Chapter 33+34 ( Unicode )

7.3K 779 41
                                    

Chapter 33. ရှန်းရှိန်းရဲ့ငွေကိုသုံးဖို့ဝန်လေးတယ်

လမ်းညွှန်၏မထီမဲ့မြင်မျက်လုံးများကဖူ့ရှီဝိန်ကိုကြည့်နေကာသူ့ကိုယ်သူအတွက်အင်မတန်စျေးကြီးသောဝတ်စုံကိုဝယ်ရန်ပိုက်ဆံရှိသော်လည်း
သူ့အိမ်မွေးတိရစ္ဆာန်အတွက်မူပိုကောင်းသောလှောင်အိမ်လေးတစ်လုံးဝယ်ဖို့ရာတွန့်ဆုတ်နေသည်မှာထိုလှောင်အိမ်အတွက်ပိုက်ဆံအလွန်ကုန်မည့်အလား...ဟုပြောနေသယောင်

" အိမ်မွေးတိရစ္ဆာန်တွေအတွက်လှောင်အိမ်ကစျေးကြီးတယ်..မင်းရဲ့အိမ်မွေးတိရစ္ဆာန်လေးကိုအကောင်းဆုံးအရာတွေမပေးနိုင်ရင်အဲ့အကောင်လေးတွေကိုသိမ်းထားလည်းသူတို့အတွက်ကောင်းမှာမဟုတ်ဘူး "

ဖူ့ရှီဝိန်ကထိုစကားကိုကြားသော်အတန်ငယ်မျက်မှောင်ကြုတ်လိုက်ပြီးလှည့်လိုက်ရာထိုစျေးကြီးသောလှောင်အိမ်လေးကိုနှမြောတဿ
မျက်လုံးများနှင့်ကြည့်နေသောလင်းယွီကိုတွေ့လိုက်ရ၏

" လင်းယွီ.."
သူလင်းယွီအားအော်ခေါ်လိုက်သည်

" အာ..ရှန်းရှိန်း.. ဘာဖြစ်လို့လဲ "

ထိုကောင်ငယ်ကလေးကဖူ့ရှီဝိန်ဘက်သို့ကြည့်လာကာစိတ်လှုပ်ရှားစွာနှင့်ပင်
" ရှန်းရှိန်း.. ဒီလှောင်အိမ်လေးဆိုရင်ကောဘယ်လိုလဲ...စျေးကလည်းချိုတယ်..အနေအထားကလည်းကောင်းတယ်..
အထဲမှာကူရှင် ( ထိုင်ဖို့အခင်း ) တွေအများကြီးနဲ့အရွယ်အစားကလည်းကြီးတယ်...ပြီးတော့အပြင်ကနေလှမ်းထိရင်လည်းအဆင်ပြေတယ် "

လင်းယွီကထိုယွမ် ၇၀၀ ကျော်စျေးနှုန်းသာရှိသောဖန်စီယုန်လှောင်အိမ်လေးကိုကိုယူခဲ့သည်
၎င်းကစျေးအတန်အသင့်ရှိပြီးအလွန်လည်း
ကြည့်ကောင်း၏

စျေးဝယ်လမ်းညွှန်ကမူလင်းယွီကြိုက်သောထိုလှောင်အိမ်အားတစ်ချက်ကြည့်လိုက်ကာ
" တောင်းပန်ပါတယ် လူကြီးမင်း..စျေးနှုန်းကမှားနေပါတယ်...မူရင်းစျေးက ၇၀၀၀ ကျော်ပါ "

လင်းယွီက၎င်းကိုပြန်ချထားလိုက်၏

စျေးအရမ်းကြီးတယ်

ဖူ့ရှီဝိန်ကထိုလမ်းညွှန်အားအေးစက်စွာတစ်ချက်ကြည့်လိုက်ပြီးလင်းယွီအား
" ဒီတစ်ခုယူမယ် "

အချစ်ဉီးပြန်လာပြီးနောက်အစားထိုးခံကထွက်သွားတယ် ( ဘာသာပြန် )Where stories live. Discover now