မေတ္တာ လွန်ဆွဲပွဲ (၈)

401 39 0
                                    

လီလီတို့
ကျူရှင် တွေတက်ပြီး...ကျောင်းတွေတောင်ဖွင့်ခါနီးပါပြီ
တီချယ်ကြီးက...ကျောင်းမဖွင့်ခင်တော့
အိမ်ကို...၃ရက်ပြန်ခွင့်ပြုမယ်လို့
ပြောသည်

ပျော်လိုက်တဲ့ဖြစ်ခြင်း...လီလီ
မမမြတ်နဲ့တွေ့ရတော့မည်
"ဒါဒါ...သင်္ချာ စာအုပ်ခဏငှားပါအုံး"

လီလီ ရဲ့စဥ်းစားခန်းဝင်နေမှုကို
ဆက်ပိုင်ဆွေ ရဲ့စကားက
လက်ရှိကိုပြန်လည်ရောက်ရှိစေသည်
ဆက်ပိုင်ဆွေဆိုမှ.. သူက
လီလီရဲ့သူငယ်ချင်းလေးကိုချစ်နေမှန်းသိလာရသည်
ဝိုင်းနန္ဒာကို..ဒါဒါ တဲ့သူက
လီလီက..သူ့လို...စပြီးလိုက်ခေါ်ရင်
သူတစ်ယောက်ပဲခေါ်မှာဆိုပြီး
နှုတ်သီးကောင်းလျှာပါး
ရန်တွေ့တတ်သည်
သူလဲ..ခင်ဖို့ကောင်းတယ်
သူငယ်ချင်း တွေကိုမသိလိုက်မသိဘာသာ
ကူညီတတ်သေးသည်
ပြီးရင်ရုပ်တည်ကြီးနဲ့နေသည်
ဝိုင်းရှေ့ဆို ရုပ်ကစပ်ဖြဲဖြဲ

လီလီကိုလည်း..သူ ခပ်တည်တည်နေလို့မရဘူးလေ သူချစ်တဲ့ဝိုင်းက
လီလီလက်ထဲမှာမလား

"ရော့လေ"
ဝိုင်း...သူငှားတဲ့စာအုပ်ကို
ဆက်ထိုင်နေတဲ့ရှေ့က စားပွဲပေါ်တင်ပေးလိုက်သည်

"ကျေးဇူး "

လီလီကတော့ လက်ကိုမေးမှာထောက်ပြီး
ကိုအပိုင်ထိုင်ကြည့်နေမိသည်
ထိုနှစ်ယောက်ကိုပေါ့
ဆက်က...ဝိုင်းကို..ချစ်နေတာကိုတော့
ကြားထဲက...ကိုယ်က...ဝင်ပြောလို့မကောင်းဘူးမလား
ကိုင်တိုင်ပဲပြောကြပါစေ

သူတို့ ကတစ်ယောက်နဲ့တစ်ယောက်ခံစားချက်ရှိနေကြသည်
လီလီကရော....တစ်ဖက်သတ်ကြီးလား
လီလီတစ်ယောက်တည်းလေ

ဒီကြားတည်း...အလွမ်းပြေအသံလေး
ကြားရပေမဲ့...လွမ်းစိတ်ကို
မဖြေနိုင်ပေ

မမမြတ် မှာ...ချစ်ရမယ့်သူရှိနေမလား
လီလီ...မမမြတ်ကိုချစ်မြတ်နိုးနေတာကို
သိသွားရင်
လီလီကို ရွံသွားမလား
လား..ပေါင်းများစွာ နဲ့
တစ်ချို့ညတွေမှာ...သွေးပျက်မတတ်
နှလုံးသားတွေကွဲကြေနာကျင်ရပါသည်
ဆယ်ကျော်သက်...ချစ်တတ်စ
အရွယ်မှာပဲ....အချစ်က လီလီအတွက်
ကြောက်ရွံ့နာကျင်စရာတစ်ခုဖြစ်လာသည်
နှလုံးသားပန်းပွင့်လေးမပွင့်လန်းခင်မှာပဲ
နှလုံးသားကွဲပြဲ
နာကျင်စွာ....ကြေကွဲပျက်စီးနေသေးသည်
အဆိုးရွားဆုံးပါပဲ

မေတ္တာ လွန်ဆွဲပွဲWhere stories live. Discover now