မေတ္တာ လွန်ဆွဲပွဲ (၁၁)

386 30 0
                                    

ကဲ ပညာရှာဖို့ ပြန်ရအုံးမယ်
ဘော်ဒါဆောင်ကို
မနေ့ကမမမြတ်ရဲ့ ပေါင်ပေါ်မှာ ခေါင်းအုံးရင်း စကားတွေအများကြီး
ပြောဖြစ်ကြသည်
ရယ်စရာ တွေပါသလို
မမမြတ်ရဲ့ ဆုံးမသွန်သင်မှုတွေ
ကောပေါ့ ပြီးတော့
TV ကြည့်ဖြစ်သေးသည်
ကိုဟိန်း နဲ့လည်း ထုံးစံအတိုင်း ရန်ဖြစ်ပွဲ
လည်းကျင်းပခဲ့သေးသည်
ရန်ဖြစ်ပြီး မခေါ်ပဲလဲ မနေပါဘူး
လီလီတို့မောင်နှမက ချက်ချင်းပြန်တည့်တယ်...အခုတော့ ခဏနှုတ်ဆက်ရပါ
လိမ့်အုံးမည်

"မေကြီး လီလီသွားတော့မယ်နော်
မမမြတ်ကော
ကိုဟိန်း "

"အင်း သမီး ကျန်းမာရေး ဂရုစိုက်ပါ
စာကြိုးစားနော် ဒါပဲ မေကြီး မှာချင်တယ်"

"လီလီ ဂရုစိုက်နော် ကိုဟိန်း က
ဆိုပြီး အနားကပ်ရင်း တိုးတိုး လေးလာပြောသည်
"၉တန်းဖြေပြီးရင် ကိုဟိန်း အချိန်ပိုင်း
ခိုးလုပ်လို့ရထားတဲ့ ပိုက်ဆံ ရှိတယ်
ဖုန်းခိုးပြီးဝယ်ပေးမယ်ကြားလား
မေကြီး မသိစေနဲ့ "

"ယေ့.....ဒါကြောင့် ကိုဟိန်း ကို
ချစ်နေရတာ"
ဆိုပြီး ကိုဟိန်း ကိုဆွဲဖက်ထားမိသည်
မေကြီးကတော့
မျက်နှာမဲ့ပြပြီး မမမြတ်ကို
"သမီး မေ ရေ မနေ့ကမှ တွေ့ရာသင်္ချိုင်း
ဓားမဆိုင်း မောင်နှမက
အခုတော့ အချစ်ဆုံးမောင်နှမလုပ်နေလေရဲ့"

"အဟင်း...ဟုတ်ပါ့အန်တီရယ်
မေတောင် မျက်စိလည်သွားတယ်"

"မေကြီးနော် မေကြီးပဲတည့်အောင်နေဆို,လီလီတို့မောင်နှမက ရန်မဖြစ်ပဲစည်းလုံးတဲ့အချိန်တွေရှိပါတယ်"

"ဘာလဲ မဟုတ်တာခိုးလုပ်တဲ့အချိန်လား"
လို့ ဖေကြီး က ဝင်ထောက်သည်
ရှိတဲ့လူအကုန်လုံး ပွဲကျနေတော့သည်
ရယ်သံတွေက တစ်ဝိုင်းလုံးပြည့်လျှံလျက်
"ဟာ ဖေကြီး နော်"
လို့ သူ့အကိုနားက ခွာပြီး နှုတ်ခမ်းလေးဆူပြီး
အဖေဆီကိုပြောင်းပြီး ချွဲနေတဲ့လီလီက
အရမ်းချစ်ဖို့ကောင်းပါသည်

မြတ်ကလဲ
"လီလီ မဟုတ်ကဟုတ်ကတွေ မလုပ်နဲ့နော်
တစ်ခြားဟာတွေမတွေးနဲ့ စာပဲလုပ်"

"ဟုတ်ကဲ့ပါ မမမြတ်ရဲ့
လီလီ မဟုတ်တာ မလုပ်ပါဘူးနော်
ဟွန့်..... "

မေတ္တာ လွန်ဆွဲပွဲWhere stories live. Discover now