Chapter 61(Uni)

8.8K 800 17
                                    

Chapter. 61. ပြန်ပေးဆွဲခြင်း

လင်းယွီအားကျယ်ဝန်းသည့်အဆောက်အဉီးကြီးတစ်ခုတွင်ခြေလက်များကိုခိုင်ခံ့သောကြိုးများဖြင့်ချည်ထားခဲ့ပြီးပါးစပ်ကိုလည်းသိပ်ဖြင့်တင်းတင်းကြပ်ကြပ်ပိတ်ထားခဲ့၏

အထက်အောက်ရွေ့လျားနိုင်သောတစ်ခုတည်းသောခန္ဓာကိုယ်အစိတ်အပိုင်းလေးကတော့သူ့မျက်လုံးနှစ်လုံးသာ...

တံခါးဝတွင်တော့ရက်စက်ကြမ်းကြုတ်ဟန်ပေါ်သောမျက်နှာထားကြီးနှင့်အမျိုးသားကြီးနှစ်ယောက်ကထိုင်နေခဲ့သည်...တစ်ဉီးမှာမျောက်တစ်ကောင်ကဲ့သို့ပိန်လှီသောသတ်လတ်ပိုင်းအမျိုးသားကြီးတစ်ယောက်ဖြစ်ပြီးကျန်တစ်ဉီးမှာတော့အနည်းငယ်ပြည့်ဟန်ပေါ်သည့်အသက်သုံးဆယ်ကျော်ခန့်အမျိုးသားကြီးဖြစ်သည်...

သူတို့ကထောင်သားများကဲ့သို့ဆံပင်များကိုလည်းခပ်တိုတိုသာထားထား၏
လင်းယွီကထိုလူနှစ်ဉီးအားစူးစမ်းနေသည်ကိုမြင်လိုက်ရတော့သတ်လတ်ပိုင်းအမျိုးသားကြီးက
" ဘာကြည့်တာလဲ "

လင်းယွီ သူ့အကြည့်များကိုပြန်လည်ရုပ်သိမ်းလိုက်သည်...ထိုပိန်ပိန်လှီလှီနှင့်သတ်လတ်ပိုင်းအမျိုးသားကြီးကပင်လင်းယွီအားစူးစူးစိုက်စိုက်နှင့်စိုက်ကြည့်ရင်း
" ဝမ်ကော...ဒီကောင်လေးရဲ့အသားအရေကတော်တော်လေးကောင်းပြီးဖြူနုနေတာပဲ "

ထိုအသက်သုံးဆယ်ကျော်လူကြီးကပိန်ပိန်လှီလှီအမျိုးသားအားရွှံရှာစက်ဆုပ်စွာကန်ကျောက်ရင်း
" ငါတို့ကဓားပြပဲတိုက်တယ် ပစ္စည်းခိုးတယ်..
ပိုက်ဆံရရင်ဘာမဆိုလုပ်ပေမယ့်လူတော့မစားဘူး..အဲ့ဒါကဒုက္ခအကြီးအကျယ်ရောက်တတ်တယ်"

ထိုပိန်လှီလှီမျောက်နှင့်တူသည့်လူကအရိုက်ခံရပါသော်လည်းလင်းယွီအားအကြိမ်ကြိမ်ကြည့်နေတုန်းပင်....ဝမ်ကောဟုဆိုသောအသက်သုံးဆယ်ကျော်
နှင့်လူကြီးကမူပြတင်းပေါက်နားတွင်မတ်တတ်ရပ်ကာမျှော်ကြည့်ရင်း
" ဒီကလေး စွန်းဖိန် ကဘာကြောင့်အခုထိပြန်မရောက်သေးတာလဲ..ထမင်းသွားဝယ်တာဒီလောက်တောင်ကြာရလား "

" မျောက်ပိန်...မင်းသွားကြည့်ကြည့် "

ထိုမျောက်ထွက်သွားပြီးနောက်..ထိုရွှံရှာဖွယ်အ
ကြည့်များကလည်းနောက်ဆုံးတွင်တော့သူ့ထံမှပျောက်ကွယ်လွတ်မြောက်သွားရလေပြီ

အချစ်ဉီးပြန်လာပြီးနောက်အစားထိုးခံကထွက်သွားတယ် ( ဘာသာပြန် )Where stories live. Discover now