဖုန်းကြောင်တွေထင်လို့....ချတော့မလို့ဟာ
ပြီးမှ...နောက်က..လီလီ လို့ခေါ်သံကြားလို့....
ဘာလဲ...ရှင်က...ကျွန်မနာမည်မေ့နေလို့လား...ကြာမှခေါ်တာလား"

"မဟုတ်ရပါဘူး မမမြတ် ရယ်
လီလီလေ...မမမြတ်ကို လွမ်းလွန်းလို့
အသံလေးကြားတာနဲ့...လူကဝမ်းသာပြီးမျောသွားလို့ပါ...."
လို့...လီ...ချွဲနွဲ့စွာပြောမိတော့
မမြတ်ရဲ့
ဆွဲဆောင်နိုင်လွန်းတဲ့
ရယ်သံလေးတွေကိုကြားရသည်..ဒါကြောင့်...ချစ်ရသူရဲ့စကားသံလေးတွေက
ဆည်းလည်းသံလေး
တွေလို
သာယာလိုက်တာ........လို့ ပြောစမှတ်ပြုကြတာပဲ...လီ လည်း မမမြတ် ရဲ့.ရယ်သံလေးနဲ့တင်...ကမ္ဘာပေါ်က ဘယ်သံဇဥ်မှ.မမမြတ်...ရယ်သံလောက်
လီလီအတွက် မသာယာနိုင်ပေ

မေတ္တာ လွန်ဆွဲပွဲWhere stories live. Discover now